2018 မိုဒယ် MPV GM 8


တရုတ်နိုင်ငံအခြေစိုက် ဂျီအေစီကားကုမ္ပဏီမှ ထုတ်လုပ်သော အသစ်စက်စက် ၂၀၁၈ မိုဒယ် MPV GM 8 သည် ပြည်တွင်းတွင် ရောက်ရှိလာပြီဖြစ်ပါသည်။

GM8 GT premium edition အသစ်စက်စက်ကားအမျိုးအစားကို ကြိုတင်အော်ဒါမှာယူနိုင်ပြီး ဈေးနှုန်းမှာ အမေရိကန် ဒေါ်လာ ၇၀၀၀၀ ဝန်းကျင်ဖြစ်ပါသည်။

ဝယ်ယူသူများအနေဖြင့် ငါးနှစ် သို့မဟုတ် ကီလိုမီတာတစ်သိန်း အာမခံရရှိပါမည်ဖြစ်သည့်အပြင် free maintenance service သုံးနှစ် သို့မဟုတ် ကီလိုမီတာ ၆၀၀၀၀ ရရှိပါမည်။

CB Bank, AYA Bank များနှင့်ချိတ်ဆက်ပြီး ကားတန်ဖိုး၏ သုံးဆယ်ရာခိုင်နှုန်း သို့မဟုတ် ငါးဆယ်ရာခိုင်နှုန်း ကနဦးပေးချေပြီး တစ်နှစ်မှ သုံးနှစ်အထိ အရစ်ကျစနစ်နှင့်လည်း ဝယ်ယူနိုင်ပါသည်။

ထိုကား၏ အင်ဂျင်မှာ 2.0 L ယူရိုဖိုက်အဆင့်အင်ဂျင်အမျိုးအစားကိုအသုံးပြုထားပါသည်။

အင်ဂျင်ပါဝါ ၁၉၉၁ စီစီရှိပြီး အော်တိုဂီယာ ခြောက်ချက်ပြောင်းလဲအသုံးပြုနိုင်သည့် Trubo/ GCCS/ DCBBD အင်ဂျင်လည်းဖြစ်ပါသည်။

ရှေ့လေဝင်ပေါက်ကျယ်ဝန်းပြီး အလျားလိုက်ရှဲလ်သုံးတန်း၏ အလယ်တွင် GAC ၏ လိုဂိုတံဆိပ်တပ်ဆင်ထားပါသည်။

ရှဲလ်နှင့်လိုက်ဖက်သော ရှေ့မီးလုံးများတပ်ဆင်ထားပြီး ရှေ့မီးလုံးများသည် LED head light များဖြစ်ပြီး LED daylight မီးလုံးများလည်း ပါရှိပါသည်။

ရှေ့ရောနောက်ပါ fog light နှင်းခွဲမီးလုံးများ တပ်ဆင်ထားသည့်အတွက် မိုးသည်းထန်သောအချိန်များနှင့် မြူနှင်းထူထပ်သော အချိန်များတွင် ထွင်းဖောက်ပြီး အလင်းရောင်ပြသပေးနိုင်ပါသည်။

အတွင်းခန်း၏ အပူချိန်ကို ထိန်းချုပ်ပေးနိုင်သော အဲကွန်းစနစ်နှင့် air quality control system များ ပါရှိပါသည်။

ယာဉ်မောင်းသူများ၏ ထိုင်ခုံသည် နည်းလမ်းခြောက်မျိုးနှင့် ချိန်ညှိပေးနိုင်သောစနစ်ပါရှိပြီး ကျန်ထိုင်ခုံသည် နည်းလမ်းလေးမျိုးနှင့် ချိန်ညှိပေးနိုင်ပါသည်။

စပီကာ ရှစ်လုံးပါရှိသော အဆင့်မြင့်အသံစနစ်ပါရှိသည့်အပြင် ၁၀ လက်မ Touch Screen ပါရှိပြီး ဖျော်ဖြေရေးအစီအစဉ်များ ယာဉ်လမ်းကြောင်းပြစနစ်နှင့် သတင်းအချက်အလက်များ ရယူနိုင်ပါသည်။

Bluetooth hands free system ပါရှိသည့်အတွက် ကားမောင်းနှင်စဉ် ဖုန်းကိုင်စရာမလိုဘဲ အလွယ်တကူ ဖုန်းပြောနိုင်ပါသည်။

ကြိုးမဲ့ဖုန်းအားသွင်းနိုင်သော စနစ်ပါရှိပြီး ကားအတွင်းခန်းတွင် အရောင် ၃၂ မျိုး ချိန်ညှိပြီး အလင်းပြသပေးနိုင်ပါသည်။

တာယာလေပေါင်အခြေအနေကို စောင့်ကြည့်သတိပေးနိုင်သော Tyre Pressure Monitoring System (TPMS) စနစ် ပါရှိပါသည်။

ပါဝါနောက်ကြည့်မှန်၊ ပါဝါစတီယာရင်နှင့် ပါဝါထိုင်ခုံစနစ်ဖြစ်ပြီး ဂျီအေစီ၏ အဆင့်မြင့်လုံခြုံရေးစနစ်များနှင့် အဆင့်မြှင့်တင်ထားသည့်အတွက် လုံခြုံစိတ်ချစွာနှင့် မောင်းနှင်နိုင်ပါသည်။

 

Read 792 times