Mitsubishi Motors Myanmar ၏ ဒုတိယမြောက်ကားအရောင်ပြခန်းအဖြစ် Mitsubishi Royal Showroom ဖွင့်လှစ်


ရန်ကုန်မြို့တွင် Mitsubishi Motors Myanmar ၏ ဒုတိယမြောက်ကားအရောင်ပြခန်းအဖြစ် Mitsubishi Royal Showroom ကို မတ် ၃ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရပါသည်။

Mitsubishi Royal ကားအရောင်းပြခန်းတွင် ASX၊ L200၊ Pajero၊ Pajero Sport၊ Mirage စသည့် Mitsubishi Brand New ကားသစ်များကို လက်ငင်းစနစ်ဖြင့် ရောင်းချပေးနေသကဲ့သို့ ကနဦး ၃၀ ရာခိုင်နှုန်း ငွေချေပြီး ငါးနှစ်အထိ အရစ်ကျစနစ်ဖြင့်လည်း ဝယ်ယူနိုင်ကြောင်း သိရပါသည်။

Royal ကားအရောင်းပြခန်းသည် Mitsubishi Motors Myanmar ၏ ရန်ကုန်မြို့တွင် ဖွင့်လှစ်သော ဒုတိယမြောက် ကားအရောင်းပြခန်း ဖြစ်ပြီး မန္တလေး၊ နေပြည်တော်၊ မြိတ်မြို့များတွင်လည်း အရောင်းပြခန်းများ ဖွင့်လှစ်၍ ရောင်းချပေးနေကြောင်း သိရပါသည်။

Mitsubishi Motors က ဂျပန်နိုင်ငံတွင် ဝါရင့်ကားထုတ်လုပ်ရေးအင်အားစုဖြစ်သကဲ့သို့ နှစ်ပေါင်းတစ်ရာကျော် အတွေ့အကြုံရှိသော အမွေအနှစ်များနှင့် ဆန်းသစ်တီထွင်မှုများကို ပိုင်ဆိုင်ထားသော ဖြစ်ပါသည်။

ရန်ကုန်မြို့၏ မော်တော်ယာဉ်သုံးစွဲသူများကို ဝေမျှခွင့်ရသည့်အတွက် ဝမ်းသာမိပါကြောင်း Mitsubishi Royal မန်နေဂျင်ဒါရိုက်တာ မှ ပြောကြားခဲ့ပါသည်။

အရောင်းပြခန်းအသစ် ဖွင့်ပွဲတွင် Pajero Sport၊ ASX၊ L200 ကားတစ်စီးဝယ်ယူသူတိုင်းကို iPhone X တစ်လုံး လက်ဆောင်ပေးခဲ့သကဲ့သို့ မတ် ၃ ရက်မှ ဧပြီ ၂ ရက်အတွင်း ဝယ်ယူသူများကိုလည်း ကားတန်ဖိုးမှ အမေရိကန် ဒေါ်လာ ငါးရာလျှော့ပေးမည်ဖြစ်ပြီး Mitsubishi Royal Showroom ကို အမှတ် ၅၄(ခ)၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဗဟန်းမြို့နယ်တွင် ဖွင့်လှစ်ခဲ့ကြောင်းသိရပါသည်။

Mitsubishi Motors Myanmar မှ Mitsubishi ASX ကို အမေရိကန်ဒေါ်လာ ၄၆၉၀၀၊ Mitsubishi Pajero Sport ကို အမေရိကန်ဒေါ်လာ ၇၉၉၀၀၊ Mitsubishi Mirage ကို အမေရိကန်ဒေါ်လာ ၁၉၅၀၀၊ Mitsubishi L200 ကို အမေရိကန် ဒေါ်လာ ၃၉၉၀၀ ဖြင့် ရောင်းချပေးနေကြောင်း သိရပါသည်။

Read 2235 times