တကျော့ပြန် မစ်ဆူဘီရှီ ပါဂျဲရိုး


တကျော့ပြန် မစ်ဆူဘီရှီ ပါဂျဲရိုး

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

တကျော့ပြန် မစ်ဆူဘီရှီ ပါဂျဲရိုး မျိုးဆက်သစ်ကို ပရီမီယံ SUV  အဖြစ် ထုတ်လုပ်မှာဖြစ်ပြီး  Outlander  PHEV  အတွက် အသုံးပြုတဲ့ ပလက်ဖောင်းပေါ်မှာ တည်ဆောက်မှာ ဖြစ်တယ်လို့ ဂျပန် မဂ္ဂဇင်း Best Car မှာ ဖော်ပြထားပါတယ်။   အသုံးပြုမည့် ပလက်ဖောင်းက လက်ရှိသုံးနေတဲ့ ပလက်ဖောင်း မဟုတ်ဘဲ မျိုးဆက်သစ် ပလက်ဖောင်း ဖြစ်မယ်လို့ ဆိုပါတယ်။

 

 

image credit: BestCarWeb.jp

 

Pajero  မော်ဒယ်အသစ် စတင်ထုတ်လုပ်ဖို့ ၂၀၂၇ ခုနှစ်ကို ရည်မှန်းထားပါတယ်။ 

လမ်းကြမ်းမောင်းတဲ့ကားအဖြစ် ထုတ်လုပ်မှာ ဖြစ်ပေမယ့် ပလပ်ထိုးအားသွင်း ဟိုက်ဘရစ် အမျိုးအစားဖြင့် ထုတ်လုပ်မှာ ဖြစ်ပါတယ်။ 

ပါဂျဲရိုးကို မော်ဒယ် အမျိုးအစား ၅ မျိုးဖြင့် ထုတ်လုပ်ခဲ့ပါတယ်။

● အရွယ်အစားအပြည့် Pajero SUV

● အရွယ်အစား အလယ်အလတ် Pajero Sport

● အရွယ်အစား ငယ်တဲ့ Pajero iO

● အရွယ်အစား ပိုငယ်တဲ့ Pajero Mini

● အရွယ်အစား အလယ်အလတ် Pajero Junior 

တို့ ဖြစ်ပါတယ်။

 

Source BestCar


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read 3061 times