MotoGP မော်တော်ဆိုင်ကယ်ပြိုင်ပွဲ အင်ဒိုနီးရှားတွင် ပြန်ကျင်းပမည်


MotoGP မော်တော်ဆိုင်ကယ်ပြိုင်ပွဲ အင်ဒိုနီးရှားတွင် ပြန်ကျင်းပမည်


အင်ဒိုနီးရှားနိုင်ငံတွင် MotoGP မော်တော်ဆိုင်ကယ်ပြိုင်ပွဲကို ၁၉၉၆ နှင့် ၁၉၉၇ တို့တွင် ကျင်းပခဲ့ပြီးနောက် နှစ်အစိတ်နီးပါးအကြာ ယခု ၂၀၂၂ ခုနှစ်တွင် ပြန်ကျင်းပတာ ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ ‌မော်တော်ဆိုင်ကယ် စီးကြသူ များပြားပါတယ်။ လစဉ်ပျမ်းမျှ စီးရေ ၄၂၁,၀၀၀ ရောင်းအား ရှိပါတယ်။ 

အင်ဒိုနီးရှားမှ အပန်းဖြေကျွန်း Lombok မှာ တည်ရှိတဲ့ ပြိုင်ကွင်း Mandalika International Street Circuit မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။ အလျား ၄.၃ ကီလိုမီတာ ရှိပြီး ကျကျနန ပြုပြင်မွမ်းမံပေးထားပါတယ်။ ပြီးခဲ့တဲ့လ အစမ်းသုံးကြည့်တဲ့အခါ ကျောက်စကျောက်နတွေ၊ မြေမှုန်တွေ၊ အက်ရာတွေ ရှိနေလို့ မော်တော်ဆိုင်ကယ်တွေကုိ အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်တဲ့အခါ အန္တရာယ်ကြီးမားတာကြောင့် ပြေးလမ်းကို ရှင်းလင်းသုတ်သင်ပေးခဲ့ပါတယ်။ ယခုအခါ ပြိုင်ပွဲကျင်းပရန်အသင့် race-ready အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

 

 

 

Read 732 times