မော်တော်ဆိုင်ကယ် အရောင်းပြခန်း မော်တော်ဆိုင်ကယ် တင်သွင်းရန် လိုက်နာရမည့်စည်းကမ်းချက်များ ထုတ်ပြန်


မော်တော်ဆိုင်ကယ် အရောင်းပြခန်း မော်တော်ဆိုင်ကယ် တင်သွင်းရန် လိုက်နာရမည့်စည်းကမ်းချက်များ ထုတ်ပြန်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

မော်တော်ဆိုင်ကယ် အရောင်းပြခန်း (Show Room) တွင် ရောင်းချရန် မော်တော်ဆိုင်ကယ် တင်သွင်းရာ၌ လိုက်နာရမည့်စည်းကမ်းချက်များကို  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက် ရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် (၆ ၁ / ၂၀၂၂) ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။

 

 


 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၁၃ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန် လိုက်သည်။

 

မော်တော်ဆိုင်ကယ် အရောင်းပြခန်း (Show Room) တွင် ရောင်းချရန် မော်တော်ဆိုင်ကယ် တင်သွင်းရာ၌ လိုက်နာရမည့်စည်းကမ်းချက်များ ထုတ်ပြန်ခြင်း

 

၁။ မော်တော်ဆိုင်ကယ်အရောင်းပြခန်း (Show Room) တွင် ရောင်းချရန် မော်တော်ဆိုင်ကယ် တင်သွင်းရာ၌ အောက်ဖော်ပြပါ စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည် -

 

(က) မော်တော်ဆိုင်ကယ် အရောင်းပြခန်း ဖွင့်လှစ်ရန် မြန်မာနိုင်ငံသားမှ ဖြစ်စေ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသား ဖက်စပ်ဆောင်ရွက်ခြင်းဖြင့်ဖြစ်စေ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီ ဖြစ်ရမည်။

 

( ခ ) တစ်ဖက်နိုင်ငံရှိ ပင်ရင်းကုမ္ပဏီမှ ဖြစ်စေဒေသဆိုင်ရာရုံး (Regional Office) မှ ဖြစ်စေ၊ မော်တော်ဆိုင်ကယ်အသစ်များ ဖြန့်ဖြူးရောင်းချရေး ကိုယ်စားလှယ် (Distributorship) သို့မဟုတ် အရောင်းကိုယ်စားလှယ် (Dealership) အဖြစ် တရားဝင် ခန့်အပ်ခြင်းခံရသည့် ကုမ္ပဏီဖြစ်ရမည်။

 

( ဂ ) လျှပ်စစ်ဆိုင်ကယ်တင်သွင်းမှုများ၌ တပ်ဆင်အသုံးပြုသည့် ဘက်ထရီ (Battery) များအပါအဝင် အရည်အသွေးပိုင်းဆိုင်ရာ အာမခံမှု၊ ရောင်းချပြီးနောက်ပိုင်း ဝန်ဆောင်မှုများ (After Sale Service) ပေးခြင်းအပိုပစ္စည်းများ (Spare Parts) ပံ့ပိုးပေးခြင်းပြုပြင်ထိန်းသိမ်းခြင်းနှင့် ဝန်ဆောင်မှုစင်တာ (Maintenance & Services Center) များ ဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်နိုင်သည့် ကုမ္ပဏီ ဖြစ်ရမည်။

 

(ဃ) မော်တော်ဆိုင်ကယ် အရောင်းပြခန်း ဖွင့်လှစ်ဆောင်ရွက်မည့် ကုမ္ပဏီသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိအမှတ်ပြုထားသည့်ဘဏ်တွင် မြန်မာငွေ ကျပ်သိန်း ၅ဝဝ ပေးသွင်းနိုင်ကြောင်း ဘဏ်အာမခံချက် (Bank Guarantee) တင်ပြရမည်။

 

( င ) မော်တော်ဆိုင်ကယ်အရောင်းပြခန်း ဖွင့်လှစ်ဆောင်ရွက်မည့် ကုမ္ပဏီများသည် ပြည်တွင်းအခွန်များဦးစီးဌာနမှ သက်ဆိုင်ရာ ဘဏ္ဍာနှစ်အတွက် လုပ်ငန်းအမျိုး အစားအလိုက် ထုတ်ပေးထားသည့် အခွန်ပေးဆောင်ပြီးကြောင်း ထောက်ခံချက် ပုံစံတင်ပြရမည်။

 

( စ ) အရောင်းပြခန်း ဖွင့်လှစ်မည့်နေရာကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အခါအားလျော်စွာ ထုတ်ပြန်သော စံနှုန်းသတ်မှတ်ချက်များနှင့် အညီ လိုက်နာဆောင်ရွက်ရမည်။

 

(ဆ) မော်တော်ဆိုင်ကယ်အရောင်းပြခန်း (ရုံးခန်း၊ ဧည့်နားနေခန်းနှင့် ရောင်းချပြီး နောက်ပိုင်းဝန်ဆောင်မှုစင်တာ (After Sale Service Center အပါအဝင်) ၏ အကျယ်အဝန်းသည် အနည်းဆုံး စတုရန်းပေ ၅၀၀၀ ရှိရမည်။

 

( ဇ ) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့များထံမှ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိရန် လုပ်ထုံးလုပ်နည်း များနှင့် အညီလျှောက်ထားရမည်။ ယင်းသို့လျှောက်ထားစဉ် ကာလအတွင်း သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ မော်တော်ဆိုင်ကယ် အရောင်း ပြခန်းဖွင့်လှစ်ခြင်းသည် မှန်ကန်ကြောင်းထောက်ခံချက်ဖြင့် ခြောက်လယာယီ ခွင့်ပြုနိုင်သည်။

 

( ဈ ) မော်တော်ဆိုင်ကယ် အရောင်းပြခန်းရုံးခွဲများအား သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖွင့်လှစ်နိုင်ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စည်ပင် သာယာရေးအဖွဲ့၏ လုပ်ငန်းလုပ်ကိုင်ခွင့်ရယူရမည်။

 

(ည) မော်တော်ဆိုင်ကယ် အရောင်းပြခန်းတွင် ရောင်းချရန် တင်သွင်းလာသည့် မော်တော်ဆိုင်ကယ်များသည် အသုံးမပြုရသေးသောအသစ် (Brand New) ဖြစ်ရမည်။

 

( ဋ ) တင်သွင်းလာမည့် မော်တော်ဆိုင်ကယ်များ၏ထုတ်လုပ်သည့်ခုနှစ် (Model Year) သည် ရောက်ရှိသည့်ခုနှစ်မှ နှစ်နှစ်အတွင်း ထုတ်လုပ်ထားသည့် မော်တော်ဆိုင်ကယ်များ ဖြစ်ရမည်။

 

( ဌ ) မော်တော်ဆိုင်ကယ်အရောင်းပြခန်းတွင် ပြသရောင်းချမည့် မော်တော်ဆိုင်ကယ် များကို တင်သွင်းရာတွင် ငွေလွှဲစာတမ်းဖြင့်ပေးချေသည့်စနစ် (Letter of Credit - LC) သို့မဟုတ် ကြေးနန်းငွေလွှဲပို့နည်းစနစ် (Telegraphic Transfer - TT) ဖြင့် တင်သွင်းနိုင်သည်။

 

( ဍ ) - မော်တော်ဆိုင်ကယ်များကို တင်သွင်းရာတွင် တင်သွင်းခွင့်ပြုသည့် လိုင်စင် သက်တမ်းကာလအတွင်း ဆိပ်ကမ်း သို့မဟုတ် သက်ဆိုင်ရာနယ်စပ် ကုန်သွယ်ရေး စခန်းအရောက် တင်သွင်းရမည်။

 

( ဎ )  မော်တော်ဆိုင်ကယ်အရောင်းပြခန်းများတွင် ရောင်းချရန်အတွက် တင်သွင်းလိုသည့် မော်တော်ဆိုင်ကယ် အရေအတွက်နှင့်စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်း ယ်ရေးဝန်ကြီးဌာနကလိုအပ်ချက်နှင့်အညီ ထုတ်ပြန်သတ်မှတ်သည့် အရေအတွက်နှင့် အမျိုးအစားများအတိုင်းသာ တင်သွင်းရမည်။

 

(ဏ) တင်သွင်းလာသော မော်တော်ဆိုင်ကယ်များကို သတ်မှတ်ထားသော အရောင်း ပြခန်းတွင်သာ ထားရှိရမည်။ ယင်းအရောင်းပြခန်းမှအပ အခြားနေရာများတွင် ပြသရောင်းချခြင်းကို ဆောင်ရွက်လိုပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ ကြိုတင်ခွင့်ပြုချက်တောင်းခံဆောင်ရွက်ရမည်။

 

(တ) မော်တော်ဆိုင်ကယ်အရောင်းပြခန်း ဖွင့်လှစ်ခွင့်ရရှိသည့် ကုမ္ပဏီသည် ခွင့်ပြု ထားသော မော်တော်ဆိုင်ကယ် တင်သွင်းခွင့်လိုင်စင်ကို အခြားသူတစ်ဦးသို့ လွှဲပြောင်းရောင်းချခြင်းမပြုရ။

 

(ထ) မော်တော်ဆိုင်ကယ်အရောင်းပြခန်းတွင်ရောင်းချရန် တင်သွင်းခဲ့သည့် မော်တော် ဆိုင်ကယ်များနှင့်စပ်လျဉ်းသည့် စာရွက်စာတမ်း၊ စာရင်းဇယား အထောက်အထား စသည်တို့ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန က ဖြစ်စေ ၊ ဝန်ကြီးဌာနက တာဝန်ပေးအပ်ထားသော အဖွဲ့အစည်းကဖြစ်စေ အခါအားလျော်စွာ ဝင်ရောက်စစ်ဆေးခြင်းကို သက်ဆိုင်ရာလုပ်ငန်းရှင်မှ ခွင့်ပြုရမည်။

 

(ဒ) အရောင်းပြခန်းလက်မှတ်၊ စီးပွားရေးအကျိုးဆောင် မှတ်ပုံတင်လက်မှတ် တို့ကို သက်တမ်းမကုန်မီ ၉ဝ ရက် ကြိုတင်၍ သက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထားနိုင်ပြီး ထိုသို့လျှောက်ထားရာတွင် ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပေးသည့် အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထားပါရှိရမည်။

 

၂။ အပိုဒ် ၁ ပါ စည်းကမ်းချက်များအား လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်။
 


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 4539 times