မာစီဒီး ကားများ အစီး သုံးသောင်းကျော် ပြန်သိမ်း


မာစီဒီး လုပ်ငန်းစု မှ ကားအစီး သုံးသောင်းကျော် ပြန်သိမ်းရတဲ့ အဓိက ပြသနာမှာ ၎င်းကားများ ရဲ့ နေရောင်ကာ အမိုးရဲ့ အပြစ်အနာအဆာကြောင့်လို့ သိရပါတယ်။

မာစီဒီး လုပ်ငန်းစုမှ ကားအစီးရေ သုံးသောင်းတစ်ရာ ငါး စီး ပြန်သိမ်းခဲ့ရာတွင် ၎င်းကားများမှာ ဇန်နဝါရီ ၃ ရက် ၂၀၀၀ ခုနှစ်နဲ့ ဂျူလိုင်လ ၃၁ ရက် ၂၀၁၀ ခုနှစ်အတွင်း ထုတ်လုပ်တဲ့ ကားများဖြစ်တယ်လို့သိရပါတယ်။ 

နေရောင်ကာ အမိုး ပါဝင်တဲ့ ကား မော်ဒယ်များထဲတွင် C, CLK, CLS, နဲ့ E Class တို့ မှကားများမှာ အမိုးမှာ ပြသနာရှိနေလို့ ယခု အပတ်ထဲမှာ ကားစီးနင်းသူတွေ ကိုယ်တိုင်က ပြောဆိုကြလို့ သိရတာပါ။ 

ထိုအမိုးပြသနာဟာ လူတွေကို အသက်သေစေလောက်တဲ့ အမှားအယွင်းမျိုးဖြစ်ပြီး တကယ့် ဇိမ်ခံကားအမျိုးအစား ကားများမှာဖြစ်နေတဲ့ ပြသနာ မို့ ပြသနာက အင်မတန်ကြီးမားပါတယ်။ 

၎င်း နေကာ အမိုးအကာများမှာ ဖန်သားဖြင့်တွဲဆက်ပြုလုပ်ထားပြီး တချို့ ကားတွေဆို ဖန်သားနဲ့ အမိုး အသား မထိတဲ့ အတွက်ကြောင့် ကားတွေကို ပြန်သိမ်းရတာပါ။ 

အကယ်၍မတော်တဆ ဆိုတာများရှိခဲ့သော် ကားထဲရှိပါဝင်သူများသာမက လမ်းပေါ်က အခြား လမ်း အသုံးပြုသူများ ပါ အသက်ဘေး စိုးရိမ်ရပါတယ်။  

ကားပိုင်ရှင်တွေဟာ ၎င်း အချင်းအရာကို တွေ့ရှိပြီး နီးစပ်ရာ မာစီဒီးရောင်းချတဲ့ ဆိုင်တွေကို ဆက်သွယ်ကာ အကြောင်းကြားခဲ့တာဖြစ်ပြီး မာစီဒီး ကုမ္ပဏီ အား ၎င်းကားဝယ်ယူထားသူများမှ နေရောင်ကာ အမိုးများကို အခကြေးငွေ မယူပဲ ပြန်ပြင်ပေးရန် တောင်းဆိုခဲ့တာကြောင့် ကားတိုင်းနီးပါးကို ပြင်သိမ်းကာ ပြင်ပေးရမယ်သိရပါတယ်။ 

By Myanmar Automobile Guide

Ref: DailyMail 

Read 898 times