Mercedes-Benz က နောက်ဆုံးမျိုးဆက် လောင်စာအင်ဂျင် E-Class မော်ဒယ် ထုတ်လုပ်


ကမ္ဘာ့နာမည်ကြီး Mercedes-Benz ကားကုမ္ပဏီသည် ၎င်း၏ လောင်စာဂျင်အင်အတွက် နောက်ဆုံးမော်ဒယ်ဖြစ်သည့် E-Class မော်ဒယ်အား ဧပြီလ ၂၅ ရက်နေ့က ထုတ်လုပ်ပြသခဲ့ပြီး ဂျာမနီနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် ထုတ်လုပ်မှု ပြုလုပ်ကာ ၂၀၂၃ ခုနှစ် တတိယ သုံးလပိုင်းအတွင်း ဥရောပနိုင်ငံများ၌ စတင် တင်ပို့ ရောင်းချမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ 

 

ယခု E-Class မော်ဒယ်သည် Hybrid အနေနှင့်ပါ ရရှိနိုင်မည်ဖြစ်သော်လည်း‌ နောက်ထပ်ထွက်ရှိလာမည့် မော်ဒယ်များသည် ဘတ်ထရီစွမ်းအင်သုံး လျှပ်စစ်ကားများ အဖြစ်သာ ထုတ်လုပ် ရောင်းချတော့မည် ဖြစ်ကြောင်း သိရသည်။ 

 

Mercedes-Benz ၏ Chief Technology Officer ဖြစ်သူ Markus Schaefer က ဘတ်ထရီများကို ယခင်ကလို ပြန်လည် တည်ဆောက်ရသည်မှာ ရွေးချယ်ပြုလုပ်သင့်သည့် ကိစ္စဖြစ်ကြောင်း မီဒီယာများနှင့် တွေ့ဆုံပွဲ၌ ပြောကြားခဲ့ပြီး ၎င်းတို့တွင် လျှပ်စစ်ဘတ်ထရီသီးသန့် E-Class ရှိပြီး အဆိုပါကားသည် EQE ဖြစ်သည်ဟု ဖြည့်စွက်ခဲ့သည်။ 

 

 

ဤသို့ နောက်ဆုံးအနေဖြင့် ထွက်ရှိလာမည့် E-Class လောင်စာအင်ဂျင်ကား၏အရှေ့ပိုင်းအခန်းတွင် ဖျော်ဖြေရေးအတွက် အထူးစခရင် ပါရှိကာ နောက်ထိုင်ခုံတွင်လည်း ဖျော်ဖြေရေးအတွက် ပါဝင်ပြီး ဘရိတ်မီးများတွင် Mercedes ကြယ်ပွင့်ပုံများလည်းပါဝင်သည်။ ဒါ့အပြင် ဥရောပ၊ တောင်ကိုရီးယားနှင့် တရုတ်ဈေးကွက်များရှိ ပရိသတ်များအတွက် ကိုက်ညီစေရန်ပြုလုပ်ပေးထားသည့် ဖျော်ဖြေရေး ရွေးချယ်မှုများလည်း ပါဝင်သည်။

အဆိုပါကားအား ၂၀၂၃ ခုနှစ်နှစ်ကုန်ပိုင်းတွင် အမေရိကန်နိုင်ငံ၌ စတင် ရောင်းချမည်ဖြစ်ကာ ၂၀၂၄ ခုနှစ် နှစ်စပိုင်းတွင် တရုတ်နိုင်ငံအတွင်း ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

 

Advertisement

Click Here >>> KKK

 

Mercedes-Benz သည် ၂၀၃၀ ခုနှစ်တွင် တစ်ကမ္ဘာလုံးအတွက် ဘက်ထရီ-လျှပ်စစ် သီးသန့်ရောင်းချမှုကို ပစ်မှတ်ထားလျက် ရှိသော်လည်း ၎င်းသည် စျေးကွက်ခွင့်ပြုသည့်နေရာတွင် ပြုလုပ်ရန်သာ ရည်မှန်းထားကြောင်း ထည့်သွင်း ပြောကြားခဲ့ကာ အဆိုပါရည်မှန်းချက်အား အလေးပေးပြောကြားခဲ့သည်။

 

သို့သော်လည်း ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် Mercedes သည် ၂၀၁၉ နှင့် ၂၀၂၆ ခုနှစ်ကာလအတွက် လောင်ကျွမ်းအင်ဂျင်နှင့် plug-in hybrid နည်းပညာတွင် ၈၀% ဖြင့် ရင်းနှီးမြုပ်နှံခဲ့ပြီး ၂၀၂၂ နှင့် ၂၀၃၀ ခုနှစ်ကာလအတွက် လျှပ်စစ်စွမ်းအင်အတွက် ယူရို ၄၀ ဘီလီယံ (ဒေါ်လာ ၄၄ ဘီလီယံ) ရင်းနှီးမြှုပ်နှံထားကြောင်း ပြောကြားခဲ့သည်။

 

 

အခြားသော ကားကုမ္ပဏီများကလည်း လောင်စာအင်ဂျင်ကားများက အဆုံးသတ်ဖြစ်လာနိုင်မည့် အခြေအနေများ ဖန်တီးလာခဲ့ကြပြီး ထိုထဲတွင်မှ Volkswagen ၏ Golf 8 မော်ဒယ်သည် ၎င်း၏ လောင်စာအင်ဂျင်ကားများအတွက် နောက်ဆုံးမျိုးဆက် ဖြစ်လာမည်ဟု ကြေညာခဲ့ခြင်းလည်း ပါဝင်သည်။ Volkswagen မှ အဆိုပါကားသည် ဥရောပတွင် ရောင်းအကောင်းဆုံး ကားမော်ဒယ်အနေဖြင့် ဆယ်စုနှစ်ကြာ ရပ်တည်ခဲ့သည့် မော်ဒယ်လည်း ဖြစ်သည်။ 

 

>>> Golf လောင်စာအင်ဂျင်ကားများကို ထုတ်လုပ်မှု ရပ်နားမည့် Volkswagen

 

BMW သည် ၎င်း၏ လောင်စာအင်ဂျင်ကားများအား မည်သည့်အချိန်တွင် ထုတ်လုပ်မှု ရပ်တန့်မည်ကို အချိန်အတိအကျ ကြေညာထားခြင်း မရှိသေးသည့်အပြင် ၎င်း၏ ကားအတွက် စွမ်းအင် ရွေးချယ်ခွင့်များကိုလည်း ဖွင့်ပေးထားလျက်ရှိသည်။ 

 

BMW သည် ၂၀၂၄ ခုနှစ်မှ စတင်ကာ ဂျာမနီတွင် လောင်စာအင်ဂျင်ထုတ်လုပ်မှုကို ရပ်နားလိုက်မည် ဖြစ်သော်လည်း အခြားနေရာဒေသများသို့ တင်ပို့မည့် လောင်စာအင်ဂျင်ကားများအတွက် ဆက်လက် ထုတ်လုပ်မည် ဖြစ်ကြောင်း သိရသည်။ 


Source - Reuters

Read 205 times