Mitsubishi New ASX 2018 ကားသစ်ကို မန္တလေးတွင် အရစ်ကျရောင်းချပေးမည်


နာမည်ကျော်ဂျပန်အမှတ်တံဆိပ်ဖြစ်သော  Mitsubishi ၏ ၂၀၁၈ မိုဒယ် New ASX  ကားအမျိုးအစားသစ်ကို မန္တလေးမြို့ခံများအတွက် အဆင်ပြေစေရန် လက်ငင်းစနစ်အပြင် အနည်းဆုံးတစ်နှစ်မှ လေးနှစ်အထိ အရစ်ကျစနစ်ဖြင့်သာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Mitsubishi ၏ ၂၀၁၈ မိုဒယ်ကို မန္တလေးက ၀ယ်သူများအတွက် ရိုးမဘဏ်နှင့်ချိတ်ဆက်ထားသည်။

မည်သူမဆိုသက်ဆိုင်ရာ အထောက်အထားများ ပြည့်စုံပါက အနည်းဆုံးတစ်နှစ်မှ လေးနှစ်အထိစိတ်ကြိုက်ဝယ်ယူလို့ရနိုင်ပါသည် ဟု Mandalay Mitsubishi Motor’s Operation Manager ကပြောကြားသည်။

၂၀၁၈ မိုဒယ် Mitsubishi ASX အမျိုးအစားကို မြန်မာနိုင်ငံနှင့် ကိုက်ညီရန် အထူးထုတ်လုပ်ထားပြီး Suspension နှင့် Fuel System တို့ကြောင့် လူကြိုက်များနိုင်မည်ဟု ခန့်မှန်းထားကာ ဘယ်မောင်းစနစ်ဖြင့် ထုတ်လုပ်ပေးထားကြောင်း၊ ထို့ပြင် 2.0CC ရှိအင်ဂျင်ကိုလည်း မြန်မာနို်င်ငံဆီအရည်အသွေးနှင့် ဆီစားနှုန်းသက်သာအောင် ထုတ်လုပ်ပေးထားပြီး Mitsubishi ၏ နာမည်ကျော် Dynamic Shield Concept ဒီဇိုင်းဖြင့် ထပ်မံအဆင့်မြင့်ထုတ်လုပ်ထားကြောင်း MM Car Myanmar Limited မှ သိရသည်။

Mitsubishi New ASX ကို  သုံးနှစ် သို့မဟုတ် ကီလိုတစ်သိန်း အာမခံပေးထားပြီး အမေရိကန်ဒေါ်လာ ၄၆,၉၀၀ ဖြင့် ရောင်းချပေးမည်ဖြစ်သည်။

Mitsubishi ASX သည် ယခင်က ဂျပန်စျေးကွက်တွင် RVR ဟုလူသိများကာ ၂၀၁၀ ပြည့်နှစ်တွင်အစီးရေ ၁၁ သိန်းကျော်ထုတ်လုပ်ရောင်းချခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံနှင့် ကိုက်ညီမည့် New ASX ကို အထက်မြန်မာပြည်စျေးကွက်အတွက် စတင်မိတ်ဆက်ခြင််းလည်း ဖြစ်သည်။

Read 1714 times