Mercedes စီးရေ ၁ သန်းနီးပါးတို့တွင် ဘရိတ်ချို့ယွင်းမှု ရှိနေကြောင်း သတိပေးချက်ထုတ်ပြန်


Mercedes စီးရေ ၁ သန်းနီးပါးတို့တွင် ဘရိတ်ချို့ယွင်းမှု ရှိနေကြောင်း သတိပေးချက်ထုတ်ပြန်

 

၂၀၀၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ထုတ်လုပ်ခဲ့သော ML၊ GL နှင့် R-Class မော်တော်ကားများကို စစ်ဆေးခြင်း မပြုမီအထိ မောင်းနှင်ခြင်းမပြုသင့်ကြောင်း သတိပေး ကြေညာထားပါတယ်။


 Mercedes-Benz က မော်ဒယ်အဟောင်း စီးရေ ၁ သန်းခန့်ကို ဘရိတ်စစ်ဆေးပေးရန် ပြန်လည်ခေါ်ယူနေပါတယ်။
 ဘရိတ်စနစ်မှာ ပြဿနာ ရှိနေကြောင်း ဂျာမန်ပြည်ထောင်စု ပို့ဆောင်ရေး အာဏာပိုင်  German federal transport authority (KBA) က ပြောကြားပါတယ်။
KBA က ၂၀၂၂ ဇွန်လ ၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြန်ခေါ်ယူတဲ့ ကားစာရင်းမှာ ၂၀၀၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ထုတ်လုပ်ခဲ့သော SUV series ML၊ GL နှင့် R-Class luxury minivan မော်တော်ကားများ ပါဝင်ကြောင်း အသိပေးထားပါတယ်။


“အဆိုးဆုံးအခြေအနေမှာ ဘရိတ်ဘူစတာမှာ တိပွန်းစားထားတာကြောင့် ဘရိတ် ‌ေြခနင်းတံနဲ့ ဘရိတ်စနစ်ကြားက ဆက်သွယ်မှု ပြတ်တောက်သွားနိုင်တယ်” လို့ KBA မှ ပြောကြားပါတယ်။
နောက်ဆက်တွဲအနေဖြင့် ဘရိတ်စနစ် အလုပ်မလုပ်ပေးနိုင်တော့ဘူးလို့ ဆိုပါတယ်။ 
ဂျာမနီမှာ စီးရေ ၇၀,၀၀၀ ဝန်းကျင်အပါအဝင် တစ်ကမ္ဘာလုံးမှာ စီးရေ ၉၉၃,၄၉၇ အကျုံးဝင်ကြောင်း KBA က ပြောကြားပါတယ်။

Mercedes-Benz က ကားများ ပြန်ခေါ်ယူတာကို အတည်ပြုပါတယ်။ 
ပွန်းစားထားတာ ပြင်းထန်နေရင် ဘရိတ်ဘူစတာ ထိခိုက်ပြီး ဘရိတ်လှုပ်ရှားမှု မပြုတော့တဲ့အတွက် ဘရိတ်နင်းချိန်မှာ ကားက အရှိန်မကျတော့ဘူးလို့ Mercedes က ပြောကြားပါတယ်။ ဘရိတ်ခြေနင်းတံနှင့် ဘရိတ်စနစ်တို့ တသီးတခြားစီ ဖြစ်ပြီး ဘရိတ်ပေါက်တဲ့ကားလိုမျိုး ဖြစ်နေမှာ ဖြစ်ပါတယ်။

ပြန်ခေါ်ယူတာကို ချက်ချင်း လုပ်ဆောင်နေကြောင်း၊ ကားပိုင်ရှင်များထံ ဆက်သွယ်အသိပေးနေကြောင်း Mercedes ကုမ္ပဏီက ပြောကြားပါတယ်။

စာရင်းမှာ အကျုံးဝင်တဲ့ကားများကို စစ်ဆေးပေးပြီး လိုအပ်ရင် အသိတ်အပိုင်းများ အသစ်လဲပေးမယ်လို့ Mercedes က ဆိုပါတယ်။
"စစ်ဆေးမှုမပြီးမချင်း၊ ကျွန်ုပ်တို့၏ ဖောက်သည်များအား ၎င်းတို့၏ ယာဉ်များကို မမောင်းနှင်ရန် ကျွန်ုပ်တို့ တိုက်တွန်းပြောဆိုပါသည်" လို့ Mercedes က AFP သတင်းဌာနသို့ ပေးပို့သည့် စာမှာ ဖော်ပြထားပါတယ်။

Read 1093 times