MG Myanmar က ထူးထူးခြားခြား 100%  Buy Back Guarantee Service ကြေညာ 


MG Myanmar က ထူးထူးခြားခြား 100%  Buy Back Guarantee Service ကြေညာ 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

အီးဗီများ ‌ရောင်းချလျက်ရှိသည့် MG Myanmar က ထူးထူးခြားခြား 100%  Buy Back Guarantee Service ကြေညာချက်ကို ဇွန်လ ၂၇ ရက် တွင် ၎င်း၏ Facebook စာမျက်နှာတွင် ကြေညာထားသည်ကို ဖော်ပြအပ်ပါသည်။


MG Brand New EV ကားများ ဝယ်ယူတဲ့အခါ တိကျခိုင်မာတဲ့ Warrantym After sale services
တွေ ရရှိမယ့်အပြင် ၊ လူကြီးမင်းတို့သုံးစွဲရာမှာ သဟဇာတ မဖြစ်ခဲ့ရင်လည်း တာဝန်ယူမှု ၊ တာဝန်ခံမှုရှိစွာ ပြန်လည်လက်ခံပေးသည့် 100%  Buy Back Guarantee Service ထပ်မံထားရှိပေးထားဦးမယ့် . . . တစ်ဦးတည်းသော  Official Authorized Exclusive Distributor - MG Myanmar 

ကျွန်တော်တို့ MG Myanmar ဟာ Official Authorized Exclusive Distributor အနေဖြင့် MG EV Brand New ကားများကို Europe Standard များအတိုင်း မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် Sales , Service, Spare Parts, Survey စသည့် 4S နှင့်အညီ တာဝန်ယူမှုရှိစွာ တရားဝင်တင်သွင်းဖြန့်ဖြူးရောင်းချလျှက်ရှိတယ်ဆိုတာ အားလုံး အသိပဲ ဖြစ်ပါတယ်။ 
လက်ရှိအချိန်မှာဆိုရင်လည်း EV Brand New ကားများကို စိတ်ဝင်စား ယုံကြည်စွာဖြင့် တခဲနက်စောင့်ဆိုင်း ဝယ်ယူအားပေးနေကြတဲ့ ကားချစ်သူလူကြီးမင်း တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်အသိအမှတ်ပြု ရပါတယ်ခင်ဗျာ။
ဒီလို ကျွန်တော်တို့ရဲ့ Europe Standard MG EV ကားများကို ယုံကြည်ချက်ရှိရှိဖြင့် end user လက်ထဲအရောက် တာဝန်ယူမှု / တာဝန်ခံမှုရှိစွာရောင်းချပေးနေသည့်တိုင်အောင် …….. 
ဝယ်ယူပြီး ကိုယ်တိုင်လက်တွေ့အသုံးချရာမှာ တချို့သောလူကြီးမင်းများအနေနှင့် . . . . . .
- ပြောင်းလဲမှုအသစ် ၊ နည်းပညာအသစ်တွေနှင့် အကျွမ်းတဝင်ဖြစ်နိုင်ဖို့ ခဲယဉ်းခြင်း (သို့ )
- ကိုယ်ဖြတ်သန်းနေကျ Daily Driving Style နဲ့ အသားကျ ကိုက်ညီမှု မရှိဘူးလို့ ယူဆလို့ပဲဖြစ်ဖြစ်
MG ရဲ့ Brand New EV ကားတွေကို ဝယ်ယူပြီး ဆက်လက်အသုံးပြုရန် သဟဇာတမဖြစ်နိုင်ဘူးလို့ ထင်မြင်ယူဆ မိတယ်ဆိုရင်တော့ လူကြီးမင်းတို့၏ အဆင်ပြေစိတ်ချမ်းသာရေးကိုသာ အစဉ်ဦးစားပေး၍ တာဝန်ယူမှု အပြည့်ရှိနေ သည့် ကျွန်တော်တို့  MG Myanmar အနေနှင့် ဝယ်ယူထားတဲ့ EV Customer များကို ရက် ၃၀ အတွင်း မှာပဲ 
ကျွန်တော်တို့ Aftersales Service ၏ Terms and Conditions များအတိုင်း ပြန်လည်စစ်ဆေးပြီး 
( ဝယ်ယူခဲ့သော ကားတန်ဖိုး + အထွေထွေကုန်ကျစရိတ် ) စသည်တို့ကို 100%  Buy Back Guarantee Service လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။
ဒါဟာ ကျွန်တော်တို့ MG Myanmar ၏ ကားချစ်သူလူကြီးမင်းများအပေါ်ထားရှိသော ကားမဝယ်ခင်ရော / ကားဝယ်ပြီးချိန်ကိုပါ အပြည့်အဝ ဂရုစိုက်မှု ၊ တာဝန်ယူမှုများထဲက Service ဝန်ဆောင်မှု တစ်ခုဆိုလည်း မမှားပါဘူးခင်ဗျာ။
အသေးစိတ် သိရှိလိုပါက 
MG Myanmar Sale Hotline - 
09 7560 37711, 
09 7560 40680, 
09 7530 48310


 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 400 times