မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များ မှတ်ပုံတင်ပေးခြင်း စီမံချက်


မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များ မှတ်ပုံတင်ပေးခြင်း စီမံချက် 


လိုင်စင်မဲ့  (without) မော်တော်ဆိုင်ကယ်များ လိုင်စင်အသစ်လျှောက်ထားလိုပါက ယနေ့ (၁၃.၉.၂၀၂၁) မှစ၍ (၃၀.၉.၂၀၂၁) ရက်နေ့အထိ အသစ်လျှောက်ထားနိုင်ကြောင်း သိရပါသည်။
 
ယူဆောင်လာရမည့် စာရွက်စာတမ်းများ
ပိုင်ရှင်၏ နိုင်ငံသားစိစစ်ရေးကတ် မူရင်း မိတ္တူ၊
နေရပ်လိပ်စာ မှန်ကန်ရေးအတွက် အိမ်ထောင်စုစာရင်း ပုံစံ(၁၀) မူရင်း မိတ္တူ
 
မှတ်ပုံတင်ခွင့်မပြု
မှတ်ပုံတင်သက်တမ်း တစ်ဆက်တည်း(၅)နှစ်ကျော် နှစ်ပြတ် တော်ဆိုင်ကယ်များကို မှတ်ပုံတင်ခွင့်မပြုပါ။
Road Safety မဖြစ်သည့် မော်တော်ဆိုင်ကယ်များကိုမှတ်ပုံတင်ခွင့်မပြုပါ။
မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်စီးနင်းအသုံးပြုခြင်းသည် တည်ဆဲဥပ‌ေဒအား ချိုးဖောက်ခြင်း ဖြစ်သောကြောင့် နောင်တွင် မှတ်ပုံတင်မဲ့ယာဉ်အသုံးပြုပါက အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။
 
ကောက်ခံမည့် ငွေနှုန်းများ
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန 
၂၄၅၀၀ ကျပ်
 
မြန်မာ့အာမခံလုပ်ငန်း
၄၁၅၀ ကျပ်
 
မြန်မာ့စီးပွားရေးဘဏ်
၅၀၀ ကျပ်
 
အကောက်ခွန်ဦးစီးဌာန
ပျှမ်းမျှ စည်းကြပ်တန်ဖိုး (AV) အပေါ် CT 5% CD 5% တွက်ချက်ကောက်ခံပါမည်။
(ပူးတွဲပါ ဇယားတွင် ကြည့်ရှုလေ့လာနိုင်ပါသည်)
 
လိုက်နာရန် 
မိမိလုံခြုံရေးအတွက် စစ်ဆေးနေခြင်းဖြစ်ပါ၍ စစ်ဆေးမှုကို ကြည်ဖြူစွာယူပေးပါရန်။
လုံခြုံရေးနှင့် အန္တရာယ်ကင်းရှင်းရေးအတွက် ပြည်သူလူထုတို့က ပူးပေါင်းကူညီ ဆောင်ရွက် ပေးကြပါရန်။
လုပ်ငန်းဆောင်ရွက်သူများမော်တော်ဆိုင်ကယ် (၁)စီးလျှင် လူတစ်ဦးသာဝင်ရောက်ပါရန်
ပြည်သူများ သံသယကင်းရှင်းစေရန် မှတ်ပုံတင်ရန် လိုအပ်သည့်စာရွက်စာတမ်းများနှင့် အခြားလိုအပ်သည်များကို အများပြည်သူမြင်သောအိတ်များဖြင့် ယူဆောင်လာပေးပါရန်နှင့် အန္တရာယ်ဖြစ်စေနိုင်သည့်ပစ္စည်းများ ယူဆောင်လာခြင်းမပြုကြပါရန်။

 

 

 

Read 18416 times