ကားမောင်းနေစဉ် လက်ထဲ ဖုန်းမကိုင်ဘဲ ဖုန်းသုံးစွဲရန် ထိုင်းအစိုးရ အကြံပေး


ကားမောင်းနေစဉ် လက်ထဲ ဖုန်းမကိုင်ဘဲ ဖုန်းသုံးစွဲရန် ထိုင်းအစိုးရ အကြံပေး

TO GET INSTANT UPDATE  
Join Telegram Channel  
https://t.me/Guid4U

ကားမောင်းနေစဉ် လက်ကိုင်ဖုန်းအသုံးပြုမှု တားမြစ်ချက်နှင့်ပတ်သက်၍ အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက အောက်တိုဘာလ ၁၄ ရက်တွင် သတိပေးခဲ့သည်။

အစိုးရ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ Tipanan Sirichana က အောက်တိုဘာ ၇ ရက်မှစတင်၍ ရဲတပ်ဖွဲ့၏ ညွှန်ကြားချက်အသစ်တွင် ကား‌မောင်းသူများသည် ယာဉ်မောင်းနှင်နေစဉ်  လက်ထဲတွင် ဖုန်းမကိုင်ထားမှသာ လက်ကိုင်ဖုန်းကို အသုံးပြုနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

Land Traffic Act ကို ပြင်ဆင်ချက်အသစ်ဖြစ်သည့် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ အမိန့်စာအရ ကားမောင်းသူများသည် ကြိုးမဲ့ဖုန်း သို့မဟုတ် ဘလူးတုသ်ကိရိယာကို အသုံးပြုပြီး လက်ထဲ ဖုန်းကို  ကိုင်ထားစရာမလိုဘဲ ဖုန်းဖြင့် စကားပြောဆိုနိုင်ကြောင်း ရှင်းပြထားပါသည်။
အကယ်၍ ဖုန်းကို ဒက်ရှ်ဘုတ်တွင် ထားရှိပါက ရှေ့လေကာမှန် မြင်ကွင်းကို ဖုန်းက ပိတ်ကာထားခြင်း ကင်းနေအောင် ထားရမည်။ 
မလိုက်နာပါက ဒဏ်ကြေး ဘတ် ၄၀၀ မှ ၁,၀၀၀ အထိ ဒဏ်ရိုက်မည်။
အသက်အန္တရာယ်နှင့် ပျက်စီးစေသော မတော်တဆမှုများ အများအပြား ဖြစ်ပွားစေသောကြောင့် ယာဉ်မောင်းနှင်နေရင် အသုံးပြုသော ယာဉ်မောင်းများအတွက် အစိုးရက စိုးရိမ်မှုများရှိကြောင်း Tipanan က ပြောကြားခဲ့သည်။

“ကားသမား‌တွေ ကိုယ်တိုင် ဘေးကင်းဖို့နဲ့ တခြားသူတွေရဲ့ ဘေးကင်းရေးအတွက် လမ်းစည်းကမ်းလိုက်နာဖို့နဲ့ ယာဉ်မတော်တဆမှုတွေ လျော့ပါးစေဖို့ ယာဉ်မောင်းတွေက ပူးပေါင်းဆောင်ရွက်‌ပေးကြဖို့ ကျွန်မ ပန်ကြားပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
Source Bangkokpost 
TO GET INSTANT UPDATE  
Join Telegram Channel  
https://t.me/Guid4U

Read 123 times