မိမိဆိုင်ကယ်ဟာ မိမိအမည်ပေါက်မဟုတ်ဘဲ ကုမ္ပဏီအမည်ပေါက်ဆိုခဲ့ရင်ဖြင့် ဝှီးတက်နဲ့ အုံနာဘုတ်တို့ကို ပို၍ပို၍ဂရုစိုက်သိမ်းဆည်းပါ။ အခန့်မသင့်လို့ပျောက်ဆုံးသွားရင်ဖြင့် အပျောက်ပြန်လျှောက်ရုံတင်မကဘဲ မိမိအမည်ပေါက်ပြန်လုပ်စေခြင်းဖြင့် အခွန်ပါထပ်ဆောင်ရပါတယ်။
ကုမ္ပဏီအမည်ပေါက် ဆိုင်ကယ်ဝှီးတက် အုံနာဘုတ်ပျောက်သွားတဲ့အခါ မိမိအမည်ပေါက် ဘယ်လိုတွေပြန်လျှောက်ရတယ်ဆိုတာ ဗဟုသုတမျှဝေပေးလိုက်ပါတယ်။
(၁) ဆိုင်ကယ်ပုံ ဓါတ်ပုံ (၄)ပုံ
(၂) ရက်ကွက်/ကျေးရွာ နေထိုင်းကြောင်းထောက်ခံစာ
(၃) အုံနာဘုတ်မိတ္ထူ
(၄) ကုမ္ပဏီကဆိုင်ကယ်ဝယ်ယူထားတဲ့စာချုပ်
(၅) မိမိမှတ်ပုံတင်မူရင်း၊ မိတ္ထူ တို့ကိုယူ၍ အခွန်ရုံးသို့သွားရောက်၍အခွန်ဆောင်ရပါမည်။
ပျဉ်းမျှကုန်ကျစရိတ်တွေက
110 ဆို (7)သောင်းကျော်
125 ဆို (8)သောင်းကျော် စသည်ဖြင့် မိမိဆိုင်ကယ်အမျိုးအစားအလိုက် အခွန်ဆောင်ရပါ့မယ်။
အခွန်ဆောင်ပြီးကာမှ ကညနမှာ ဝှီးတက်/အုံနာဘုတ်ကိုပြန်လျှောက်ယူရမှာပါ။ ဝှီးတက်ပြန်လျှောက်တာကတော့ ဘုစုခရု (၄)သောင်းဝန်ကျင်လောက်ကုန်ကျပြီး အုံနာဘုတ်ပြန်လျှောက်တာကတော့(၆)သောင်းဝန်းကျင်လောက်ကုန်ကျပါတယ်။
ဝှီးတက်မဟုတ်ဘဲ အုံနာဘုတ်ဆိုလျှင်တော့ သတင်းစာမှာလဲပျောက်ဆုံးကြောင်း ကြော်ငြာထည့်ရပါအုံးမယ်။ ကုန်ကျစရိတ်က (၂)သောင်းဝန်းကျင်ပါ။
ဒီတော့ မိမိအမည်ပေါက်မဟုတ်တဲ့ ကုမ္ပဏီအမည်ပေါက် ဆိုင်ကယ်ဝှီးတက်/ အုံနာဘုတ်ပျောက်လို့ပြန်လျှောက်တဲ့အခါ ဝှီးတက်/ အုံနာဘုတ်ပြန်လျှောက်ခအပြင် ဖော်ပြပါအခွန်ပါထပ်မံဆောင်ရမှာဖြစ်သည်ကို ကုမ္ပဏီအမည်ပေါက် ဆိုင်ကယ်အသုံးပြုသူတို့အတွက်ဖော်ပြပေးလိုက်ပါတယ်။
Credit;ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ