မီလျံနာများ၏ ပြယုဂ် Rolls-Royce


ဘယ်လောက်ပဲချမ်းသာကြွယ်ဝနေပါစေ Rolls-Royce တစ်စီး ပိုင်ဆိုင်မှုမရှိသေးပါက သူဌေးတစ်ယောက်မဟုတ်သေးပါဘူး။

Rolls-Royce သည်မီလျံနာများ၏ ပြယုဂ်တစ်ခုဖြစ်သကဲ့သို့ ကားခရေဇီများ၏ အသည်းတစ်ကြမ်းဖြစ်သည်ဟု Rolls-Royce ကဆိုပါသည်။

၂၀၁၇ မော်ဒယ် Rolls-Royce Phantom သည် အဆင့်မြင့်ဇိမ်ခံကားများထဲတွင် အကောင်းဆုံးကားတစ်စီးအဖြစ် လူသိများပါသည်။

ဥရောပစျေးကွက်တွင် ၂၀၁၇ Rolls-Royce Phantom ၏ အခြေခံစျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၄၆၀,၀၀၀ ရှိပါသည်။

Phantom ၏ကိုယ်ထည်ကို အလူမီနီယမ်သားနှင့်တည်ဆောက်ပါသည်။

ထို့ကြောင့် ပေ့ါပါးပြီး စွမ်းဆောင်ရည်ပိုမိုမြင့်မားပါသည်။

ထိန်းချုပ်မောင်းနှင်ရာတွင်လည်း အခြားကားများထက် ၃၀ ရာခိုင်နှုန်းလောက်ပိုကောငး်လာပါသည်။

တစ်လက်မ၏ လေးပုံတစ်ပုံအထူရှိသည့် မှန်သားကို ပြတင်းတံခါးတွင် တပ်ဆင်သည်။

အလွှာနှစ်လွှာပုံစံနှင့် ဖန်တီးထားသောကြောင့် ပြင်ပဆူညံသံများကို ၁၀ ရာခိုင်နှုန်းလောက် ၀င်ရောက်မှုနညး်သွားစေပါသည်။

နောက်ဘက်ထိုင်ခုံများသည် သစ်သားနှင့် ပြုလုပ်ပြီး ရှေးခေတ်ဟောင်းဒီဇိုင်းပုံစံများကို အဆင့်မြင့်ဖန်တီးပေးထားပါသည်။

6.5L,Twin-Turbo V12 အင်ဂျင်ကိုအသုံးပြုထားပါသည်။

အင်ဂျင်၏ စွမ်းဆောင်ရည်မှာ မြင်းကောင်ရေ ၅၆၃ ကောင်အားရှိပြီး ရုန်းအား ၆၆၄ ပေါင်-ပေရှိပါသည်။

အော်တိုဂီယာ ရှစ်ချက်ပြောင်းလဲအသုံးပြုနို်င်သည်။

ခေတ်မီနည်းစနစ်များဖြစ်သည့် လမ်းအနေအထားကို အာရုံခံ ချိန်ညှိပေးနိုင်သည့် magic carpet ride စနစ်ပါရှိသည်။

ဂီယာစနစ်ကို ဂျီပီအက်စ်နှင့် ချိတ်ဆက်ထားသည့် ဂီယာပြောင်းသင့်သည့်အနေအထားများကို အချက်ပြသတိပေးနေမည်ဖြစ်ပါသည်။

 

Read 1426 times