ဂျပန်ကားမော်ဒယ်များ အိန္ဒိယမှာ ရောင်းချရန် မစ်စူဘီရှီကော်ပိုရေးရှင်း စီစဉ်


ဂျပန်ကားမော်ဒယ်များ အိန္ဒိယမှာ ရောင်းချရန် မစ်စူဘီရှီကော်ပိုရေးရှင်း စီစဉ်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

အိန္ဒိယသည် တရုတ်နှင့် အမေရိကန်ပြီးလျှင် ကမ္ဘာပေါ်တွင် ကားသစ်ရောင်းချမှုတွင် တတိယအများဆုံး နိုင်ငံအဖြစ် ရပ်တည်နေသည်။ 

 

ဂျပန်နိုင်ငံမှ ကုန်သွယ်မှု လုပ်ငန်းကြီး Mitsubishi Corp. သည် ကမ္ဘာ့တတိယအကြီးဆုံး ကားအသစ်ဈေးကွက် တည်ရှိရာ အိန္ဒိယတွင် ဂျပန်ကားများ ရောင်းချရန်အတွက် အိန္ဒိယ ပြည်တွင်းကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။

 

အိန္ဒိယမှ အထင်ကရ ကားဖြန့်ဖြူးရောင်းချရေးလုပ်ငန်း TVS Mobility နှင့် မစ်စူဘီရှီတို့ ဖက်စပ်လုပ်ငန်းအသစ်တခု ထူထောင်မည်ဖြစ်ပြီး ၎င်းဖက်စပ်လုပ်ငန်းတွင် မစ်စူဘီရှီက အရင်းအနှီး ၃၀% ကျော် ထည့်ဝင်မည်။ ကန်ဒေါ်လာ ၃၃ သန်းမှ ၆၆ သန်းအထိ ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။

 

လောလောဆယ်တွင် ဖက်စပ်လုပ်ငန်း ထူထောင်ရန်အတွက် သက်ဆိုင်ရာ အာဏာပိုင်တို့ထံ လျှောက်ထားဆဲ ဖြစ်သည်။

 

TVS Mobility သည် အရောင်းပြခန်း ၁၅၀ ခန့်ဖြင့် လုပ်ငန်းလည်ပတ်လျက် ရှိသည်။

ဖက်စပ်လုပ်ငန်းသည် ကားအမှတ်တံဆိပ် တခုချင်းအတွက် အရောင်းပြခန်းများ ဖွင့်လှစ်မည်ဖြစ်ပြီး အိန္ဒိယနိုင်ငံတွင် အကြီးမားဆုံး ကားအရောင်းလုပ်ငန်း ဖြစ်လာမည်။

 

လက်ရှိတွင် TVS သည် ဟွန်ဒါကားမော်ဒယ်များ ရောင်းချလျက် ရှိသဖြင့် ဖက်သပ်လုပ်ငန်းသည် ဟွန်ဒါကို အရင်ဆုံး စတင်ရောင်းချမည် ဖြစ်သည်။ ထို့နောက် အခြား ဂျပန်ကားအမှတ်တံဆိပ်များ၏ ကားမော်ဒယ်များကို ရောင်းချမည် ဖြစ်သည်။ လျှပ်စစ်ကားများကိုလည်း ထည့်သွင်းရောင်းချမည်။ 

ကားနှင့်ပတ်သက်သော ပြုပြင်ထိန်းသိမ်းခြင်း၊ အာမခံ ထားရှိခြင်း အစရှိသော ဝန်ဆောင်မှုများအတွက် အက်ပ်တခု စီစဉ်ပေးထားမည်။ ၎င်းအက်ပ်ဖြင့် ဝန်ဆောင်မှုအတွက် ရက်ချိန်းယူခြင်း၊ အာမခံ ဝယ်ယူခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်သည်။ 

 

Source Asia Nikkei 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read 173 times