၂၀၂၀ ပြည့်နှစ် ပထမနှစ်ဝက် ကားစီးရေ ၅၈၀၀ ကျော် မှတ်ပုံတင်ခဲ့


ပြည်ပမှ တင်သွင်းလာသော ကားများအနက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ကနဦးမှတ်ပုံတင် ခဲ့သည့် စီးရေသည် ၂၀၂၀ ပြည့်နှစ် ပထမနှစ်ဝက် (ဇန်နဝါရီလဆန်းမှ ဇွန်လကုန်အထိ) ကားစီးရေ ၅၈၀၀ ကျော် ရှိခဲ့သည်။ 

ယခင်နှစ် တစ်နှစ်ပတ်လုံး ပြည်ပမှ တင်သွင်းခဲ့သည့် မော်တော်ယာဉ်အမျိုးမျိုး စီးရေမှာ ၁၅,၂၂၈ စီး ဖြစ်သည်။ ယခု နှစ် ပထမနှစ်ဝက်တွင် မှတ်ပုံတင်စီးရေသည် ယခင်နှစ်ထက် လျော့နည်းနေသည်။ 

စီးပွားရေးကျဆင်းလာမှုကိုကုစားသောအားဖြင့် ပြည်ပမှ တင်သွင်းသော ကားများအပေါ် ကောက်ခံသည့် အကောက်ခွန်နှုန်းထားများ လျှော့ချပေးခဲ့သည့်အပြင် ကညနတွင် ကနဦးမှတ်ပုံတင်ခ နှုန်းထားများလည်း ထက်ဝက်လျှော့ချခဲ့သည်။ ထိုအချက်ကြောင့် ကားတင်သွင်းမှု များပြားလာမည်ဟု တပ်အပ်သေချာ မပြောနိုင်ပေ။ အကြောင်းမှာ စီးပွားရေး ကျဆင်းခြင်းကို အနည်းနှင့်အများ ရင်ဆိုင်နေကြရသောကြောင့် ဖြစ်သည်။ 

၂၀၂၀ ပြည့်နှစ်တွင် ထုတ်ပေးခဲ့သည့် ယာဉ် အက္ခရာစဉ်များမှာ 4R ၊ HH ၊ 8M ၊ 9V၊ 78 W၊ 18 U၊ 2TLR ၊ HSE တို့ ဖြစ်သည်။ 

(၁၃.၈.၂၀၂၀)ရက်နေ့ နောက်ဆုံးရောက်ရှိသည့်နံပါတ်များ

4R 8996

HH 4089

8M 8859

9V 63165

78W 56437

18U 3990

2TLR 3981

HSE 6050

 

By Myanmar Automobile Guide 

Read 539 times