Mini ရဲ့ ပထမဆုံး လျှပ်စစ်ကား ၃ စီး


Mini ရဲ့ ပထမဆုံး လျှပ်စစ်ကား ၃ စီး

ယခင်နှစ်မော်ဒယ်ကို အဆင့်မြှင့်ပေးထားတဲ့  2023 Mini Cooper SE မှာ အရေးသိပ်မပါတဲ့  အပြောင်းအလဲတွေပဲ ပါလာတယ်။
 
 အခြေခံဈေးနှုန်း $29,900 ဖြစ်ပါတယ်။ 
 အမေရိကန်ကားဈေးကွက်မှာ Nissan Leaf က ဈေးအသက်သာဆုံး အီးဗီဖြစ်ပြီး Mini Cooper SE က ဒုတိယဈေးအသက်သာဆုံး ဖြစ်ပါတယ်။


Mini က အပြည့်အဝ လျှပ်စစ်ကားစစ်စစ်မော်ဒယ် Mini Cooper SE ကို စတင်မရောင်းခင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်က လျှပ်စစ် Mini ၃ စီး ရှိခဲ့ဖူးပါတယ်။

 

 

ရုပ်ရှင်တစ်ကားလုံး Mini ကားတွေ ထည်လဲသုံးထားတဲ့ Italian Job ရုပ်ရှင်ရဲ့ ဇာတ်ဝင်ခန်း တစ်ခုမှာ အဲဒီ လျှပ်စစ် Mini ကား ၃ စီးကို အသုံးပြုခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကမ္ဘာပေါ်မှာ လျှပ်စစ် Mini ဆိုလို့ အဲဒီ ၃ စီးပဲ ရှိပါတယ်။

ရုပ်ရှင်ကားကြည့်ရှုသူ သန်းချီရှိခဲ့ပြီး အဲဒီ Mini ကား ၃ စီးက လျှပ်စစ်ကားတွေဆိုတာ မသိခဲ့ကြပါဘူး။ 

 

 

Italian Job ရုပ်ရှင်ကို ၂၀၀၃ ခုနှစ်မှာ စတင်ပြသခဲ့ပါတယ်။ 
Mini ကားတွေ တရကြမ်းမောင်းကြတာမှာ ဇာတ်ဝင်ခန်းတစ်ခုက မြေအောက်ဘူတာရုံထဲ မောင်းနှင်ကြရမှာ ဖြစ်ပါတယ်။

Mini R53 Cooper S မော်ဒယ်ကား ၃ စီးကို ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့က လျှပ်စစ်ကားများ အဖြစ်သို့ ပြောင်းလဲခဲ့ကြရပါတယ်။
ဇာတ်ဝင်ခန်းတည်ရာ လော့စ်အိန်ဂျယ်လိစ် မြေအောက်ဘူတာရုံထဲ ကား ၃ စီးမောင်းရင် လေထုညစ်ညမ်းမှာကို ဘူတာရုံပိုင်က မလိုလားလို့ ရုပ်ရှင်ရိုက်ဖို့အတွက် ခွင့်ပြုပေးဖို့ သဘောမတူဘူး။
ရုပ်ရှင်ထဲ ပြသတာက မိနစ်ပိုင်း ဖြစ်ပေမဲ့ ရုပ်ရှင်ရိုက်တာက နာရီနဲ့ချီပြီး ကြာမြင့်တော့ ကား ၃ စီးရဲ့ အိပ်ဇောတွေမှ ထုတ်လွှတ်တဲ့ ဓာတ်ငွေ့ပမာဏက မြေအောက်လိုဏ်ခေါင်းထဲ လေထုညစ်ညမ်းမှု ဖြစ်မှာ သေချာနေပြီး ညစ်ညမ်းနေတဲ့ လေထုကို အလွယ်တကူ ဖယ်ရှားဖို့ မဖြစ်နိုင်ဘူး။

 အဌမမြောက် Fast & Furious ရုပ်ရှင်ကားကို ရိုက်ကူးတဲ့ ဒါရိုက်တာက Italian Job ရုပ်ရှင်ကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။  သူက အခုလို ပြောပြပါတယ်။ 
 "သူတို့က မြေအောက်လိုဏ်ခေါင်းတွေထဲ ကားတွေ လျှောက်မောင်းတဲ့ ဇာတ်ဝင်ခန်းကို ပေးမရိုက်ဘူး။ အင်ဂျင်တွေက ထွက်တဲ့ မီးခိုးတွေကြောင့် ခွင့်မပြုဘူးတဲ့။ ဒီတော့ ကျွန်တော်က ပြောတယ်။ အင်ဂျင်မပါတဲ့ လျှပ်စစ်ကား Mini တွေနဲ့ ရိုက်မယ်။ အဲဒီလိုဆိုရင် အဆင်ပြေမယ်။ ကျွန်တော်တို့က Mini ရဲ့ မိခင်ကုမ္ပဏီ BMW ကို ဖုန်းဆက်ပြီး လျှပ်စစ် Mini တောင်းတော့ လျှပ်စစ် Mini တစ်စီးမှ မရှိပါဘူးတဲ့။ လျှပ်စစ် Mini ဆိုတာ ရှိကို မရှိတာတဲ့"

 

 


 Gray က ဆက်လက်ပြောပြပါတယ်။

 "ကျွန်တော်တို့ရဲ့ သယ်ယူပို့ဆောင်ရေးတာဝန်ခံ John Carpenter က အင်ဂျင်ဖြုတ်ပြီး မော်တာ ဘယ်လိုတပ်ရမလဲဆိုတာ အဖြေရှာတယ်။ ကားသုံးစီးကို အင်ဂျင်ဖြုတ်၊ မော်တာတပ်ပြီး လျှပ်စစ်ကား ဖြစ်အောင် ပြောင်းပေးတယ်။ အဲဒီမှာ ကမ္ဘာပေါ် လျှပ်စစ် Mini ဆိုလို့ အဲဒီ ၃ စီးပဲ ရှိတယ်"

 

 

 

Read 1509 times