Mitsubishi Fuso က eCanter မျိုးဆက်သစ် ထုတ်ဖော်ပြသ


Mitsubishi Fuso က eCanter မျိုးဆက်သစ် ထုတ်ဖော်ပြသ


Daimler Trucks ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Mitsubishi Fuso Truck and Bus Corporation (MFTBC) က Fuso eCanter မျိုးဆက်သစ်ကို ကြေညာပါတယ်။ ဂျပန်နိုင်ငံမှာ အပြည့်အဝ လျှပ်စစ် အပေါ့စားထရပ်ကား ပထမဆုံး စီးရီး ဖြစ်ပါတယ်။ 

 

၂၀၁၇ မှာ eCanter ကို စတက်ထုတ်လုပ်ခဲ့ပြီး ဂျပန်၊ ဥရောပ၊ အမေရိကန်၊ ဩစတြေးလျနှင့် နယူးဇီလန်တို့မှာ သုံးစွဲနေပြီး စုစုပေါင်းစီးရေ ၃၅၀ ကျော်မျှသာ ရှိပါတယ်။ နေ့စဉ်နှင့်အမျှသုံးစွဲကြတာဖြစ်ပြီး eCanter အားလုံး သွားခဲ့ပြီးတဲ့ ခရီးတာ စုစုပေါင်းက ကီလိုမီတာ ၄.၅ သန်းကျော် ရှိပါပြီ။

 

 

 

 

၂၀၂၂ မတ်လမှာ MFTBC က စမ်းသပ်မောင်းနှင်အဆင့် မျိုးဆက်သစ် eCanter ကို ဂျပန်နိုင်ငံ ဆာကူရာမြို့မှာ တည်ရှိတဲ့ ကုမ္ပဏီရဲ့ ကားစမ်းသပ်ကွင်းမှာ ပြသခဲ့ပါတယ်။

 

 

မျိုးဆက်သစ်က ခရီးတာ ပိုများများ သွားနိုင်မှာ ဖြစ်ပြီး ဘေးကင်းရေး စီမံချက်များကို တိုးမြှင့်ပေးထားကြောင်း MFTBC က ပြောကြားပါတယ်။
သယ်ယူပို့ဆောင်ရေး ပုံစံအမျိုးမျိုးအတွက် တီလျော်တဲ့ မူကွဲအမျိုးမျိုး ထုတ်လုပ်ပေးမယ်လို့ MFTBC က အသိပေးပြောကြားပါတယ်။

ဘက်ထရီ အားအပြည့်သွင်းပြီးရင် သွားနိုင်မယ့် ခရီးတာကို ပြောကြားခြင်း မပြုပေမဲ့ လက်ရှိမော်ဒယ်မှာ‌ေတာ့ ကီလိုမီတာ ၁၀၀ ဝန်းကျင်အထိ သွားနိုင်ပါတယ်။

eCanter အသစ်ကို ပူပြင်းတဲ့ ရာသီဥတု၊ အေးလွန်းနဲ့ ရာသီဥတုတို့မှာ စမ်းသပ်ထားကြောင်း၊ ပြည်တွင်းပြည်ပ နှစ်နေရာစလုံးမှာ စမ်းသပ်ထားပြီးဖြစ်ကြောင်း ပြောကြားပါတယ်။ eCanter အသစ်ကို ထုတ်လုပ်ခြင်း မပြုခင် အခြေအနေ အမျိုးမျိုးအောက်မှာ ကီလိုမီတာ ၁ သန်း (၆၂၀,၀၀၀ မိုင်) စမ်းသပ်သုံးစွဲကြည့်မယ့် အစီအစဉ် ရေးဆွဲထားပြီး စမ်းသပ်ကြည့်နေတာ ဖြစ်ပါတယ်။

MFTBC ရဲ့ ရေရှည်အစီအစဉ်ကိုလည်း အသိပေး ပြောကြားခဲ့ရာမှာ ဂျပန်ပြည်တွင်းဈေးကွက်မှာ ၂၀၃၉ နောက်ဆုံးထားပြီး ထွက်သမျှ မော်ဒယ်အသစ်အားလုံး လျှပ်စစ်ကားတွေချည်း ဖြစ်ရပါမယ်။ ၂၀၃၉ ထက် ပိုစောတာလည်း ဖြစ်နိုင်ပါတယ်။ 

 

 

Read 2367 times