ထိုင်းတွင် မော်တော်ဆိုင်ကယ် ဝယ်စီးသူ ပိုများ 


ထိုင်းတွင် မော်တော်ဆိုင်ကယ် ဝယ်စီးသူ ပိုများ 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ထိုင်းဈေးကွက်တွင် မော်တော်ဆိုင်ကယ်များ ရောင်းအားတက်လာသည်။

ထိုင်းနိုင်ငံတွင် မော်တော်ဆိုင်ကယ်များနှင့် ယာဉ်မတော်တဆမှု အရေအတွက် ပုံမှန်ထက် များပြားနေသော်လည်း မော်တော်ဆိုင်ကယ် ရောင်းအားသည် ယခုနှစ် ပထမသုံးလအတွင်း အဆမတန် မြင့်တက်လာခဲ့သည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာန Department of Business Development  (DBD) မှ ညွှန်ကြားရေးမှူးချုပ် Thosapone Dansuputra က ယခုနှစ် ဇန်နဝါရီလမှ မတ်လအထိ မော်တော်ဆိုင်ကယ်ရောင်းချရမှုမှာ ၅၅၇,၈၄၃ ရှိပြီး ၎င်းကာလတွင် ရောင်းချခဲ့သော ကားစီးရေ ၅၅၇,၈၄၃ ထက် ၄.၅ ဆ များကြောင်း ပြောကြားသည်။

မော်တော်ဆိုင်ကယ်များသည် ထိန်းသိမ်းရလွယ်ကူပြီး သွားရေးလာရေး အဆင်ပြေသောကြောင့် အဝယ်လိုက်ခြင်းဖြစ်သည်ဟု Thosapone က ပြောသည်။

ထို့အပြင် ယခုအခါ မော်တော်ဆိုင်ကယ်များသည် ခရီးတာအနီးအဝေး၊ ယာဉ်ကြောအခြေအနေ၊ ခရီးသွားခြင်းနှင့် ပြိုင်ဘီးများစသဖြင့် လူအများတို့၏ လိုအပ်ချက်အမျိုးမျိုးကို ဖြည့်ဆည်းပေးနိုင်ရန် ဒီဇိုင်းအမျိုးမျိုး ထုတ်ထားကြောင်း ၎င်းက ဆိုသည်။
အချို့မှာ မော်တော်ဆိုင်ကယ် ဝါသနာအိုးများ ဖြစ်သည်။ အချို့သောလူများသည် မော်တော်ဆိုင်ကယ်များ စုဆောင်းခြင်းနှင့် ပြုပြင်မွမ်းမံခြင်းတို့ကို နှစ်သက်ကြခြင်းသည် ရောင်းအားကို မြှင့်တင်ပေးသည်ဟု ၎င်းက ဆိုသည်။
 ယခုလို မော်တော်ဆိုင်ကယ် ရေပန်းစားသဖြင့် အငှားစနစ်ဖြင့် ဝယ်ယူစေသည့် လုပ်ငန်းများလည်း အလုပ်ဖြစ်ကြသည်ဟု Thosapone က ပြောကြားသည်။

ထိုင်းနိုင်ငံတွင် လမ်း‌ေပါ်မှာ သေဆုံးမှုအများဆုံးမှာ ဆိုင်ကယ်ကြောင့်ဖြစ်ကြောင်း မော်တော်ဆိုင်ကယ် အသုံးပြုသူများသည် လမ်းပေါ်တွင် သတိထားရန်နှင့် ဦးထုပ် အမြဲဆောင်းရမည် ဖြစ်ကြောင်း Thosapone က ပြောသည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ယမန်နှစ်တွင် ယာဉ်တိုက်မှုကြောင့် သေဆုံးမှု ၁၇၃၄၇ မှုတွင် ၈၇၅၁ မှုသည် မော်တော်ဆိုင်ကယ်နှင့် ပတ်သက်နေသည်။
Source nationthailand
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 245 times