Michelin မှမြန်မာနိုင်ငံတွင်ပထမဆုံး Michelin ကားပြုပြင်ထိန်းသိမ်းရေးစင်တာနှစ်ခုဖွင့်လှစ်


Michelin မှမြန်မာနိုင်ငံတွင်ပထမဆုံး Michelin ကားပြုပြင်ထိန်းသိမ်းရေးစင်တာ နှစ်ခုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပထမဆုံး Michelin ကားပြုပြင်ထိန်းသိမ်းရေးစင်တာကိုမေလဆန်းကပြည်မြို့တွင်ဖွင့်လှစ်ခဲ့ပြီး ဒုတိယမြောက် Michelin Shop ကိုမေလဆန်းကပြည့်မြို့တွင်ဖွင့်လှစ်ခဲ့ပြီး ဒုတိယမြောက် Michelin Shop ကိုရန်ကုန်မြို့၊ လှိုင်မြို့နယ်တွင်ဖွင့်လှစ်ထားသော မျိုး တာယာအရောင်းဆိုင်တွင်ဖွင့်လှစ်ခဲ့ပါသည်။

ယင်းကားပြုပြင်ထိန်းသိမ်းရေးစင်တာများတွင် Michelin တာယာများသာမကတာယာပြုပြင်ထိန်းသိမ်းခြင်း၊ လဲလှယ်ပေးခြင်း၊ အင်ဂျင်ဝိုင်နှင့်ဘက်ထရီလဲလှယ်ပေးခြင်းတို့အပြင် အခြားသောမော်တာ်ယာဉ်များပြုပြင်ထိန်း သိမ်းပေးခြင်းစသည့်ဝန်ဆောင်မှုများကိုလည်းဆောင်ရွက်ပေးမည်ဖြစ်သည်။

လှိုင်မြို့နယ်တွင်ဒုတိယမြောက်ဖွင့်လှစ်ခဲ့သည့် Michelin ကားပြုပြင်ထိန်းသိမ်းရေးစင်တာတွင်ဝန်ထမ်း ၁၅ ဦးဖြင့်နေ့စဉ်နံနက်ခုနှစ်နာရီမှညနေငါးနာရီခွဲအထိဝန်ဆောင်မှုပေးနေကြောင်းသိရသည်။

 

Read 877 times