ပြည်ပမှ တင်သွားသော မော်တော်ယာဉ်များကို ဝယ်ယူဖို့ ဝန်ထမ်းပါပစ် အပေါ်ကောက်ခံသည့် မော်တော်ယာဉ် အကောက်ခွန်နှုန်းထားများကိုဖော်ပြပေးလိုက်ပါတယ်။
အကောက်ခွန် နှုန်းထားများ
ရာထူးငယ် ဝန်ထမ်းများသည် SKD (မြန်မာပြည်တွင် တပ်ဆင်ထုတ်လုပ်သောကား) ကို ဝယ်ယူရခြင်း ဖြစ်သဖြင့် 2000 CC နှင့် အောက်ဖြစ်စေ၊ 2001 CC နှင့် အထက် ဖြစ်စေ 0 % ဖြစ်တာကြောင့် ပေးဆောင်ရန် မလိုပါ။
ရာထူးကြီး ဝန်ထမ်းများသည် ကားပါမစ်ဖြင့် ပြည်ပမှ တင်သွင်းသည် ဆိုပါက ရန်ကုန် ဆိပ်ကမ်းအရောက်တန်ဖိုးအရ စည်းကြပ်သည့် ရာခိုင်နှုန်းမှာ-
2000 CC နှင့် အောက် ၅%
2001 CC နှင့် အထက် ၁၀ %
မော်တော်ယာဉ် မှတ်ပုံတင်ခ နှုန်းထား သတ်မှတ်ပုံတွင် SKD နှင့် ပြည်ပမှ တင်သွင်းခြင်း ဟူ၍ ခွဲခြားခြင်း မရှိဘဲ အားလုံးကို တစ်ပြေးညီ ကောက်ခံသည်ဖြစ်ရာ ယာဉ်တန်ဖိုး၏ သတ်မှတ်ရာခိုင်နှုန်းကို ပေးဆောင်ရမည့် ရာခိုင်နှုန်းများမှာ -
1350 CC နှင့် အောက် ၀ %
1351 CC - 2000 CC ၅ %
2001 CC - 5000 CC ၁၀ %
5001 CC နှင့် အထက် 15 %
By Aung Win (Myanmar Automobile Guide)