Mitsubishi Myanmar မှ ကားအမျိုးအစား လေးမျိုးကို Myanmar New Year Eve Promotion အစီအစဉ်ဖြင့် ရောင်းချ


Myanmar New Year Eve Promotion အစီအစဉ်ဖြင့် ဧပြီလကုန်အထိ Mitsubishi ASX ၊ Mitsubishi Attrage ၊ Mitsubishi L200 Double Cab နှင့် Mitsubishi L200 Single Cab တို့ကို အထူးဈေးနှုန်းများဖြင့် ရောင်းချမည် ဖြစ်သည်။

Mitsubishi ASX သည် 2.0L16-Valve Inline-4 DOHC MIVEC အင်ဂျင်တပ်ဆင်ထားသော ငါးယောက်စီး SUV ကားအမျိုးအစားဖြစ်သည်။ Mitsubishi Attrage သည် 1.2L 12 Valve 3-Cylinder DOHC MIVEC အင်ဂျင်တပ်ဆင်ထားသော ငါးယောက်စီး Saloon ကားအမျိုးအစား ဖြစ်သည်။

Mitsubishi L200 Double Cab နှင့် Mitsubishi L200 Single Cab တို့သည် 2.5L16-Valve DOHC Common Rail Di-D High Power Engine တပ်ဆင်ထားသော လုပ်ငန်းသုံးကားများ ဖြစ်သည်။

ဧပြီလအတွင်း Mitsubishi ကားဝယ်ယူသူများကို Myanmar New Year Eve Promotion စီအစဉ်ဖြင့် Mitsubishi ASX အမေ ရိကန်ဒေါ်လာ ၃၉,၉၀၀၊ Mitsubishi Attrage GLS Sport Edition ကို ကျပ် ၃၀၂ သိန်း၊ Mitsubishi Attrage GLS ကို ကျပ် ၂၈၉ သိန်း၊ Mitsubishi Attrage GLX ကို ကျပ် ၂၄၉ သိန်း၊ Mitsubishi L200 Double Cab Auto ကို အမေရိကန်ဒေါ်လာ ၃၉,၉၀၀၊ Mitsubishi L200 Double Cab Manual ကို ကျပ်သိန်း ၄၉၀ နှင့် Mitsubishi L200 Single Cab ကို ကျပ်သိန်း ၂၉၀ တို့ဖြင့် ရောင်းချ ပေးမည်ဖြစ်ကြောင်း သိရသည်။

Read 738 times