တရုတ်နိုင်ငံတွင် မားစီးဒီး ရောင်းအားမြင့်တက်


တရုတ်နိုင်ငံတွင် မားစီးဒီး ရောင်းအားမြင့်တက်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ဂျာမန်ကားထုတ်လုပ်သူ Mercedes-Benz သည် ယမန်နှစ်က တရုတ်နိုင်ငံတွင် ကားအစီးရေ ၇၆၅,၀၀၀ ခန့်ကို မှာကြားထားသူများထံ ပေးအပ်ခဲ့သည်။

လျှပ်စစ်ကားစစ်စစ် မော်ဒယ်များ ရောင်းအားသည် ၂၀၂၃ ခုနှစ်တွင် ၂၀၂၂ ခုနှစ်ထက် နှစ်ဆပိုများသည်။

 

မားစီးဒီး၏ အမြင့်တန်း အထက်တန်းစားကားများ ရောင်းအား ကြီးထွားခဲ့သည်။  

Mercedes-Maybach သည် ၁၂% နှင့် G-class သည် ၂၂% ရောင်းအား ကြီးထွားခဲ့သည်။

 

Mercedes-Benz သည် ‌၎င်း၏ အီးဗီ အသုံးပြုသူများအတွက် စူပါအားသွင်းရုံများကို မြို့ကြီးများတွင် ထားရှိပေးသည်။ယခုအခါ မားစီးဒီး အားသွင်းကွန်ရက်တွင် တရုတ်နိုင်ငံတလွှား မြို့ ၃၄၀ ကျော်တွင် အားသွင်းတိုင် စုစုပေါင်း ၅၉၀,၀၀၀ နီးပါး ရှိလာပြီ ဖြစ်သည်။ 

 

Mercedes-Benz သည် ယခုနှစ်အတွင်း တရုတ်နိုင်ငံမှ သုံးစွဲသူများထံ မော်ဒယ်အသစ် ၁၅ ခု ရောင်းချပေးမည်ဟု Beijing Mercedes-Benz Sales Services Co., Ltd. ၏ အရောင်းအမှုဆောင်အရာရှိချုပ် Oliver Britz က ပြောကြားသည်။

 Source Xinhua 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 525 times