မီနီဗန်ကားများကို ဇိမ်အကျဆုံးဖြစ်ရန် ထည့်သွင်းသင့်သည့် အသုံးအဆောင်များ အပိုင်း (၁)


သို့သော် မီနီဗန်ကို ဇိမ်ခံကားများတွင်သာ တွေ့မြင်ရသော အသုံးအဆောင်ပစ္စည်းနှင့် နည်းပညာများထည့်သွင်းပြီး ဇိမ်ကျကျလည်း စီးနင်းအသုံးပြုနိုင်ပါသည်။

ထို့ကြောင့် ယခုခေတ် မီနီကားများတွင် ပါဝင်လာသော ဇိမ်ခံပစ္စည်းအသုံးအဆောင်များထဲတွင် ဇိမ်အကျဆုံးမီနီဗန်အတွင်းခန်း အသုံးအဆောင် ပထမ ၅ ခုကို စုစည်းဖော်ပြပေးလိုက်ပါသည်။

1. In-car Vacuum Cleaner

ယခုဖော်ပြနေသော ဇိမ်အကျဆုံး မီနီဗန်အသုံးအဆောင်ပစ္စည်းများစာရင်းတွင်  ပထမဆုံးပါဝင်လာသော ပစ္စည်းမှာ ကားအတွင်းဖုန်စုပ်စက် (In-car Vacuum Cleaner) ဖြစ်သောကြောင့် ရယ်စရာဖြစ်ကောင်းဖြစ်နိုင်သော်လည်း သန့်ရှင်းသပ်ရပ်ပြီး သက်သာဇိမ်ကျသော ကားတစ်ပြီး ဖြစ်ရန် အတွက် မရှိမဖြစ်လိုအပ်သော ပစ္စည်းတစ်ခုဖြစ်ပါသည်။

Honda Odyssey နှင့် Chrysler Pacifica တို့သည် ဖုန်စုပ်စက်ပါဝင်သော ရှားရှားပါးပါး  မီနီဗန်ကားများ ဖြစ်ပါသည်။

Odyssey ၏ SE နှင့် Touring Elite Trim နှစ်ခုစလုံးတွင် Honda VAC ကို ရရှိနိုင်ပြီး Pacifica ကားအသစ်တွင် Limited Trim တွင် တစ်ပါတည်း ပါဝင်ပြီးသားဖြစ်ပါသည်။

ကားအတွင်းပိုင်းကို အလွယ်တကူ သန့်ရှင်းနိုင်သော In-Car Vacuum Cleaner သည် ကားတွင်းအသုံးအဆောင်ပစ္စည်းများထဲတွင် လိုချင်စရာ အကောင်းဆုံး ပစ္စည်းတစ်ခုဟုလည်း ဆိုနိုင်ပါသည်။

2. Easy Speak – no more yelling

မိသားစုနှင့် ခရီးသွားသည့်အခါ ကားမောင်းသူများအနေဖြင့် ကားနောက်ခန်းမှ လူများ ကြားရန်အတွက် နောက်လှည့်စကားပြောရခြင်းမျိုး လုပ်စရာမလိုသော ခေတ်သစ်နည်းပညာတစ်ခု Toyota Sienna မီနီဗန်ကားတွင် ပါဝင်ပါသည်။

မိုက်ခရိုဖုန်းပါဝင်သော Driver Easy Speak ဖြစ်ပြီး ကားနောက်ခန်းအထိ အော်ပြောခြင်း အားစိုက်ခြင်းမျိုးလုပ်စရာမလိုပဲ ပုံမှန်အတိုင်းပြောရုံနှင့် ကြားနိုင်ရန် အသံကို ချဲ့ပေးမည်ဖြစ်ပါသည်။

ကားမောင်းနေစဉ် လမ်းမှ မျက်စိခွာပြီး နောက်လှည့်စကားပြောရခြင်းမျိုး သို့မဟုတ် အော်ပြောရခြင်းမျိုး မရှိသောကြောင့် ကားမောင်းနေရသော်လည်း ပျော်ပျော်ရွှင်ရွှင်စကားပြောဆိုသွားလာနိုင်ပါသည်။

ထိုအရာသည် ကားမောင်းသူအတွက် သက်သောင့်သက်သာဖြစ်စေမည့် နည်းပညာတစ်ခုဖြစ်ပါသည်။

3. Air – cooled Seats

မော်တော်ကားများတွင် ကားထိုင်ခုံများကို အပူ/အအေး ပေးနိုင်အောင် ဖန်တီးထားကြသော်လည်း အမှန်တွင် Heated Seat ခေါ် အပူပေးထိုင်ခုံများထက် Air – cooled Seat ခေါ် အအေးပေးသော ထိုင်ခုံများက ပိုရှားပါသည်။

အပူပိုင်းဒေသမှ လူများအတွက် သို့မဟုတ် ပူပြင်းသော နွေရာသီအတွက် အအေးထိုင်ခုံများ လိုအပ်သလို နေပြင်းပြင်းတွင် ပါကင်ထိုးထားသောကြောင့် အတော်ပူနေသော ကားများအတွက်လည်း Air – cooled Seats များက မရှိမဖြစ်လိုအပ်ပါသည်။

ယခုလက်ရှိ KIA Sedona SX နှင့် SX Limited များတွင်သာမက Chrysler Pacifica ၏ ထိပ်တန်း Trim Level ဖြစ်သော Limited တွင်လည်း Air – cooled Seats များ တပ်ဆင်ပေးထားပါသည်။

4. Second Row Lounge Chairs

မီနီဗန်ကားများနှင့် ခရီးဝေးသွားလာသည့်အခါ ခရီးသည်များ သက်သောင့်သက်သာ လိုက်ပါစီးနင်းနိုင်ရန်အတွက် မရှိမဖြစ် လိုအပ်သည်မှာ ပက်လက်ကုလားထိုင်များကဲ့သို့ ခြေထောက်ပါတင်ထိုင်နိုင်သော Lounge Chairs များဖြစ်ပါသည်။

KIA Sedona ၏ SX Limited Trim တွင် ကားအတွင်းခန်း ဒုတိယ ထိုင်ခုံတန်းတွင် KIA ၏ ပထမတန်းစား Lounge Chairs တပ်ဆင်ထားပြီး ခပ်လျှောလျှောမှီထိုင်နိုင်သော ခြေတင်တန်းများ ပါဝင်ပါသည်။

Toyota Sienna ၏ ရှေ့ဘီးယက်စနစ်သုံး Limited မိုဒယ်တွင်လည်း Lounge Seat ပါဝင်ပါသည်။

5. Integrated Window Sunshades

ကားအတွင်းကို နေမပူအောင်ကာပေးသော်လည်း ကားပြတင်းပေါက်က Integrated Window Sunshades များသည် သိပ်မလိုအပ်ဘူးဟု ထင်ရသော်လည်း အမှန်တွင် ကားအတွင်းခန်းက ခရီးသည်များအတွက် သက်သောင့်သက်သာအဖြစ်ဆုံး အသုံးအဆောင်များထဲတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။

ထိုနေကာပြားများသည် နေပူဒဏ်မခံနိုင်သော သို့မဟုတ် မျက်လုံးနေထိုးမည်ကို မကြိုက်သော ခရီးသည်များအတွက်သာမက ကားအတွင်းက လေကိုလည်း အေးမြနေစေရန် ထိန်းသိမ်းပေးပါသည်။

ထို Sunshades များကို ယခုအခါ Toyota Sienna၊ Honda Odyssey၊ KIA Sedona နှင့် Chrysler Pacifica ကားများ၏ Trim အတော်များများတွင် ရရှိနိုင်ပါသည်။

ထို့အပြင် Chrysler Town & Country နှင့် Nissan Quest တို့တွင်လည်း တွေ့မြင်နိုင်ပါသည်။

Read 948 times