မီနီအိုးဝေနှင့် သုံးဘီးယာဉ်လေးတွေအတွက် သီးခြားထုတ်ပေးတဲ့ယာဉ်မောင်းလိုင်စင်ရှိပါတယ်။
သူကတော့"ဟ" ယာဉ်မောင်းလိုင်စင်ပါ။ "ဟ" ယာဉ်မောင်းလိုင်စင်ဟာ သုံးဘီးမော်တော်ဆိုင်ကယ်မောင်းနှင်ရန်အတွက်ဖြစ်သလို အဲ့ဒီ "ဟ" ယာဉ်မောင်းလိုင်စင်နဲ့လဲ ဆိုင်ကယ်မောင်းနှင်လို့ရပါတယ်။
ဒီတော့ ဆိုင်ကယ်မောင်းနှင်သူတွေအတွက် "က"ယာဉ်မောင်းလိုင်စင်အပြင် ယခု "ဟ"ယာဉ်မောင်းလိုင်စင်နဲ့လဲရနေပီမို့ တစ်ခုခုရှိနေရင် အဆင်ပိုလို့ပြေသွားတာပေါ့။ "ဟ" ယာဉ်မောင်းလိုင်စင်လုပ်ဖို့ကလဲ မခဲရင်းပါဘူး။ "ဟ" ယာဉ်မောင်းလိုင်စင်ဟာ "သ"ဆိုတဲ့သင်မောင်း "က" ဆိုတဲ့ မော်တော်ဆိုင်ကယ်မောင်းလိုင်စင် (၃) လသက်တမ်းရှိတာနဲ့ "ဟ"ယာဉ်မောင်းလိုင်စင်ပြောင်းလို့ရပါပြီ။
"ဟ" ယာဉ်မောင်းလိုင်စင်အတွက် သင်တန်းကာလက တစ်ရက်ပါပဲ။ ဖြေရမှာ"က"ယာဉ်မောင်းလိုင်စင်ဖြေတဲ့အတိုင်းပါ အသက်က ၁၈ နှစ်ပြည့်ပီးသူဖြစ်ရပါ့မယ်။ သုံးဘီယာဉ်ကိုမောင်းနှင်ပြရမှာပါ။
Read More : ကားလော့ခ်ကို ဖုန်းနဲ့ဖွင့်နိုင်ဖို့ Hyundai ကမိတ်ဆက်ပေးလိုက်ပါပြီ
"ဟ" ယာဉ်မောင်းလိုင်စင်ရတာနဲ့ ပုံပါသုံးဘီး မီနီအိုးဝေTaxi အငှားယာဉ်လေးတွေမောင်းနှင်ခွင့်ရရှိပါပြီ။ Taxi နံပါတ်အနီမို့လို့"ဃ"ယာဉ်မောင်းလိုင်စင်နဲ့သာ မာင်းနှင်ခွင့်ရှိတယ်လို့မှတ်ယူနေမှာစိုးလို့ သုံးဘီယာဉ်တွေနဲ့ မီနီအိုးဝေTaxi လေးတွေအတွက် မောင်းလို့ရတဲ့"ဟ"ယာဉ်မောင်းလိုင်စင်အကြောင်းလေး တင်ပြလိုက်ပါတယ်။
(မီနီအိုးဝေ Taxi ယာဉ်များအား "ဟ"ယာဉ်မောင်းလိုင်စင်ဖြင့် မောင်းမရဘူးဟု အချို့နေရာများတွင်ပြောဆိုနေကြပါတယ်။ ကညနမှ "ဟ"လိုင်စင်ဖြင့်မောင်းခွင့်ပြုကြောင်း တရားဝင်ထုတ်ပြန်ထားရှိပြီးဖြစ်ပါတယ်။ "ဃ" "င" ယာဉ်မောင်းလိုင်စင်များဖြင့်လည်း မောင်းနိုင်ပါတယ်)
Source: ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ