Model Y စီးရေ ၁ သန်းမြောက် ထုတ်လုပ်ခဲ့သည့် Giga Shanghai ကားစက်ရုံ ထူးခြားချက်များ


Model Y စီးရေ ၁ သန်းမြောက် ထုတ်လုပ်ခဲ့သည့် Giga Shanghai ကားစက်ရုံ ထူးခြားချက်များ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ရှိ Tesla ကားစက်ရုံ Giga Shanghai မှာ စီးရေ ၁ သန်းမြောက် Model Y ကို ၂၀၂၃ ဇူလိုင်လ ၁၃ ရက် ထုတ်လုပ်ခဲ့ပါသည်။ Model Y ၏ အရောင်မှာ Tesla ၏ အစဉ်အလာအတိုင်း တစ်သိန်းမြောက် တစ်သန်းမြောက် ကားအရောင်ဖြစ်သည့် အနီရောင် ဖြစ်ပါသည်။ 

Giga Shanghai ကားစက်ရုံသည် အမေရိကန် အီးဗီထုတ်လုပ်သူ Tesla ၏ အကြီးဆုံး ကားစက်ရုံ ဖြစ်ပါသည်။

တရုတ်ပြည်တွင် ပြည်ပကားကုမ္ပဏီများ ကားထုတ်လုပ်လိုပါက ပြည်တွင်းကားကုမ္ပဏီနှင့် ဖက်စပ်လုပ်ငန်း ထူထောင်ပြီး လုပ်ကိုင်ခြင်းကိုသာ ခွင့်ပြုထားရာမှ ဖြေလျော့ပေးပြီး ပြည်ပကုမ္ပဏီ ရာနှုန်းပြည့် ပိုင်ဆိုင်မှု ခွင့်ပြုခဲ့ပြီးသည့် နောက်မှာ Giga Shanghai သည် ပထမဆုံး ပြည်ပလုပ်ငန်း ရာနှုန်းပြည့် ပိုင်ဆိုင်သည့် ကားစက်ရုံ ဖြစ်ပါသည်။ 

Giga Shanghai ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၇ ရက်တွင် ပန္နက်ချခဲ့ပြီး ၂၀၁၉ ခုနှစ် နှစ်ကုန်တွင် လုပ်ငန်း စတင်လည်ပတ်ခဲ့သည်။

Giga Shanghai သည်  ၂၀၂၀ ဇန်နဝါရီတွင် Model 3 sedans ကို ပြည်တွင်းမှ ဝယ်ယူသူများထံ စတင် ပေးပို့ခဲ့သည်။
၂၀၂၁ ဇန်နဝါရီတွင် Model Y crossovers ကို ပြည်တွင်းမှ ဝယ်ယူသူများထံ စတင် ပေးပို့ခဲ့သည်။

Giga Shanghai သည် စတင်လည်ပတ်ခဲ့ပြီး ၃ နှစ် မပြည့်ခင် ၂၀၂၂ ဩဂုတ်လတွင် စီးရေ ၁ သန်းမြောက်ကို ထုတ်လုပ်ခဲ့သည်။

ထုတ်လုပ်နိုင်စွမ်း အဆင့်မြှင့်တင်ပေးခဲ့ပြီး ယခုအခါ တစ်နှစ်လျှင် စီးရေ ၁ သန်းကျော် ထုတ်လုပ်နိုင်သည်။ Tesla ၏ အကြီးဆုံး ကားစက်ရုံ အဖြစ်သို့ ရောက်ရှိသည်။ 

 

တရုတ်ပြည်တွင်းအတွက်သာမက ပြည်ပသို့လည်း တင်ပို့သည်။ ၂၀၂၃ ဇွန်လတွင် တရုတ်ပြည်တွင် ပြုလုပ်သည် Made in China MIC Tesla ၉၃,၆၈၀ စီး ရောင်းချခဲ့ရာ၌ ပြည်တွင်းမှာ ၇၄,၂၁၂ စီး ရောင်းချခဲ့ပြီး ပြည်ပသို့ ၁၉,၄၆၈ စီး တင်ပို့ခဲ့သည်။

Tesla ရောင်းချသည့် ကားစီးရေ စုစုပေါင်း၏ ၅၃% သည် Giga Shanghai မှ ထုတ်လုပ်သည့် ကားများ ဖြစ်သည်။

တရုတ်ပြည်တွင်  ယေဘုယျအားဖြင့် ပိုမိုကျယ်ဝန်းသော crossover များကို နှစ်သက်ကြသည့်အလျောက် Model Y ရောင်းအားသည်  Model 3 ထက် သာသည်။
Giga Shanghai မှ ထုတ်လုပ်သော Model Y သည် တရုတ်ပြည်တွင်း ကားအသစ်ဈေးကွက်တွင် စတင်ထုတ်လုပ်သည့် ၂၀၂၁ ဇန်နဝါရီမှစ၍ အရောင်းရဆုံးကားမော်ဒယ် ထိပ်တန်း (၁၀)တွင် လစဉ် ပါဝင်ခဲ့သည်မှာ ယခုအထိ ဖြစ်သည်။
Model Y သည် တရုတ်ပြည်၏ အရောင်းရဆုံး SUV မော်ဒယ်အဖြစ် ရပ်တည်နေသည်။

 

Giga Shanghai သည် Highland ဟု အမည်ပေးထားသော စီမံကိန်းဖြင့် Model 3 ဗားရှင်းအသစ် ထုတ်လုပ်ရန် ပြင်ဆင်နေသည်။ စက်တင်ဘာလတွင် စတင်ထုတ်လုပ်မည်။

Model Y ဗားရှင်းအသစ်ကို ထုတ်လုပ်ရန် Project Juniper ဟု အမည်ပေးထားသော စီမံကိန်းဖြင့် လုပ်ဆောင်လျက် ရှိသည်။ အစောဆုံးအနေဖြင့် ၂၀၂၄ နှစ်ဆန်းပိုင်းတွင် စတင်ထုတ်လုပ်မည်။
Source cnevpost.
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 470 times