၂၀၁၈ မော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒအရ ညာမောင်းကားများရပ်နားပြီး ဘယ်မောင်းကားတွေကို ဦးစား ပေးတင်သွင်းစေခဲ့ပါတယ်။ တာဝန်ရှိသူတွေရဲ့ ရည်ရွယ်ချက်က ပြည်တွင်းထုတ်လုပ်မှုနဲ့ မြန်မာပြည်ရဲ့လမ်းတွေနဲ့ ပိုမိုကိုက်ညီစေဖို့ဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိမှာတော့ပြည်တွင်းမှာ လုပ်ငန်းသုံးကားတွေ တော်တော်လေးဈေးတက်နေသလို ကုန်တင်ကားကြီးကဏ္ဍတွင်လည်း အစားထိုးရန်အဆင်မပြေမှုများကြောင့် အဟောင်းများကိုပြန်လည်ပြင်ဆင်သုံးစွဲနေရတယ်လို့ ကားဈေးကွက်များမှလာသော သတင်းများအရသိရပါတယ်။
လုပ်ငန်းသုံးကားငယ်ကဏ္ဍတွင် လူစီးကုန်တင် ၂ မျိုးအသုံးပြုနိုင်သည့် ခွေးဘီးလူးနှင့် မီနီထရပ်ကားများ သည် အခြားသော အိမ်စီးကားများထက်စာလျှင် လိုအပ်ချက်ပိုမိုမြင့်မားပြီး ယခင်ကျပ်သိန်း ၁၀၀ ဝန်းကျင်မှ မော်ဒယ်ပေါ်မူတည်၍ သိန်း ၂၀၀ နီးပါးအထိဈေးတက်လာခဲ့ပါတယ်။
အဆိုကိစ္စနှင့်ပက်သတ်ပြီး မော်တော်ယာဉ်ရောင်းဝယ်ရေးစခန်းများမှ တစ်ပိုင်တစ်နိုင်ဝယ်ရောင်းများက အဆိုပါကားအမျိုးအစားအတွက် သတ်မှတ်ချက်ဖြေလျှော့၍ ပြန်လည်တင်သွင်းခွင့်ပြုပါက ပို၍အဆင် ပြေနိုင်ကြောင်းအကြံပြုပြောဆိုခဲ့ကြပါတယ်