Mercedes-Benz ကားတွေမှာ Supercomputer တပ်ဆင်ရန် Google နှင့် ပူးပေါင်း


 

ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ ဗုဒ္ဓဟူးနေ့က Mercedes-Benz က  Google နှင့် ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့ပြီး Mercedes ကားတွေမှာ Navigation နဲ့ Supercomputer တွေလိုမျိုး Performance ရရှိဖို့အတွက် အလိုလျောက်မောင်းနှင်တဲ့ Sensor တွေ တပ်ဆင်တော့မှာ ဖြစ်ပါတယ်။ Mercedes-Benz က အလိုအလျောက် မောင်းနှင်ပေးတဲ့စနစ်နဲ့ ဈေးကွက်ပြိုင်ဖက်တွေဖြစ်တဲ့ Tesla နဲ့ တရုတ်ကားထုတ်လုပ်ရေး ကုမ္ပဏီတွေကို ယှဥ်ပြိုင်တော့မှာလည်း ဖြစ်ပါတယ်။ 

 

ကားထုတ်လုပ်သူတိုင်းက Tesla ရဲ့ Software ကို ယှဥ်ပြိုင်ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေကြပြီး Tesla Software ဟာ အဝေးတစ်နေရာကနေ ကားရဲ့ Performance၊ Battery Range နဲ့  အလိုအလျောက် မောင်းနှင်နိုင်တဲ့ စနစ်ကို Update လုပ်ပေးနိုင်ပါတယ်။ 

 

၂၀၁၅ ခုနှစ်က မိတ်ဆက်ပေးခဲ့သည့် Self-Driving Car 

Mercedes F015 Prototype

 

ဂျာမန်ကားထုတ်လုပ်သူတွေက Semiconductor တွေ ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Nvidia Corp နဲ့ အမြတ်ငွေခွဲယူဖို့ သဘောတူညီချက် ထားရှိထားပြီး ၂၀၂၀ ခုနှစ်ကတည်းက အလိုအလျောက် မောင်းနှင်နိုင်တဲ့ စနစ်အတွက် လိုအပ်တဲ့ အားကောင်းတဲ့ Semiconductor တွေရဲ့ ကြိုတင် ဝယ်ယူနိုင်တဲ့ ကုန်ကျစရိတ်ကို လျှော့ချနိုင်ဖို့ ပူးပေါင်းထားခဲ့ကြောင်းကို Mercedes-Benz ရဲ့ CEO ဖြစ်သူ Ola Kaellenius က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထည့်သွင်း ပြောကြားခဲ့ပါတယ်။ 

 

ကြီးကြီးမားမား ထောက်ပံ့ပေးထားတဲ့ Chip တစ်ခုအတွက်သာ ပေးချေပြီး ပူးပေါင်းပြီး ရလာမယ့် ဝင်ငွေကို ဘယ်လို ရနိုင်သမျှ ရအောင်လုပ်မလဲဆိုတာ စဥ်းစားရမယ်လို့လည်း ပြောခဲ့ပါတယ်။ နောက်ပြီး ယာဥ်မောင်းတွေက Chip နဲ့ ထောက်ပံ့ပေးထားတဲ့ စနစ်တွေ အကုန်မဖွင့်ထားဘဲ နေမယ်ဆိုရင် ပိုပြီး အကုန်အကျ သက်သာမယ်လို့လည်း ပြောခဲ့ပါတယ်။ 

 

သို့သော်လည်း ဝယ်ယူသူတွေက Extra Option Package ကို ထပ်မံဝယ်ယူမှ Lidar Sensor တပ်ဆင်ပေးထားပြီး အလိုအလျောက် မောင်းနှင်နိုင်တဲ့ Level 3 Hardware ကို ရရှိမှာ ဖြစ်ပါတယ်။  

 

အလိုအလျောက် မောင်းနှင်နိုင်ဖို့ Sensor တွေ ထုတ်လုပ်ပေးနေတဲ့ Luminar Technologies Inc. က တခြားကားထုတ်လုပ်ရေး ကုမ္ပဏီတွေနဲ့ ဒေါ်လာ Billion ချီတဲ့ သဘောတူညီမှုတွေ ရရှိခဲ့ပြီး ရှယ်ယာ ၂၅% မြင့်တက်ခဲ့ပါတယ်။ ဒီကုမ္ပဏီမှာ Mercedes ရဲ့ St‌ake အနည်းငယ်ပါဝင်ပြီး ယခုဆယ်စုနှစ်အလယ်ပိုင်းမှာ Sensor တွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။ 

 

 

Luminar Technologies Inc. ရဲ့ Self-Driving Sensor

 

Mercedes က Software Update Day ကို Sunnyvale၊ California ပြုလုပ်ခဲ့ပြီး ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီကြေညာချက်ထဲမှာ နှစ်ပေါင်းများစွာ လုပ်ဆောင်နေခဲ့တဲ့ Supplier ပေါင်းစုံက ကိုယ်တိုင် ထိန်းချုပ်ခွင့်ပေးထားတဲ့ Software တွေကို ပေါင်းစည်းတဲ့ လုပ်ငန်းစဥ်တွေအကြောင်းနဲ့ နောက်ထပ် Partner တွေ ဖိတ်ခေါ်ခဲ့တဲ့ အကြောင်းတွေကို အသေးစိတ် ဖော်ပြထားခဲ့ပါတယ်။ 

 

၂၀၂၂ ခုနှစ်မှာ Software ပိုင်းအတွက် ဝင်ငွေ ဒေါ်လာ ၁.၀၆ ဘီလီယံ ရရှိခဲ့ပြီး ယခုဆယ်စုနှစ် အလယ်ပိုင်းမှာ MB Operating System (MB OS) အသစ်ကို မိတ်ဆက်ပေးကာ ၂၀၃၀ ခုနှစ်မှာ ဝင်ငွေ ဘီလီယံ အနည်းငယ်တိုးလာဖို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။ 

 

Advertisement

Click Here >>> Mega Global Green

 

ဒါ့အပြင် Kaellenius က အကျိုးအမြတ် ဘယ်လောက်အထိ ကြီးမားနိုင်တယ်ဆိုတာ မသိတာကြောင့် သတိထားပြီး ချည်းကပ်နေရတယ်လို့လည်း ဆက်လက် ပြောကြားခဲ့ပါတယ်။ 

 

Google နဲ့ ပူးပေါင်းလိုက်ခြင်းက Mercedes ကားတွေအတွက် Traffic Information နဲ့ လမ်းရွေးချယ်မှု ပြောင်းလဲနိုင်ဖို့ အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။ 

 

Level 3 အလိုအလျောက် မောင်းနှင်တဲ့ စနစ်ဖွင့်ထားတဲ့အချိန်မှာ ယာဥ်မောင်းတဲ့သူတွေက ကားထဲမှာပါတဲ့ Entertainment System နဲ့ Youtube ကြည့်လို့ရမှာဖြစ်ပြီး Steering Wheel မကိုင်ပဲ နေလို့ရမှာ ဖြစ်တဲ့အပြင် လိုအပ်တဲ့အချိန်မှသာ အသုံးပြုလို့ အဆင်ပြေစေမှာ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ 

 

Google ရဲ့ ကားအတွက် Software ဖြစ်တဲ့ Android Auto

 

တခြားကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေဖြစ်တဲ့ General Motor၊ Renault၊ Nissan နဲ့ Ford တို့ကလည်း Google က ထောက်ပံ့ပေးတဲ့ Service တွေကို သူတို့ထုတ်လုပ်တဲ့ ကားတွေထဲ ထည့်သွင်းပေးထားပြီး အဲ့ဒီ Service တွေမှာ Google Map၊ Google Assistant နဲ့ တခြား Application တွေလည်း ပါဝင်ပါတယ်။ 

 

Mercedes က နောက်ထွက်ရှိမယ့် ကားတွေရဲ့ ယာဥ်မောင်းနေရာမှာ Hyperscreen လို့ခေါ်တဲ့ စနစ်တစ်ခုကိုလည်း ထည့်သွင်းပေးသွားဦးမှာ ဖြစ်တယ်လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ 

 

Source - Reuters

Read 271 times