သုံးဘီးဆိုင်ကယ်တွေမှာ အပျက်အများဆုံး ပြဿနာများ


သုံးဘီးဆိုင်ကယ်တွေမှာ အင်ဂျင်ပါဝါကို ဖရိမ် (frame) ခေါ် ကိုထည်ပေါ်မူတည်ပြီးအင်ဂျင်ပါဝါ 100cc, 125cc, 150cc, 175cc, 200cc, 250cc, 300cc.စသည်ဖြင့် အသီးသီးရှိကြသည်။ 

ထိုအထဲမှာက 175cc အသုံးနည်းတာတွေ့ရတက်ပါသည်။ အသုံးပြုများတာကတော့ 150cc,200cc,250cc,အခုနောက်ဆုံးထွက်တာကတော့ 300ccပါ။

လက်ရှိအသုံးပြုတာအများဆုံးကတော့ 250ccပါ။ ဒီအင်ဂျင်ပါဝါမှာက နစ်မျိုးရှိပါတယ် ဘာကွာလဲဆိုတော့ သတ္ထုဘလောက်နဲ့ သံဘလောက်ဆိုပြီးနစ်မျိုးတွေ့ရပါတယ်။ သံ ဘလောက်က ပင်စတင်အိုး နည်းနည်းထွားတယ် သတ္ထုဘလောက်ထက် ကျန်တာတွေကတော့ အားလုံးတူသလောက်ပါဘဲ။ သုံးဘီးဆိုင်ကယ်
တွေမှာက အင်ဂျင်ပါဝါ 150ကစလို့ 300cc အထိ အင်ဂျင်အထောင်ပုံစံနဲ့တွေ့ရပါတယ်။

သုံးဘီးဆိုင်ကယ် ဖရိန်(frame)အသေးလေးတွေမှာတော့ ရိုးရိုးဆိုင်ကယ်တွေလိုဘဲ အင်ဂျင်ပုံဆံကအတူတူပါဘဲ။ သုံးဘီးဆိုင်ကယ်တွေမှာ အင်ဂျင်ပါဝါကြီးတဲ့အလျှောက် ပင်စတင်လည်းအကြီး ဘား တွေလည်းကြီးမယ်
ကာဗရိုက်တာလည်း ကြီးပါဆယ်။ 

သုံးဘီးဆိုင်ကယ် အင်ဂျင်အထောင်တွေမှာ တိုင်ပင်ချိန်းမပါတာကိုတွေ့ရပါတယ် ။တိုင်ပင်ချိန်းနေရာမှာ ဖူးစတော့အချောင်းလေးတွေနဲ့အပေါ်နဲ့အောက်ထိုးပြီး ဘာတွေကိုအဖွင့် အပိတ်ပြုလုပ်ပေးတဲ့ ထိုးတံစနစ်ကိုကျင့်သုံးတာတွေ့ရပါတယ်။ 

ဒီ ထိုးတံစနစ်မှာက ကင်းမရှပ်ဘု ကိုစလစ်အောက်ခြေမှာထားပြီး ဖူးစတော့ အချောင်းလေး တွေနဲ့ဘားတွေကိုု အဖွင့့််အပိတ်ပြုလုပ်ပေးပါတယ်။ထိုစနစ်ကို ထိုးတံစနစ်လို့လဲခေါ်ကြပါတယ်။

သုံးဘီးအင်ဂျင်အများစူ ကတော့ဒီထိုးတံစနစ်ကိုကျင့်သုံးတာတွေ့ရပါတယ်။ ရိုးရိုး ဘီးအမျိုးစားတွေမှာ ဒီစနစ်ကိုကျင့်
သုံးတာတွေ့ ရခဲ့ပါတယ်။

ကင်းမရှပ် မောင်းနင်တဲ့စနစ်တွေမှာ က ချိန်းစနစ် ထိုးတံစနစ် ဘတ်ကြိုး စနစ် ဂီယာချိပ်စပ် စနစ် စသဖြင့် ဘီးအလိုက်ထုတ်လုပ်တာတွေ့ရပါတယ်။အဖြစ်အများဆုံးပြဿနာတွေကတော့ ဘားတွေ ပျက်ပြီး ပင်စတင်တွေကို ထိုးခွဲခြင်း စတက်ဘောကွဲခြင်း/ချော်ခြင်း ဂီယာဘောက်ရှပ် တနည်း စပေါ့ကဒ်ရှပ်ပြုန်းခြင်း ဘတ်ဂီယာအုံထဲက ပင်နီယံကြွေခြင်း  ကလပ်ပြား ကြွေခြင်း ဘက်ထ္တရီ
အားကြခြင်း စသည်ဖြင့်အမျာဆုံးဖြစ်တက်တာတွေရပါတယ်။ကျန်တာတွေလည်း ဖြစ်ချင် ဖြစ်မှာပေါ့။အပျက် များတာတွေကိုပြောပြတာပါ။


ဘားတွေဘာကြောင့် ပျက်ရသလဲ
သုံးဘီးဘားတွေဘာကြောင့်ပျက်ရသလဲဆိုတော့ မီး အပူကြောင့်ပါ အင်ဂျင်ကြီးတဲ့အလျှောက် ပေါက်ကွဲအားကလည်း ကြီးမားပါတယ်။ ဘားနစ်ချောင်းရှိတဲ့အနက် အိတ်ဇောဘား/မီးဘား ပျက်တာများပါတယ်။

ln ဘား/ရိုက်ဘားကတော့ အပျက်နည်းပါတယ် ကျွန်တော့်အတွေ့အကြုံရ lnဘားပျက်တာမတွေ့ရသလောက်ပါဘဲ။ဘားတွေပျက်ရခြင်းကတော့ မီးစားပြီး အပျက်များပါတယ်။

စတက်ဘောချော်ခြင်း

သုံးဘီးတွေမှာ စတက်ဘောခဏ ခဏချော်တက်ကြပါတယ် စတက်ခလုပ်နိပ်ပြီးလီဗာဆွဲတဲ့အခါ သတိထားမယ်။ စတက်ခလုပ်ကို အရင်နှိပ်ပြီးမှ လီဗာကို အလိုက်သင့်ဆွဲပေးသင့်ပါတယ် ။ လီဗာအရင်ဆွဲပြီး ခလုပ်ကိုနောက်မှနှိပ်ရင်တော့ စတက်ဘောချော်ခြင်းဖြတ်တက်ပါတယ်။ ဆီနဲ့မီးကို အချိုးကျကျ ပေါက်ကွဲမှာသာ အဆင်ပြေနိူင်ပါမယ်။ နောက်တမျိုးကတော့ ကစ်နင်းအားကို အသုံးပြုနည်းစေလိုပါတယ် ကစ်နင်းခြင်းဖြင့် အင်ဂျင်မှာ ဘတ်ပြန်ရိုက်ခြင်းကြောင့် စတက်ဘောတွေ မှာ ထိခိုက်နိူင်ပါတယ်။

ကလပ်ပြားကြွေခြင်း

ကလပ်ပြား ကြွေရခြင်းကတော့ မနိူင်ဝန်ထမ်းတာများလွန်းရင် ကလပ်ပြားတွေတက်ပါတယ်။ကလပ်ကြိုး ကိုင်တွယ်မူ မကျွမ်းကျင်ရင်လည်းဖြစ်တက်ပါတယ်။ဂီယာ အပြောင်းအလဲ မလုပ်ပေးခြင်းဖြင့်လည်း ကလပ်ပြားကြွေက်တက်ပါတယ်။

ko zaw

Read 7602 times