အီးဗီ ဝယ်စီးကြရန် ထိုင်းအစိုးရက အခွန်မက်လုံးများ ပြဋ္ဌာန်း


အီးဗီ ဝယ်စီးကြရန် ထိုင်းအစိုးရက အခွန်မက်လုံးများ ပြဋ္ဌာန်း

 

 ထိုင်းနိုင်ငံကို  အီးဗီ ထုတ်လုပ်မှု အဓိကအခြေစိုက်စခန်း ဖြစ်လာစေရန်အတွက် အီးဗီ ဝယ်လိုအား မြင့်တက်အောင် လျှပ်စစ်ကားများ အသုံးပြုမှု ပိုမိုများပြားလာစေမယ့်  အခွန်မက်လုံး နှစ်ခုကို ထိုင်းအစိုးရအဖွဲ့မှ အတည်ပြု ပြဋ္ဌာန်းပေးခဲ့ပါတယ်။

လျှပ်စစ်ပါဝါဖြင့်သာ မောင်းနှင်တဲ့ ကိုယ်ပိုင်ကားများအတွက် နှစ်စဉ်ဘီးခွန်ကို ၈၀% လျော့ပေါ့ ပေးပါမယ်။ 

အဆိုပါ အခွန်လျော့ပေါ့မှု ခံစားခွင့်ကို ၂၀၂၂ အောက်တိုဘာလ ၁ ရက်မှ ၂၀၂၅ စက်တင်ဘာလ ၃၀ အထိ ကာလအတွင်း ကနဦးမှတ်ပုံတင်တဲ့ အီးဗီစစ်စစ်ကားများကို ပေးအပ်ပါမယ်။ 

ထိုင်းအစိုးရက အဆိုပါ ခံစားခွင့် ကာလအတွင်း အီးဗီစစ်စစ်ကားစီးရေ ၁၂၈,၀၀၀ ကနဦး မှတ်ပုံတင်ဖို့ မျှော်မှန်းထားပါတယ်။

ထိုင်းအစိုးရက ပြည်တွင်း ထုတ်လုပ်သော ဘက်ထရီလျှပ်စစ်စွမ်းအင်သုံး အိမ်စီးကားများ၊ လူ ၁၀ ဦးအထိ တင်ဆောင်နိုင်တဲ့ ဘက်ထရီလျှပ်စစ်စွမ်းအင်သုံး ဘတ်စ်ကားများနှင့် ဘက်ထရီလျှပ်စစ်စွမ်းအင်သုံး ပစ်ကပ်ထရပ်ကားများကို ၂၀၂၅ ခုနှစ် မေလ ၃၁ ရက်နေ့အထိ အစိုးရက အခွန်ကင်းလွတ်ခွင့်ပြုပါမယ်။

စက်မှုဇုန်များမှ အခွန်မဲ့ ဧရိယာများနှင့် အခွန်မဲ့ ကုန်သွယ်မှု ဧရိယာများတွင် ပြည်တွင်းထုတ်လုပ်သည့် အီးဗီစစ်စစ်များအတွက် ဖြစ်ပါတယ်။

 "အစီအမံနှစ်ခုစလုံးက ထိုင်းနိုင်ငံအား လျှပ်စစ်ကားများအတွက် ကမ္ဘာ့အဓိကထုတ်လုပ်မှု အခြေစိုက်စခန်းတစ်ခုဖြစ်စေရန် အစိုးရရဲ့  အစပျိုးမှု တစ်စိတ်တစ်‌ေဒသ ဖြစ်ပါတယ်" လို့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်က ပြောကြားပါတယ်။

Telegram Channel https://t.me/Guid4U

Source: Bangkokpost 

#MyanmarAutomobileGuide 

Read 267 times