အလိုအလျောက် အာရုံခံထိန်းချုပ်နိုင်သော စတီယာရင်ပုံစံအသစ်နှင့် Mercedes Benz S- Class


၂၀၁၈ မိုဒယ် Mercedes Benz S- Class အသစ်စက်စက် ကားအမျိုးအစားသည် touch sensitive control buttons ပါဝင်သော စတီယာရင် ပုံစံအသစ်နှင့် ယခင်မိုဒယ်များ ထက်ပိုပြီး လွယ်လွယ်ကူကူထိန်းချုပ်မောင်းနှင်နိုင်ပါသည်။

ထိုကားသည် 3.0 L ဓာတ်ဆီအင်ဂျင်ကိုအသုံးထား၍ အင်ဂျင်၏ စွမ်းဆောင်ရည်အနေဖြင့် မြင်းကောင်ရေ ၃၆၇ ကောင်အားရှိပြီး Twin turbo အင်ဂျင်ကိုအသုံးပြုထားသော ဆီဒန်ကား အမျိုးအစားဖြစ်ပါသည်။

ယခင် S-Class မိုဒယ်များထက် ပိုမိုဆန်းသစ်သော ကိုယ်ထည်ဒီဇိုင်းကို ဖန်တီးထားပါသည်။

အလျားလိုက်ရှဲလ်သုံးတန်းကို ခရိုမီယမ်ဘောင်များ အနားကွပ်ထားပြီး ရှဲလ်၏ အထက် အလယ်တည့်တည့်တွင် Mercedes ၏ လိုိဂိုတံဆိပ်ကို တပ်ဆင်ထားပါသည်။

ဆန်းသစ်သော ဒီဇိုင်းနှင့် ပုံဖော်ထားသော ရှေ့မီးလုံးများသည် အဆင့်မြင့် နည်းပညာနှင့် ထိန်းချုပ်ပေးနိုင်သော LED မီးလုံးများတပ်ထင်ထားပါသည်။

ယာဉ်၏ အတွင်းခန်းကို အပူအအေးထိန်းညှိပေးနိုင်သော ဒစ်ဂျစ်တယ်အဲကွန်းစနစ် ပါရှိပါသည်။

အဆင့်မြင့်ချုပ်လုပ်ထားသော သားရေထိုင်ခုံများက စိတ်ကြိုက်အနေအထားချိန်ညှိနိုင်ပြီး အပူအအေးထိန်းပေးသော စနစ်ပါရှိပါသည်။

နောက်တန်းထိုင်ခုံနှစ်ခုတွင်  Massage System ပါရှိသည့်အတွက် ခရီးသွားရင်း အညောင်းအညာပြေစေပြီး ဇိမ်ခံစီးနင်းနိုင်ပါသည်။

ဖျော်ဖြေရေးအစီစဉ်အနေဖြင့် burmester surround sound system ၏ ပတ်လည်အသံစနစ် ပါရှိပြီး စီဒီ၊ အမ်မီသရီး၊ အမ်ပီဖိုးစသော ဖျော်ဖြေရေးကိရိယာပုံစံမျိုးစုံနှင့် ချိတ်ဆက်ခံစားနိုင်ပါသည်။

Wireless Charger ပါရှိသည့်အတွက် ဖုနး်အားသွင်းကြိုးမလိုဘဲ ခရီးသွားရင်း ဖုန်းအားသွင်းနိုင်ပါသည်။

၃၆၀ ဒီဂရီလှည့်နိုင်သော နောက်ကြည့်ကင်မရာနှင့် အာရုံခံကိရိယာ (sensors) များတပ်ဆင်ထားသည့်အတွက် ယာဉ်မောင်းသူ၏ မျက်ကွယ်အရပ်ကမြင်ကွင်းများကို မော်နီတာက တစ်ဆင့် တွေ့မြင်နိုင်ပြီး အန္တရာယ်ရှိနိုင်သော အရာဝတ္တုများနှင့် နီးကပ်လာခဲ့ပါက အချက်ပြသတိပေးနိုင်သည့်အပြင် ကားပါကင်ထိုးရာတွင်လည်း လွယ်ကူစေပါသည်။

သော့တံမလိုဘဲ keyless go စနစ်ပါရှိသည့်အတွက် အလွယ်တကူ ခလုတ်နှိပ်စက်နှိုးနို်င်ပါသည်။

စတီယာရင်လက်ကိုင်မှ ထိန်းချုပ်နိုင်သော စနစ်များပါရှိပါသည်။

ဥပမာအားဖြင့် အသံဗော်လျူးမ်စနစ်များ ထိန်းချုပ်နိုင်သကဲ့သို့ cruise control စနစ်ကိုလည်း ထိန်းချုပ်နိုင်ပါသည်။

Touch Screen မှလည်း ဖန်ရှင်များကို ထိန်းချုပ်ထားနိုင်ပါသည်။

ယာဉ်မောင်းသူများနှင့် ရှေ့မှ လိုက်ပါစီးနင်းသူများအတွက် ပတ်လည်အသက်ကယ်လေအိတ်စနစ်ပါရှိပြီး အသက်ကယ်လေအိတ်ရှစ်လုံးအထိ ပါရှိသည့်အတွက် လုံခြုံစိတ်ချစွာဖြင့် မောင်းနှင်နိုင်ပါသည်။

၂၀၁၈ မိုဒယ် Mercedes Benz S- Class ကား၏ တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၃၈၀၀၀၀ ဝန်းကျင်ရှိပါသည်။

 

Read 757 times