Mercedes-Benz က ထိုင်းနိုင်ငံတွင် ပရီမီယံ အီးဗီ ထုတ်လုပ်ရန် စတင်ဆွေးနွေး
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ထိုင်းနိုင်ငံတွင် အကောင်အထည်ဖော်မယ့် လျှပ်စစ်ကားသစ် စီမံကိန်းအတွက် Mercedes-Benz Thailand က ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ Board of Investment (BoI) နှင့် စတင်ဆွေးနွေးနေပါတယ်။ Mercedes-Benz က ထိုင်းနိုင်ငံ အမြင့်တန်း စည်းစိမ်ကား အီးဗီကဏ္ဍမှာ ဦးဆောင်နေရာကို ရယူဖို့ ရည်မှန်းချက် ထားရှိပါတယ်။
.
ထိုင်းအစိုးရက အီးဗီလုပ်ငန်းကဏ္ဍ ကြီးထွားလာစေရန် ရှင်းလင်းပြတ်သားသော မူဝါဒကို စတင်ခဲ့ပြီးနောက် ထိုင်းနိုင်ငံ အီးဗီလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားခဲ့ကြောင်း Mercedes-Benz Thailand ရဲ့ ဒုတိယ ဥက္ကဋ္ဌ Bjoern Joachim Gustrau က ပြောကြားပါတယ်။
.
"ထိုင်းအစိုးရ ပေးတဲ့ အီးဗီ မက်လုံး အစီအစဉ်များနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေမှာ တိုးတက်မှုတွေ ရရှိနေပါတယ်၊ ဒါပေမဲ့ အသေးစိတ်ကိုတော့ အခုလောလောဆယ် မပြောနိုင်သေးပါဘူး"လို့ ၎င်းက ပြောပါတယ်။
မကြာသေးခင်က Mercedes-Benz မှ တင်ပြတဲ့ ပလပ်ထိုး ဟိုက်ဘရစ် အီးဗီ plug-in hybrid EV (PHEV) ထုတ်လုပ်မယ့် အစီအစဉ်ကို ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ က အတည်ပြု ခွင့်ပြုခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံမှုက လက်ရှိကားစက်ရုံကို တိုးချဲ့လုပ်ကိုင်တာ ဖြစ်ပါတယ်။
.
Mercedes-Benz အနေဖြင့် ထိုင်း အီးဗီစျေးကွက် ပိုမိုလျင်မြန်စွာ ကြီးထွားလာမယ်လို့ ယုံကြည်ပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံမှ အီးဗီ ထုတ်လုပ်တဲ့ ကုမ္ပဏီများ စျေးကွက်ထဲသို့ ဝင်ရောက်လာတဲ့အတွက်ကြောင့် ကြီးထွားနှုန်း မြန်ဆန်လိမ့်မယ်လို့ တွက်ဆထားပါတယ်။
.
Mercedes-Benz က ပရီမီယံအပိုင်းရှိ အီးဗီများကို အာရုံစိုက် လုပ်ကိုင်သွားမှာ ဖြစ်လို့ ဈေးကွက် အပိုင်းအကန့်ချင်း တခြားစီ ဖြစ်နေတဲ့ တရုတ်ပြိုင်ဘက်များအတွက် Mercedes-Benz အနေဖြင့် စိုးရိမ်မည် မဟုတ်ကြောင်း Mr Gustrau က ပြောကြားပါတယ်။
.
Mercedes-Benz Thailand က မော်ဒယ်အသစ် ဖြစ်တဲ့ C Class အတွက် PHEV မော်ဒယ်အသစ် ဖြစ်တဲ့ C 350 e AMG Dynamic နှင့် multi-purpose van MPV မော်ဒယ် Vito 119 CDI Tourer Select တို့ကို အောက်တိုဘာ လလယ်မှာ ထိုင်းဈေးကွက်ထဲ စတင်ရောင်းချခဲ့ပါတယ်။
Source bangkokpost