အသစ်စက်စက် Mitsubishi Attrage ကားအမျိုးအစားကို Mitsubishi ကားအရောင်းပြခန်းက သုံးနှစ်မှ ငါးနှစ်အထိ အရစ်ကျစနစ်နှင့် ရောင်းချပေးပါသည်။
၂၀၁၈ မိုဒယ် Mitsubishi Attrage ၏ ဈေးနှုန်းသည် အမေရိကန်ဒေါ်လာ ၁၈၉၀၀ ရှိပါသည်။
သုံးနှစ်အရစ်ကျစနစ်နှင့် ဝယ်ယူမည်ဆိုလျှင် ကားတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းဖြုစ်သည့် ကျပ် ၈၅ သိန်း လက်ငင်းပေးချေပြီး လစဉ် ကျပ်ခြောက်သိန်းပေးရုံဖြင့် ကားပိုင်ဆိုင်နိုင်ပါသည်။
ကားတန်ဖိုး၏ ၄၀ ရာခိုင်နှုန်း ပေးချေမည်ဆိုလျှင် လက်ငင်း ကျပ်သိန်း ၁၁၀ ပေးချေပြီး လစဉ် ကျပ်ငါးသိန်းပေးချေရပါမည်။
ကားတန်ဖိုး၏ ၅၀ ရာခိုင်နှုန်းပေးချေမည်ဆိုလျှင် လက်ငင်းကျပ် ၁၃၅ သိန်းပေးချေပြီး လစဉ် ကျပ်လေးသိန်း ပေးချေရပါမည်။
လေးနှစ်အရစ်ကျစနစ်နှင့် ဝယ်ယူမည်ဆိုလျှင် ကားတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းဖြစ်သော ကျပ် ၈၅ သိန်းလက်ငင်းပေးချေပြီး လစဉ် ကျပ်ငါးသိန်းပေးချေရပါမည်။
ကားတန်ဖိုး၏ ၄၀ ရာခိုင်နှုန်းဖြစ်သော ကျပ်သိန်း ၁၁၀ ပေးချေလျှင် လစဉ် ကျပ်လေးသိန်းသာ ပေးချေရပြီး ကားတန်ဖိုး၏ ၅၀ ရာခိုင်နှုန်းဖြစ်သည့် ကျပ် ၁၃၅ သိန်းလက်ငင်းပေးချေပါက လစဉ် ကျပ်သုံးသိန်းသာပေးချေရပါမည်။
ငါးနှစ်အရစ်ကျစနစ်ဖြင့်ဝယ်ယူမည်ဆိုလျှင် ကားတန်ဖိုး ၃၀ ရာခိုင်နှုန်း ကျပ် ၈၅ သိန်း လက်ငင်းပေးချေရုံဖြင့် လစဉ်ကျပ်လေးသိန်းပေးချေရပါမည်။
ထို့အပြင် ကားတန်ဖိုး ၄၀ ရာခိုင်နှုန်းဖြစ်သည့် ကျပ်သိန်း ၁၁၀ လက်ငင်းပေးချေရုံဖြင့် လစဉ် ကျပ်သုံးသိန်းခွဲသာ ပေးချေရပါမည်။
နှစ်သက်ရာ အရစ်ကျစနစ်ကို ရွေးချယ်ပြီး အသစ်စက်စက် ၂၀၁၈ မိုဒယ် Mitsubishi Attrage ကို ဝယ်ယူမည်ဆိုပါက Mitsubishi ရန်ကုန်ကားအရောင်းပြခန်းကို အမှတ် ၁ အေ/၂ ဘုရင်နောင်လမ်းနှင့်ရွာမကျောင်းလမ်းထောင့်၊ လှိုင်မြို့နယ်၊ ရန်ကုန်တွင် ဖွင့်လှစ်ထားပြီး ဖုန်း - ၀၉ ၂၆၀၉၀၂၉၄၃ နှင့် ၀၁ ၅၁၄၅၂၂ တို့ကို ဆက်သွယ်နိုင်ပါသည်။
ထိုကား၏ အင်ဂျင်မှာ 1.2 L ဓာတ်ဆီအင်ဂျင်ကို အသုံးပြုထား၍ အော်တိုဂီယာငါးချက်ပြောင်းလဲ အသုံးပြုနိုင်ပြီး ဆလင်ဒါသုံးလုံးထိုးအင်ဂျင်ဖြစ်သည့်အပြင် 2wheel (နှစ်ဘီးယက်) စနစ်ဖြစ်ပါသည်။
တံခါးလေးပေါက်ပါ ငါးယောက်ဆီး ဆီဒင်အမျိုးအစားဖြစ်သော Mitsubishi Attrage သည် ဂျပန်အမှတ်တံဆိပ် Sub-compact sedan ကားအမျိုးအစားဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပါသည်။
အင်ဂျင်သေးငယ်ပြီး ကိုယ်ထည်ပေါ့ပါးသည့်အတွက် ဆီစားသက်သာပြီး ပါဝါစတီယာရင်၊ ပါဝါဝင်းဒိုး၊ ပါဝါနောက်ကြည့်မှန်စစ်ဖြစ်သည့်အပြင် သော့တံမလိုသော keyless evtry with central locking စနစ်ပါရှိပါသည်။
အဆင့်မြင့်ဘရိတ်စနစ်ဖြစ်သော Anti-Lock Braking System (ABS) စနစ်ပါရှိပြီး အသက်ကယ်လေအိတ်နှစ်လုံးပါရှိသည့်အတွက် လုံခြုံစိတ်ချစွာဖြင့် မောင်းနှင်နိုင်ပါသည်။