မျက်စိလည်စရာ ထရပ်ကားလုပ်ငန်းများနှင့် ပိုင်ရှင်များ


မျက်စိလည်စရာ ထရပ်ကားလုပ်ငန်းများနှင့် ပိုင်ရှင်များ


ထရပ်ကားထုတ်လုပ်‌ေရးလောကမှာ Mitsubishi ရဲ့ ပိုင်ရှင်က Mercedes ဖြစ်ပါတယ်။  Nissan ရဲ့ ပိုင်ရှင်က  Isuzu ဖြစ်ပါတယ်။ Renault ရဲ့ ပိုင်ရှင်က Volvo ဖြစ်ပါတယ်။

ထရပ်ကားထုတ်လုပ်ရေးလောကမှာ ထရပ်ကား brand နှင့် ထရပ်ကားထုတ်လုပ်ရေးလုပ်ငန်းပိုင်ရှင် brand အတူတူ မဖြစ်တာတွေ ရှိနေပြီး အိမ်စီးကား brand နဲ့ တသီးတခြားလုပ်ငန်း ဖြစ်နေတတ်ပါတယ်။
Mitsubishi Fuso ထရပ်ကားကြီးတွေ ထုတ်လုပ်တဲ့လုပ်ငန်းက အိမ်စီးကားတွေ ထုတ်လုပ်တဲ့ Mitsubishi Motors နဲ့ ဘာမှ မပတ်သက်ပါဘူး။ 
Volvo

ဆွီဒင်မှ Volvo Group က စတော့အိပ်ချိန်းမှာ AB Volvo အမည်ဖြင့် စာရင်းဝင်ပါတယ်။ Volvo Car Group နှင့် တသီးတခြား ရပ်တည် လုပ်ကိုင်ပါတယ်။ ဒါပေမဲ့ AB Volvo နှင့် Volvo Car Group နှစ်ခုစလုံးက တရုတ်ပြည်မှ Geely ရဲ့ ထီးရိပ်အောက်မှာ ဖြစ်ပါတယ်။ 


Renault

Renault Trucks ရဲ့ လိုဂိုမှာ အောက်ခံအရောင်က အနီဖြစ်ပြီး အိမ်စီးကား လိုဂို နောက်ခံက အဝါရောင် ဖြစ်ပါတယ်။ 
လိုဂိုပုံပန်းသဏ္ဍာန်အတူတူဖြစ်ပြီး အောက်ခံအရောင် ကွဲပြားပါတယ်။
လုပ်ငန်းနှစ်ခု ဘာမှ မပတ်သက်ပါ။ Renault Trucks ကို AB Volvo က ပိုင်ဆိုင်ပါတယ်။ 
AB Volvo လုပ်ငန်းက အိမ်စီးကား ထုတ်လုပ်တဲ့ Volvo Cars လုပ်ငန်းနဲ့ မပတ်သက်ပါ။ 

 

ကြီး၃ကြီး

ထရပ်ကား ထုတ်လုပ်ရေးလောကမှာ Mercedes-Benz, Scania, Volvo တို့က ခရီးဝေးကုန်စည်ပို့ဆောင်ရေးအတွက် ထရပ်ကားကြီးတွေထုတ်လုပ်တဲ့ လုပ်ငန်းကြီး ၃ ခု ဖြစ်ပါတယ်။ ထိပ်တန်း ကြီး၃ကြီးဖြစ်ပါတယ်။
ကားခေါင်းခန်းက ပရီမီယံ S-Class အိမ်စီးကားနဲ့ တန်းတူအဆင့်အတန်းရှိတဲ့ Mercedes-Benz Actros, Volvo FH, Scania 770 S ထရပ်ကားကြီးတွေ ထုတ်လုပ်ကြပါတယ်။ 

 


Scania

ဆွီဒင်မှ Saab နဲ့ Scania တို့ရဲ့ လိုဂိုတွေ ဆင်ဆင်တူနေတာ တစ်ချိန်တုန်းက Saab  Scania လိုဂို ရှိခဲ့ဖူးလို့ ဖြစ်ပါတယ်။

၁၉၆၈ မှာ Saab AB ကို ဆွီဒင်မှ ဘတ်စ်ကားနှင့် ထရပ်ကား ထုန်လုပ်တဲ့ Scania-Vabis နဲ့ ပေါင်းစည်းပြီး Saab-Scania AB ဖြစ်လာတယ်။
 ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း  Investor AB  က Saab-Scania AB ရှယ်ယာတွေ အားလုံးကို ဝယ်ယူတာ ၁၉၉၁ မှ ပြီးမြောက်ခဲ့ပြီး Saab-Scania AB က Investor AB လက်ထဲ လုံးလုံးလျားလျား ရောက်သွားတယ်။ အများနှင့်သက်ဆိုင်သော ကုမ္ပဏီအဖြစ်မှ ပုဂ္ဂလိကကုမ္ပဏီအဖြစ် ပြောင်းလဲ လိုက်တယ်။ 
၁၉၉၅ မှာ Scania AB  နှင့် Saab Automobile AB အဖြစ် ကုမ္ပဏီနှစ်ခု  တသီးတခြား ခွဲလိုက်တယ်။ Saab ရဲ့ တံဆိပ်က Scania လိုဂိုမှာ ထင်ကျန်ရစ်တယ်။
ယခုအခါ Scania က Volkswagen Group လက်အောက်ခံ လုပ်ငန်းသုံး ထရပ်ကားအကြီးစားလုပ်ငန်း Traton က ၁၀၀% ပိုင်ဆိုင်ထားပါတယ်။

SAAB Automobile က ၂၀၁၁ မှာ ဒေဝါလီခံပါတယ်။ ၂၀၁၄ မှာ Saab အမည်ဖြင့် မော်တော်ယာဉ် ထုတ်လုပ်မှု ရပ်ဆိုင်းသွားခဲ့တာ ယခုအထိ ဖြစ်ပါတယ်။ 

 Scania 770S ကို Rolls-Royce ထရပ်ကားလို့ တင်စား ပြောဆိုကြပါတယ်။
 Actros ထရပ်ကားက Mercedes-Benz S-Class  အဆင့်အတန်း လို့ ခိုင်းနှိုင်းပြောဆိုကြပါတယ်။

အိမ်စီးကားနှင့်ထရပ်ကား ဖွံ့ဖြိုးထုတ်လုပ်ပုံချင်း ကွဲပြားတာကြောင့် ဗဟာဗျုဟာအရ ထရပ်ကားထုတ်လုပ်ရေးကို ရောင်းထုတ်ပစ်လိုက်ပါတယ်။
တသီးတခြား ခွဲထုတ်ပြီး တစ်စင်ထောင်ပေးလိုက်တာမျိုးလည်း ရှိပါတယ်။

Mercedes-Benz

Mercedes-Benz ထရပ်ကားများကို Daimler Trucks AG က တည်ဆောက်ပေးပါတယ်။ Daimler Trucks AG ကုိ အိမ်စီးကားများနှင့် ဗင်များ ထုတ်လုပ်တဲ့ Mercedes-Benz Group AG ထံမှ မကြာသေးခင်က ခွဲထုတ်ခဲ့ပါတယ်။

ထရပ်ကားလုပ်ငန်း အဝယ်အရောင်း

ထရပ်ကား ထုတ်လုပ်ရေးလောကမှာ ဝယ်ယူသိမ်းပိုက်လိုက်တဲ့ ထရပ်ကားလုပ်ငန်းများအပြင်
 ရောင်းထုတ်လိုက်တဲ့ ထရပ်ကား လုပ်ငန်းများလည်းရှိနေပါတယ်။

Mitsubishi က Fuso ထရပ်ကား ထုတ်လုပ်ရေး လုပ်ငန်းကို Daimler   ထံ ရောင်းချ လိုက်ပါတယ်။ 
Renault Trucks ကို Volvo ထံရောင်းလိုက်ပါတယ်။Volvo Group က အရှုံးပြနေတဲ့ အိမ်စီးကား ထုတ်လုပ်ရေးလုပ်ငန်းကို Ford ထံ ရောင်းလိုက်ပါတယ်။ Ford ထံမှ Geely က ဝယ်လိုက်ပါတယ်။
Nissan ကို ပြန်ဖွဲ့စည်းစဉ်က Nissan Diesel ထရပ်ကား ထုတ်လုပ်ရေးလုပ်ငန်းကို Volvo Group ထံ ရောင်းချခဲ့ပါတယ်။
၂၀၂၁ မှာ Volvo က Nissan Diesel ကို Isuzu ထံ ရောင်းလိုက်ပါတယ်။ Isuzu က Toyota ပိုင်ဆိုင်တဲ့ Hino ကို ဈေးကွက်ထဲ အပြင်းအထန် ယှဉ်ပြိုင်ပါတယ်။ Toyota က ကြားဝင်ပြီး Toyota Hino Isuzu ဖက်စပ်လုပ်ကိုင်ပြီး လျှပ်စစ် ဘတ်စ်၊ လျှပ်စစ်ထရပ်တွေ ထုတ်လုပ်နိုင်ဖို့ လုပ်ဆောင်လျက် ရှိပါတယ်။

Read 559 times