ထိုင်းဝန်ကြီးချုပ်က အင်ဂျင်ကား ထုတ်လုပ်မှုအတွက် ၁၀ နှစ်မှ ၁၅ နှစ်အထိ မက်လုံး အစီအစဉ် ကတိကဝတ်ပြု


ထိုင်းဝန်ကြီးချုပ်က အင်ဂျင်ကား ထုတ်လုပ်မှုအတွက် ၁၀ နှစ်မှ ၁၅ နှစ်အထိ မက်လုံး အစီအစဉ် ကတိကဝတ်ပြု

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


လျှပ်စစ်ကားများဆီသို့ ချောမွေ့စွာ ကူးပြောင်းနိုင်စေရန်အတွက် ထိုင်းအစိုးရသည် လာမည့် ၁၀ နှစ်မှ ၁၅ နှစ်အထိအတွင်း ဓာတ်ဆီအင်ဂျင်နှင့် ဒီဇယ်အင်ဂျင်တို့ အကျုံးဝင်သည့် အတွင်းလောင်ကျွမ်း‌ပေါက်ကွဲအင်ဂျင် internal combustion engine (ICE) မော်တော်ယာဉ်များ ထုတ်လုပ်မှုကို ဆက်လက် ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဝီဆင်က ဂျပန်အစိုးရကို ကတိကဝတ် ပြုပါသည်။

ပြည်ပဈေးကွက်များသို့ တင်ပို့ရန်အတွက် ၎င်းတို့၏ ကုန်ထုတ်အခြေစိုက်စခန်းကို ထိုင်းနိုင်ငံသို့  ပြောင်းရွှေ့လုပ်ကိုင်ကြသည့် ICE ကားထုတ်လုပ်သူများကို ထိုင်းအစိုးရက မက်လုံးများ ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုတွင် ဂျပန်နိုင်ငံသည် ပထမနေရာတွင် ရပ်တည်နေကြောင်း Mr Srettha က ပြောကြားသည်။

ဂျပန်ကား လုပ်ငန်းများသည် အီးဗီသို့ ကူးပြောင်းရာတွင် ခြေလှမ်းများ  အနည်းငယ် နှေးကွေးနေသောကြောင့် စီးပွားရေးရှုထောင့်မှ ကြည့်လျှင် ထိုင်း အီးဗီစျေးကွက်အပေါ် ဂျပန်ကား လုပ်ငန်းများ စိုးရိမ်ကြောင့်ကြမှုများ ရှိနေကြောင်း ၎င်းက ပြောသည်။

“ဒီဇင်ဘာလမှာ ဂျပန်နိုင်ငံကို ကျွန်တော် သွားရောက်မှာဖြစ်ပြီး ထိုင်းအစိုးရအနေနဲ့ လွန်ခဲ့တဲ့ဆယ်စုနှစ်ပေါင်းများစွာက ကူညီပေးခဲ့တဲ့ ဂျပန်အစိုးရ နှင့် ဂျပန်ရင်းနှီးမြှုပ်နှံသူတွေရဲ့ ကျေးဇူးတရားကို မေ့သွားမှာ မဟုတ်ဘူးဆိုတာ ရင်းနှီးမြုပ်နှံမှုဘုတ်အဖွဲ့ကို အလေးအနက် ပြောကြားလို့ပါတယ်”ဟု Mr Srettha က ပြောကြားသည်။

ထိုင်းနိုင်ငံတွင် အီးဗီ ထုတ်လုပ်မှုများ ပိုများလာမည် ဖြစ်သော်လည်း ထိုင်းနိုင်ငံသည် ဒေသတွင်းတွင် ထိပ်တန်းမော်တော်ကားထုတ်လုပ်သူ ဖြစ်သောကြောင့် အစိုးရအနေဖြင့်  လာမည့် ၁၀-၂၅ နှစ်အတွင်း ICE မော်တော်ယာဉ်များ ထုတ်လုပ်မှုကို ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ICE ကားလုပ်ငန်းကဏ္ဍသည် ကြီးမားသော ထောက်ပံ့ရေးကွင်းဆက် ရှိနေပြီး ယင်းစက်မှုလုပ်ငန်းကဏ္ဍကို ထိန်းသိမ်းရန် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်လျက်ရှိပါကြောင်း Mr Srettha မှ ပြောကြားသည်။

ထိုင်းနိုင်ငံအား ICE ကားများ ထုတ်လုပ်ရေး ဗဟိုအချက်အချာကျသော နေရာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် မော်တော်ကားအသင်းများနှင့် ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အစိုးရသည် ကုန်ထုတ်အခြေစိုက်စခန်းများကို ထိုင်းနိုင်ငံသို့  ရွှေ့ပြောင်းသည့် မော်တော်ယာဉ်ကဏ္ဍ စက်မှုလုပ်ငန်းများအတွက် မက်လုံးအချို့ ပေးဆောင်ရန် စီစဉ်နေသည်။

ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ Board of Investment (BOI) သည် ထိုင်းနိုင်ငံတွင် လောင်စာဆီသုံး မော်တော်ယဉ်များ ထုတ်လုပ်မှု အခြေစိုက်ရာကို ထိန်းသိမ်းထားရန် ဝန်ကြီးချုပ် Srettha Thavisin ၏ မူဝါဒကို ထောက်ကူ‌ပေးမည် ဖြစ်သည်။

BOI အထွေထွေ အတွင်းရေးမှူး Narit Therdsteerasukdi က ဘုတ်အဖွဲ့သည် ကားထုတ်လုပ်သူများ၊ မော်တော်ယာဉ် လုပ်ငန်းများနှင့် နှီးနွယ်သည့် အဖွဲ့အစည်းများနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် ဆွေးနွေးညှိနှိုင်းရန် ပြင်ဆင်နေကြောင်း ပြောကြားသည်။
ICE ကားထုတ်လုပ်သူများ၊ အီးဗီ ထုတ်လုပ်သူများ ၂ မျိုးစလုံးကို မြှင့်တင်မည် ဖြစ်သည်။

လက်ရှိတွင် ထိုင်းနိုင်ငံသည် ပြည်တွင်းရောင်းချမှုနှင့် ပြည်ပတင်ပို့မှုများအတွက် မော်တော်ကား ထုတ်လုပ်ရေး အဓိကအချက်အချာများထဲမှ တစ်ခုဖြစ်သည်။

 ထိုင်းစက်မှုလုပ်ငန်းများ အဖွဲ့ချုပ် Federation of Thai Industries (FTI) ၏ အချက်အလက်များအရ မော်တော်ကားထုတ်လုပ်မှုနှင့် တင်ပို့မှုမှာ ဆက်လက်တိုးချဲ့လျက် ရှိသည်။ 
ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ မော်တော်ယာဉ် အစီးရေ ၁,၂၂၁,၈၇၈ စီး ထုတ်လုပ်နိုင်ခဲ့သည်။ ရောင်းချရသည့် အစီးရေ ပမာဏမှာ ၅၂၄,၇၈၄ စီးဖြစ်သည်။

ယခုနှစ်ရောင်းအားကို ယမန်နှစ် နှင့် နှိုင်းယှဉ်ပါက 

▪︎ ဓာတ်ဆီ/ဒီဇယ် အင်ဂျင် Internal combustion engine (ICE) မော်တော်ယာဉ်များ
၅၂၉,၂၃၆ စီး၊ ၁၆.၄၆% လျော့ကျ 

▪︎ ဘက်ထရီသုံး လျှပ်စစ် မော်တော်ယာဉ်များ Battery electric vehicles (BEV)
၄၁,၈၄၄ စ‌ီး၊ ၈၃၇.၇၉% ပိုများ

▪︎  ပလပ်ထိုးအားသွင်း အင်ဂျင်+ ဘက်ထရီသုံး လျှပ်စစ်မော်တော်ယာဉ်များ Plug-in hybrid electric vehicles (PHEV)
၁,၅၈၅ စီး၊ ၃၉.၆၄% ပိုများ

▪︎ အင်ဂျင်ပါဝါဖြင့် အားသွင်း အင်ဂျင်+ ဘက်ထရီသုံး လျှပ်စစ်မော်တော်ယာဉ်များ Hybrid electric vehicles (HEV)
၅၂,၂၁၉ စီး၊ ၃၀.၃၁% ပိုများ

Source bangkokpost, thenationthailand 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 508 times