Mercedes-Benz အီးဗီများ မလေးရှားတွင် ရောင်အားကောင်း 


Mercedes-Benz အီးဗီများ မလေးရှားတွင် ရောင်အားကောင်း 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


ဂျာမန် တန်းမြင့်ကားထုတ်လုပ်သူ Mercedes-Benz  အီးဗီမော်ဒယ်များ ရောင်းအားတွင် မလေးရှားရောင်းအားသည် ကမ္ဘာတစ်လွှား ရောင်းအား ပျမ်းမျှထက် ပိုများနေကြောင်း၊ မလေးရှားတွင် တန်းမြင့် လျှပ်စစ်ကားစစ်စစ် ဝယ်လိုအား ကြီးမားကြောင်း Mercedes-Benz Group AG က ပြောကြားသည်။ 
Mercedes-Benz Group AG သည် မလေးရှား ဈေးကွက်တွင် ၂၀၃၀ ခုနှစ်မှစ၍ အီး‌ဗီ‌မော်ဒယ်များသာ ရောင်းချရန် အစီအစဉ် ရေးဆွဲထားသည်။ ထို့ပြင် မလေးရှားတွင် အီးဗီများကို  တပ်ဆင် ထုတ်လုပ်သည်။ 

ယခုနှစ် ပထမနှစ်ဝက်တွင် မလေးရှားမှာ Mercedes လျှပ်စစ်ကားများ ရောင်းအား ၂၀၀% မြင့်တက်သည်။ ယမန်နှစ်က ရောင်းချစီးရေ နည်းပါးခဲ့ပြီး ယခုနှစ်မှာ ရောင်းအား မြင့်တက်လာခြင်း ဖြစ်သည်။ အကယ်၍ ယခင်နှစ်က ရောင်းအား မနည်းခဲ့လျှင် ယခုနှစ်တွင်  ၂၀၀% အထိ မြင့်တက်ဖို့ မသေချာပေ။ သို့သော် ကမ္ဘာတစ်လွှားရောင်းအားသည် ၁၂၀% သာ မြင့်တက်သည်ထက်တော့ ရာခိုင်နှုန်း သိသိသာသာ ပိုများနေသည်။ သို့ဖြစ်ရာ မလေးရှားတွင် အီးဗီအတွက် ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ထားသည်။

“လူတွေက အီးဗီ ကားတွေကို စိတ်ဝင်စားကြတယ်၊ တခြား အီးဗီ လုပ်ငန်းတွေ မလေးရှား အီးဗီ စျေးကွက်ထဲကို ဝင်လာကြတယ်။ အီးဗီဝယ်လိုအားကြီးမားတယ်" ဟု Mercedes-Benz Malaysia ဒု-ဥက္ကဋ္ဌ Bettina Planger က ပြောသည်။
 
ကမ္ဘာ့အကြီးဆုံး အီးဗီလုပ်ငန်း နှစ်ခုဖြစ်သည့် BYD Co. နှင့် Tesla Inc တို့သည် မလေးရှား ဈေးကွက်ထဲသို့ တရားဝင် ဝင်ရောက်ခဲ့ကြသည်။

Mercedes က ပရီမီယံတန်းတွင် အနေအထား ရယူထားသည်။ မော်ဒယ် ၅ ခုကို ဗားရှင်း ၇ မျိုးဖြင့် ရောင်းချသည်။

မလေးရှားတွင် တပ်ဆင်ထုတ်လုပ်သဖြင့် သွင်းကုန်ခွန် သက်သာသော်လည်း EQS 500 4Matic မော်ဒယ် ရောင်းဈေးသည် ရင်းဂစ် ၆၄၉,၀၀၀ (US$142,000) ဟု သတ်မှတ်ထားသည်။ မလေးရှား အီးဗီဈေးကွက်တွင် ဈေးအကြီးဆုံး အီးဗီ ဖြစ်သည်။
နှိုင်းယှဉ်ကြည့်မည်ဆိုပါက Tesla Model Y SUV သည် ရင်းဂစ် ၁၉၉,၀၀၀(US$43,400) ဖြင့် ဈေးဖွင့်ထားသည်။ BYD Dolphin အီးဗီ ရောင်းဈေးမှာ ရင်းဂစ် ၉၉,၉၀၀ ဖြစ်ပြီး Atto 3 အီးဗီ ရောင်းဈေးမှာ ရင်းဂစ် ၁၄၉,၀၀၀ ဖြစ်ပါသည်။
Mercedes သည် စည်းစိမ်အမှတ်တံဆိပ် luxury brand အဖြစ်ဖြင့် ဈေးကွက်ဖော်ဆောင်သဖြင့် ဈေးမြင့်သည်။ 
Source scmp

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 479 times