MG အမှတ်တံဆိပ် ပိုင်ရှင်  SAIC Motor ပထမဆုံးကားတင်သင်္ဘော ရှန်ဟိုင်းသင်္ဘောကျင်းတွင် ရေချ


MG အမှတ်တံဆိပ် ပိုင်ရှင်  SAIC Motor ပထမဆုံးကားတင်သင်္ဘော ရှန်ဟိုင်းသင်္ဘောကျင်းတွင် ရေချ


To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

 နိုင်ငံပိုင်း ကားလုပ်ငန်း SAIC Motor ၏ ပထမဆုံး ပင်လယ်ရေနက် ကားတင်သင်္ဘောကို ရှန်ဟိုင်းမှ Jiangnan သင်္ဘောကျင်းတွင် ရေချခဲ့ပါသည်။

 ၎င်းသင်္ဘောကို နောက်နှစ်တွင် စတင်ပြေးဆွဲမည်ဖြစ်ပြီး ကား အစီးရေ ၇,၆၀၀ အထိ တင်ဆောင်နိုင်ပါသည်။

 လောင်စာမှာ ဒီဇယ် နှင့် သဘာဝဓာတ်ငွေ့ရည် liquefied natural gas (LNG) ၂ မျိုးသုံးစွဲနိုင်ပါသည်။ တရုတ်ပြည်မှာ ထုတ်လုပ်သည့် ကားများကို ဥရောပသို့ တင်ပို့ရန်အတွက် သုံးစွဲမည်ဟု SAIC က ပြောကြားပါသည်။ ၎င်းခရီးစဉ်ကို SAIC က ၂၀၂၀ ခုနှစ်တွင် စတင်ခဲ့ပါသည်။

 တရုတ်ပြည် ဖူကျင်ပြည်နယ်နှင့် မက္ကဆီကိုနိုင်ငံတို့အကြား ခရီးစဉ်ကို ၂၀၂၃ ဧပြီလတွင် စတင်ခဲ့ပါသည်။

 ဩစတေးလျနှင့် နယူးဇီလန် နိုင်ငံများသို့ ပြေးဆွဲမည့် ခရီးစဉ်များ စတင်ဖို့ ပြင်ဆင်နေပါသည်။

 

MG အမှတ်တံဆိပ် ပိုင်ရှင် SAIC Motor သည် ကုမ္ပဏီပိုင် သင်္ဘောလိုင်းတစ်ခုကို ထူထောင်ထားပါသည်။ လက်အောက်ခံလုပ်ငန်း SAIC Anji Logistics Co က စီမံဆောင်ရွက်ပါသည်။ လာမည့် ၃ နှစ်တာတွင် သင်္ဘော ၁၂ စီး ဖြည့်ထည့်ပါမည်။ သင်္ဘော အရွယ်အစားများမှာ ကားအစီးရေ  ၇,၆၀၀ ၊ ၇,၈၀၀ ၊ ၉,၀၀၀ တင်ဆောင်နိုင်သည့် အရွယ်အစားများ ဖြစ်ပါသည်။

 

SAIC သည် တရုတ်ပြည်မှ ကမ္ဘာ့အကြီးဆုံး သင်္ဘောကုမ္ပဏီ Cosco နှင့် ပူးပေါင်း လုပ်ကိုင်လျက် ရှိပါသည်။ ထို့ပြင် ကမ္ဘာ့အကြီးဆုံး ကားတင်သင်္ဘောလိုင်း Wallenius Wilhelmsen နှင့်လည်း အကျိုးတူ ပူးပေါင်းလုပ်ကိုင်ပါသည်။

 

SAIC Motor သည် MG အမှတ်တံဆိပ် အပါအဝင် လွန်ခဲ့သည့် ၇ နှစ်တာကာလအတွင်း တရုတ်နိုင်ငံ၏ နံပါတ်တစ် ကားတင်ပို့သူ ဖြစ်ပါသည်။ 

MG သည် တရုတ်ပြည်မှ ပြည်ပတင်ပို့မှု အများဆုံး အမှတ်တံဆိပ် ဖြစ်နေသည်မှာ လေးနှစ် ရှိသွားပြီ ဖြစ်ပါသည်။

 

၂၀၂၂ ခုနှစ်တွင် SAIC Motor သည် ကားအစီးရေ ၁,၀၁၇ သန်း တင်ပို့ခဲ့သည်။

ယခုနှစ် ပထမခုနစ်လတွင် ကားအစီးရေ စုစုပေါင်း ၆၃၀,၀၀၀ တင်ပို့ခဲ့ပြီး ဥရောပသို့ MG အစီးရေ ၁၃၅,၀၀၀ ၊ ဩစတေးလျသို့ အစီးရေ ၃၅,၀၀၀ တင်ပို့ခဲ့သည်။ 

 

SAIC Motor ၏ ထောက်ပံ့ပို့ဆောင်ရေးလက်တံ  Anji သည် တရုတ်နိုင်ငံတွင် အကြီးဆုံး ကားတင်သင်္ဘောအုပ်စု၏ ပိုင်ရှင်ဖြစ်သည်။

 

ထောက်ပံ့ပို့ဆောင်ရေးအော်ပရေတာ Anji သည် မြစ်ကြောင်းသင်္ဘော ၁၁ စင်း၊ ပြည်တွင်းကုန်သွယ်မှု ၁၁ စင်းနှင့် နိုင်ငံတကာကုန်သွယ်မှုသင်္ဘော ၈ စင်း ပိုင်ဆိုင်သည်။

အရှေ့တောင် အာရှ၊ မက္ကဆီကို၊ လက်တင်အမေရိကနှင့် ဥရောပသို့ ပင်လယ်ရေကြောင်းလိုင်းများ ပြေးဆွဲလျက်ရှိပါသည်။

 

ရှန်ဟိုင်းအခြေစိုက် ကားထုတ်လုပ်သည့် ကုမ္ပဏီSAIC Motor သည် လက်ရှိတွင် နိုင်ငံပေါင်း ၆၀ ကျော်တွင် ရောက်ရှိနေပြီး ကမ္ဘာတစ်ဝှမ်းတွင် အရောင်းပြခန်းစုစုပေါင်း ၇၅၀ ဖွင့်လှစ်ထားသည်။ ကမ္ဘာတစ်လွှား သုတေသနနှင့် ဖွံ့ဖြိုးရေး စင်တာ ၉၅ ခု ထားရှိပါသည်။

 

တရုတ်နိုင်ငံ ရှန်ကျန်းမြို့အခြေစိုက် ထိပ်တန်း ကားလုပ်ငန်း BYD သည်လည်း ကုမ္ပဏီပိုင် ကားတင်သင်္ဘောလိုင်း ထားရှိမည် ဖြစ်ပါသည်။ ယမန်နှစ်က အစီးရေ ၇,၇၀၀ အထိ တင်ဆောင်နိုင်သည့် ကားတင်သင်္ဘော ၈ စီး မှာကြားထားပါသည်။ ပြည်ပတင်ပို့သည့် ကား အစီးရေ တစ်နှစ်လျှင် ၅ သောင်းအထိ ပို့ဆောင်ပေးနိုင်ဖို့ ရည်မှန်းထားပါသည်။

ယခုနှစ်တွင် LNG နှင့် ဒီဇယ် လောင်စာ ၂ မျိုးသုံး ကားအစီးရေ ၉,၄၀၀ အထိ တင်ဆောင်နိုင်သည့် ကားတင်သင်္ဘော ၄ စီး မှာကြားထားပါသည်။

 

Source: SAIC


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 694 times