Xiaomi အီးဗီဒီဇိုင်း ပေါက်ကြားမှုအတွက် ယွမ် ၁ သန်း ဒဏ်ကြေးတပ်


Xiaomi အီးဗီဒီဇိုင်း ပေါက်ကြားမှုအတွက် ယွမ် ၁ သန်း ဒဏ်ကြေးတပ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Xiaomi သည် ကုမ္ပဏီ၏ မထုတ်လုပ်ရသေးသော လျှပ်စစ်ကားဒီဇိုင်းပေါက်ကြားမှုအတွက် လျော်ကြေးနှင့် ဒဏ်ကြေးအဖြစ် Beijing Molding Technology Co. Ltd ထံမှ ယွမ် ၁ သန်း (ဒေါ်လာ ၁၄၈၀၀၀) တောင်းခံထားသည်။

ဇန်နဝါရီလ ၂၂ ရက်တွင် Beijing Molding Technology သည် မထွက်သေးသော MS11 Xiaomi Electric Car ၏ ရှေ့နှင့်နောက်ဘန်ပါဒီဇိုင်းကို မတော်တဆ ပေါက်ကြားခဲ့သည်။

အဆိုပါ ပုံများကို Beijing Molding Technology ၏ လက်ခွဲရောင်းချသူများမှ ပေါက်ကြားခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်ရပ်အတွက် တိုက်ရိုက်တာဝန်ရှိကြောင်း Beijing Molding Technology က ပြောကြားခဲ့သည်။

 
သို့သော် Beijing Molding Technology နှင့် Xiaomi Auto တို့ကြား ချုပ်ဆိုထားသည့် လျှို့ဝှက်ထားရေး သဘောတူညီချက်စာချုပ် Confidentiality Agreement အရ Beijing Molding Technology က တာဝန်ခံရမည် ဖြစ်သည်။ 
အဆိုပါစာချုပ်ပါ အချက်အရ Beijing Molding Technology က Xiaomi Auto ကို ယန်း ၁ သန်း လျော်ကြေးပေးရမည် ဖြစ်သည်။

စီအီးအို Lei Jun က Xiaomi သည် ပေါက်ကြားမှုများအတွက် လုံးဝသည်းခံမည် မဟုတ်ကြောင်းနှင့် မိတ်ဖက်များနှင့် ပေးသွင်းသူများအားလုံး လျှို့ဝှက်ထားရေးသဘောတူညီချက်ကို လိုက်နာကြမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

 

Xiaomi သည် ထိုသို့သော ပေါက်ကြားသည့် ဖြစ်ရပ်များကို လက်သင်ခံမည်မဟုတ်၊ ခွင့်လွှတ်မည်မဟုတ်၊ လိုက်နာရန် ပျက်ကွက်သူကို တင်းကျပ်စွာ ကိုင်တွယ်ဖြေရှင်းမည် ဖြစ်ပြီး စာချုပ်ပါအချက်အရ များပြားလှသော လျော်ကြေးကို ဒဏ်တပ်မည်ဖြစ်သည်။

ဒဏ်ကြေးငွေအပြင် Xiaomi သည် နောက်နောင်ထပ်မံ မဖြစ်ပွားရန်အတွက် လက်ရှိလုံခြုံရေးအစီအမံများကို အဆင့်မြှင့်တင်ရန်နှင့် ပိုမိုကောင်းမွန်စေမည့် ပြင်ဆင်မှုအစီအစဉ် အသေးစိတ် ကို တင်ပြရန် Beijing Molding Technology ကို တောင်းဆိုထားသည်။


အွန်လိုင်းတွင် ပေါက်ကြားခဲ့သည့် ပုံများ

 

Source gizmochina

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 2697 times