အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်မည့် Mitsubishi Mir-Age 2017


၂၀၁၇ မော်ဒယ်အသစ်စက်စက် မစ်ဆူဘီရှီမိုင်းရိန့်ချ်ကားအမျိုးအစားဟာအင်ဂျင် သေးငယ်သလောက် စွမ်းရည်မြင့်မားသည့် ခေတ်သစ် နည်းပညာနဲ့ ထုတ်လုပ်ထားတာဖြစ်သည်။

အဆွဲအရုန်းကောင်းတာကို နှစ်သက်တဲ့ လူငယ်တွေက sport type ပုံစံပြင်ဆင်ပြီးမောင်းနှင်ကြတာများပါသည်။

၂၀၁၇ မော်ဒယ် Mitsubishi  Mir-age GLX grade ရဲ့ ဈေးနှုန်းဟာ အမေရိကန်ဒေါ်လာ ၁၆,၉၉၀ ရှိပါသည်။ အရစ်ကျပေးချေသည့် စနစ်နှင့်လည်း   ဝယ်ယူနိုင်ပါသည်။

1.2 L , 12 valve ဆလင်ဒါသုံးလုံးထိုး MIVEC အင်ဂျင်ကိုအသုံးပြုထားပြီး အော်တိုဂီယာ ငါးချက်ပြောင်းလဲအသုံးပြုနိုုင်သည်။

လောင်စာအဖြစ် ဓာတ်ဆီကိုအသုံးပြုထားပြီးဆီစားနှုန်းအနေနဲ့ တစ်လီတာကို ၂၁ ကီလိုမီတာအထိ၊

၃၅ လီတာဝင်ဆံ့တဲ့ ဆီတိုင်ကီပါရှိပါသည်။

ရှေ့ဆန်ခါ ရှဲလ်နဲ့ဘန်ပါများကို  ခရိုမီယမ်အနားကွပ်ထားပြီး ဆန်ခါရှဲလ်၏အလယ်တွင် မစ်ဆူဘီရှီရဲ့ လိုဂိုတံဆိပ်တပ်ဆင်ထားသည်။

လေခွင်းအားကောင်းမွန်တဲ့ ကားရဲ့ ကိုယ်ထည် ဒီဇိုင်းကသေးသွယ်ကျစ်လျစ်တဲ့အတွက် ကားပါကင်ထိုးတဲ့နေရာနှင့် ယာဉ်ကြောကျပ်တည်းတဲ့အခါ ရုန်းထွက်ရသည့် နေရာတွေမှာ လွယ်ကူစေသည်။

ရှဲလ်၏ တစ်ဖက်စီမှာအတွင်းဘက်ကိုရှည်လျားသွားတဲ့ တြိဂံပုံရှေ့မီးလုံးများက LED Head Lights မီးလုံးတွေဖြစ်ပြီး ပြတ်သားထင်ရှားတဲ့ ညပုံရိပ်တွေကို ပြသပေးနိုင်သည်။

***သင်စိတ်ဝင်စားနိုင်သောကားမောင်းနေချိန်တွင် ရုတ်တရက်ကားမရပ်စေရန် လိုက်နာသင့်သည့်အချက်မာျး***

Fog Lamp နှင်းခွဲမီးလုံး တွေပါရှိပြီးထိုင်ခုံငါးလုံးပါရှိပြီး စိတ်ကြိုက်အနေအထားပြောင်းလဲ ချိန်ညှိနိုင်သည့် ခလုတ်ပါရှိသည်။

Automatic Aircondition (excellent  A/C) စနစ်ပါရှိတဲ့အတွက်အအေးပေးစနစ်ကို အလိုအလျောက် ချိန်ညှိပေးနိုင်သည်။

အဖွင့်အပိတ် နှင့် စက်နှိုးသည့်နေရာတွင် သော့တံမလိုသည့် စမတ်ကီးစနစ်ဖြစ်ပြီး push  start ခလုတ်နှိပ်စက်နှိုးနိုင်သည်။

ကားတာယာ အရွယ်အစားက ၁၇၅/ ၅၅ R15 ဖြစ်ပြီး ၁၅ လက်မ အလွိိုင်းဝှီးတပ်ဆင်ထားပြီး အလွိုင်းဝှီး အပိုပါရှိပါရှိပါသည်။

ကားခိုးသူများ၏ ရန်ကနေကာကွယ်ရန် အင်ဂျင်ဆီပေးစနစ်တွေကိုထိန်းချုပ်ပြီး  ရပ်တန့်ထားနို်င်သည့် Immobilizer ပါရှိပါသည်။

အဆင့်မြင့် ဘရိတ်စနစ်ဖြစ်သည့် Anti- lock Braking System (ABS)စနစ် ပါရှိသည်။

ကားကိုယ်ထည်  ကြံ့ခိုင်တောင့်တင်းစေဖို့အတွက်လည်း အဆင့်မြှင့်တင်ထုတ်လုပ်ပါသည်။

ယာဉ်မောင်းသူနှင့် လိုက်ပါစီးနင်းသူတွေအတွက်ပြင်းထန်သည့် ယာဉ်မတော်တဆဖြစ်မှုတွေမှာ အသက်အန္တရာယ်ကိုကာကွယ်ပေးနိုင်သည့် SRS အသက်ကယ်လေ အိတ်စနစ်ပါရှိပါသည်။

Source:kumudra journal

Read 1281 times