အလျင်အမြန် ကားကို ပျက်စီးစေတဲ့ အမှားများ


အလေ့အကျင့်တိုင်းက ကောင်းတဲ့အလေ့အကျင့်မဟုတ်ပါဘူး။ မကောင်းတဲ့ အလေ့အကျင့်တွေ စွဲကပ်သွားရင် ပြင်ဖို့ ခက်သလို ငွေကြေးအကုန်အကျလည်း များစေမှာဖြစ်ပါတယ်။

အင်ဂျင်စနှိုးနှိုးချင်း လီဘာကို အရှိန်နဲ့ မနင်းပါနဲ့

အခုနောက်ပိုင်းကားတွေမှာ အင်ဂျင်ကို ပူအောင် စောင့်စရာမလိုတော့ပေမယ့် နှိုးနှိုးပြီးချင်း 2 RPM ထက် ပိုမနင်းပါနဲ့။ ရာသီဥတု အေးတဲ့အချိန်မှာဆိုရင် အင်ဂျင်ကို ၁ မိနစ်ကနေ ၂ မိနစ်ကြားလောက် နှိုးထားပြီးမှ လီဘာကို ဖြည်းဖြည်းချင်းစီတင်ပေးပြီးမှ မောင်းပါ။

Hand Brake ကိုသုံးပါ

ကားမောင်းသူ တော်တော်များများက Hand Brake ကို ကားပြန်ထွက်တဲ့အခါမှာ ဖြုတ်ဖို့ မေ့မှာစိုးလို့မသုံးကြပါဘူး။ ဒါပေမယ့် ဂုံးပေါ်မှာကားကို ရပ်ခဲ့တာမျိုးတွေမှာ ဂီယာ မှာ “P” ထိုးခဲ့ရုံနဲ့ မလုံလောက်ပါဘူး။ ကားရဲ့ လိမ့်ကျမယ့် အရှိန်ကို ဂီယာ ကဘဲ ထိန်းထားတာကြောင့် ဂီယာလည်း မြန်မြန်ပျက်လွယ်ပါတယ်။ စိတ်လည်း မချရပါဘူး။ ဒါကြောင့် ဂုံးတွေ လိမ့်နိုင်တဲ့နေရာမှာ ရပ်ခဲ့ရင် “P” ထိုးထားခဲ့တဲ့အပြင် Hand Brake ပါ ဆွဲခဲ့သင့်ပါတယ်။

ကားမှာ ထွက်လာတဲ့အသံတွေကို အမြဲ ဂရုစိုက်ပါ

ကားတွေက မပျက်ခင်မှာ အသံတချို့ တွေ ဒါမှမဟုတ် signal တွေ ပြတတ်ပါတယ်။ ဒါပေမယ့် ကားမောင်းသူတော်တော်များများကတော့ လမ်းလယ်ခေါင်မှာ မပျက်သေးသရွှေ့ ဂရုမစိုက်ကြပါဘူး။ ဒါကြောင့် ကားမှာ အသံတစ်ချို့ ထွက်လာတယ်၊ signal တွေပြနေရင် အဖြေရှာပြီး ပြင်သင့်ပါတယ်။

ခဏခဏ ဘရိတ်မနင်းပါနဲ့

ကားပိတ်တဲ့အချိန်မှာတောင် ကိုယ့်ရှေ့ကားရဲ့ အကွာအဝေးနဲ့ချိန်ပြီး မောင်းလို့ရပါတယ်။ ဘရိတ်ခဏခဏနင်းရင် ကားဘရိတ်တွေ စားသွားတတ်ပါတယ်။ တကယ်လိုအပ်မှသာ နင်းပါ။ အမြဲတစေ ဘရိတ်နဲ့ ဘရိတ်ဆီတွေကို ကားမမောင်းခင်မှာ စစ်ဆေးပါ။

ကားဓာတ်ဆီတိုင်ကီထဲမှာ ဆီမရှိတော့မှ ဆီထည့်ခြင်း

ကားမမောင်းတဲ့အချိန်မှာ စက်ပိုင်းဆိုင်ရာ အညစ်အကြေးတွေ၊ ဓာတ်ဆီ အနယ်တွေက ဓာတ်ဆီတိုင်ကီရဲ့ အောက်မှာ အနယ်ထိုင်ပါတယ်။ အဲ့ဒီ အနယ်တွေက ဆီပန့်တွေ filters တွေထဲဝင်သွားတဲ့အခါမှာ ပျက်တတ်ပါတယ်။ ဒါကြောင့် ကားဓာတ်ဆီ ဂိတ်မှာ ဓာတ်ဆီဖြည့်ဖို့ သတိပေးထားတဲ့ အမှတ် (ဓာတ်ဆီ ဆိုင်ပုံ) ရောက်ရင် ဓာတ်ဆီဖြည့်ဖို့လိုပါတယ်။

လက်ကို ကားလက်ကိုင်ပေါ်မှာဘဲ တင်ထားပါ

တချို့ သူတွေက ကားမောင်းနေရင် လက်ကို ဂီယာအပေါ်မှာ တင်ထားလေ့ရှိပါယ်။ အရင်က Manual ဂီယာ မို့လို့ တင်ထားကြပေမယ့် Auto ကားတွေ မောင်းတဲ့အခါမှာတော့ ကားလက်ကိုင်ပေါ်မှာဘဲ တင်ထားသင့်ပါတယ်။ ဂီယာပေါ်မှာတင်ထားတဲ့ လက်ရဲ့ အလေးချိန်ကြောင့် ကြာလာရင် ဂီယာထဲက တချို့ ပစ္စည်းတွေ ထိခိုက်ကာ ဂီယာ ညှပ်တာတို့ ပျက်စီးတာတို့ ဖြစ်နိုင်ပါတယ်။

Read 24699 times