MHFTSA မှ အထူးစက်သုံးဆီ ရောင်းချခြင်းနှင့် စပ်လျဉ်း၍ အကြံပြုတင်ပြ


မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း MYANMAR HIGHWAY FREIGHT TRANSPORTATION SERVICES ASSOCIATION (MHFTSA)မှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသို့  
ကုန်စည်ပို့ဆောင်ရေးအခြေအနေများနှင့် အထူးစက်သုံးဆီ ရောင်းချခြင်းနှင့် စပ်လျဉ်း၍ အကြံပြုချက်များကို တင်ပြထားပါသည်။

မြန်မာနိုင်ငံအဝေးပြေးကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှု  လုပ်ငန်းရှင်များအသင်းနှင့် ကုန်သေတ္တာတင် မော်တော်ယာဉ်အသင်းတို့မှ မော်တော်ယာဉ်များကို နိုင်ငံတော်မှ ကူညီထောက်ပံ့ပြီး ကုန်စည်ပို့ဆောင်ခ ဈေးနှုန်းများသက်သာစေရန် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ရောင်းချဖြန်ဖြူးရေး အသင်းတို့ပူးပေါင်းပြီး အထူးဈေးနှုန်း ချိုသာစွာဖြင့် ကုန်တင်မော်တော်ယာဉ် များအားရောင်းချခဲ့ကြောင်း၊ 

ထိုသို့ရောင်းချပေးခဲ့ခြင်းကြောင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေပြီး ပို့ဆောင်ခ ဈေးနှုန်း သည်လည်း မြင့်တက်မှုမရှိဘဲ ကုန်စည်စီးဆင်းမှု ပုံမှန်လည်ပတ်သွားလာလုပ်ကိုင်လျက်ရှိကြောင်း၊ 

ကုန်စည်စီးဆင်းမှုအားကောင်းသော နိုဝင်ဘာလမှ မေလအထိ မြန်မာနိုင်ငံတွင် ပွင့်လင်းရာသီဖြစ်၍ စပါး၊ပဲ၊နှမ်း၊ ပြောင်း အစရှိသော စားသောက်ကုန်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းများလုပ်ကိုင်ချိန်ဖြစ်၍ နှစ်စဉ်နှစ်တိုင်း ကုန်စည်ပို့ဆောင်ခ အနည်းငယ်မြင့်တက်မှုရှိသည်ကို ကြုံတွေ့ ရသည်ဖြစ်ရာ ထိုအချိန်တွင် ကုန်စည်စီးဆင်းမှ ရပ်တန့်မသွားစေရန်နှင့် ကုန်ဈေးနှုန်း မမြင့်တက်စေရန်အတွက် နိုင်ငံတော်မှ အထူးနှုန်းဖြင့် စက်သုံးဆီများကို ပြတ်လပ်မှုမရှိစေဘဲ နိုင်ငံအနှံ့ အပြားစက်သုံးဆီဆိုင်များတွင် ရောင်းချပေးမည်ကို ကန့်ကွက်မှုမရှိဘဲ ရောင်းချသင့်ပါကြောင်း တင်ပြထားပါသည်။

အကြံပြုတင်ပြချက်များမှာ- 

(က) အထက်ပါ အထူးစက်သုံးဆီများရောင်းချခဲ့မည်ဆိုလျှင် မည်သည့်စက်သုံးဆီဆိုင်မဆို လီတာပြည့်မီရေး နှင့် ဂါလီပြည့်မီရေး စက်သုံးဆီ အရည်အသွေးကောင်းမွန်ရေး

(ခ) အထူးနှုန်းဖြင့် နိုင်ငံတော်မှ ချမှတ်ပေးသော ခွဲတမ်းစက်သုံးဆီများကို ကုန်စည်တင်မော်တော်ယာဉ်များအား အပြည့်အဝ ရောင်းချပေးရေး

(ဂ) မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းနှင့် ကုန်သေတ္တာတင် မော်တော်ယာဉ်များအသင်းတို့မှထောက်ခံချက်ပါရှိသော ကုန်တင်မော်တော်ယာဉ်များကို ခရီးစဉ် အဝေးအနီးအပေါ်မှုတည်၍ ရောင်းချစေခြင်း 

(ဃ) ကုန်ပါသော မော်တော်ယာဉ်များကိုသာရောင်းချစေပြီး ကုန်မပါသောမော်တော်ယာဉ်များအား မရောင်းချစေခြင်း

(င) တိုင်းဒေသကြီး အဝေးပြေးကုန်စည်ပို့ဆောင်ရေးအသင်းနှင့် တိုင်းဒေသကြီးမော်တော်ယာဉ်ကြီးကြပ်မှုကော်မတီမှ ထောက်ခံချက်ပါရှိသော ကုန်စည် တင်ဆောင်ထားသည့် မော်တော်ယာဉ်များအားရောင်းချစေခြင်းတို့ ဖြစ်ပါသည်။

 

 

 

 

Read 2221 times