Mini EV များ အခုရောင်း အခုကုန်


Mini EV များ အခုရောင်း အခုကုန်

Citroen မီနီလျှပ်စစ်ကား စီးရေအကန့်အသတ်ဖြင့် စီးရေ ၅၀ ကိုသာ ထုတ်လုပ်ပြီး ရောင်းချခဲ့ပါတယ်။

အွန်လိုင်းမှာ စတင်ရောင်းချပြီး ၁၈ မိနစ်အကြာမှာ အစီး ၅၀ အကုန်လုံး ရောင်းလို့ ကုန်သွားပါတယ်လို့ Citroen ရဲ့ မိခင် ကုမ္ပဏီ Stellantis NV က ပြောကြားပါတယ်။

ပြင်သစ် ကားအမှတ်တံဆိပ် Citroen က ကြော်ငြာ ဆိုင်းဘုတ်များ ချိတ်ခဲ့ပါတယ်။ အဖြူရောင်အောက်ခံပေါ်မှာ Citroen မီနီလျှပ်စစ်ကားပုံ ဖော်ပြထားပြီး ကားပုံအပေါ်မှာ အသားထူထူ အမည်းရောင် စာလုံးများဖြင့် စာသားကို ပြင်သစ်ဘာသာစကားဖြင့် ဖော်ပြထားပါတယ်။

"ဆောရီး အီလွန် ၊ ကားတစ်စီး ရဖို့ဆိုရင် ကုမ္ပဏီကို ဝယ်တဲ့နည်းလမ်း တစ်မျိုးပဲ ရှိတယ်" လို့ ဆိုထားပါတယ်။ 

ကုမ္ပဏီကို ဝယ်ပြီး ကားထပ်ထုတ်ခိုင်းမှပဲ ကားရနိုင်မယ်လို့ အမေရိကန်မှ လျှပ်စစ်ကား Tesla ထုတ်လုပ်သူ Elon musk ကို ရည်ညွှန်းပြောဆိုတာ ဖြစ်ပါတယ်။

ပိုစတာတွေကို လူသွားလူလာများတဲ့ Paris' Gare de L'Est ဘူတာရုံမှာ ချိတ်ဆွဲထားပါတယ်။

 ယခု အရေအတွက် အကန့်အသတ်ဖြင့် ရောင်းချတဲ့ အစီး ၅၀ က "My Ami Buggy" ဗားရှင်း ဖြစ်ပါတယ်။

 အသေးစား လျှပ်စစ်ကားမော်ဒယ် Ami ရဲ့ ရိုးရိုး ဗားရှင်းကို Citroen က စီးရေ ၂၂,၀၀၀ ဝန်းကျင် ရောင်းချခဲ့ပြီးပြီ  ဖြစ်ပါတယ်။ မော်ရိုကိုနှင့် ဥရောပ ဈေးကွက်များမှာ ရောင်းချပါတယ်။ 

 Ami တွေကို မော်ရိုကိုနိုင်ငံမှာ ထုတ်လုပ်ပါတယ်။

 ထူးခြားချက်တွေက ယာဉ်မောင်းလိုင်စင်မလိုဘဲ မောင်းနှင်ခွင့်ကို ခွင့်ပြုထားပါတယ်။ အွန်လိုင်းမှာသာ ရောင်းချပါတယ်။

"My Ami Buggy" ရောင်းဈေးက €9,790 ($10,361) ဖြစ်ပါတယ်။

 

Myanmar Automobile Guide

 Telegram Channel

https://t.me/Guid4U/301

https://t.me/Guid4U

 

Source: Reuters 

 

 

Read 2890 times