Mercedes-Benz က ဂျပန်မှာ အီးဗီသီးသန့် အရောင်းပြခန်း ဖွင့်လှစ် 


Mercedes-Benz က ဂျပန်မှာ အီးဗီသီးသန့် အရောင်းပြခန်း ဖွင့်လှစ် 

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တန်းမြင့် စည်းစိမ်ကားထုတ်လုပ်သူ  Mercedes-Benz က ဂျပန်နိုင်ငံမှာ ၎င်းရဲ့ ပထမဆုံး အီးဗီသီးသန့် အရောင်းပြခန်းကို စတင်ဖွင့်လှစ် လိုက်ပါတယ်။
ဂျပန်ပြည်တွင်းကားဈေးကွက်ဟာ ကမ္ယာ့အကြီးမားဆုံး ဈေးကွက်များထဲမှာ တစ်ခု အပါအဝင် ဖြစ်ပြီး အီးဗီသို့ စတင်ကူးပြောင်းနေချိန်မှာ Mercedes-Benz က အီးဗီသီးသန့် အရောင်းပြခန်းဖြင့် ဈေးကွက်မှာ နေရာဝင်ယူလိုက်ပါတယ်။ 
.
ဂျပန်နိုင်ငံ ယိုကိုဟားမားမှာ တည်ရှိတဲ့ အပေါ်ခြမ်း အမည်း၊ အောက်ထပ် မှန်နံရံ ၂ ထပ် အဆောက်အဦမှာ ၎င်းအရောင်းပြခန်းကို အင်္ဂါနေ့ (ဒီဇင်ဘာ ၆) မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ 
 ယိုကိုဟားမားမှာ နိုင်ငံတကာ ပင်လယ်ဆိပ်ကမ်း ရှိပြီး  Nissan Motors , Isuzu Motors တို့ရဲ့ ရုံးချုပ် ထားရှိရာ မြို့လည်း ဖြစ်ပါတယ်။ 

 


.
ဂျပန်ကားဈေးကွက်မှာ အီးဗီတွေက အစပျိုးအဆင့်သာ ရှိနေသေးသော်လည်း  Mercedes-EQ  မော်ဒယ် လျှပ်စစ်ကားများဖြင့် ဈေးကွက်ကို ထိုးဖောက်ပြီး ဝေစုရယူထားဖို့ အခွင့်သာနေပါတယ်။ 
ဈေးကွက်ရဲ့ အီးဗီအပိုင်းအကန့် ပရီမီယံတန်းမှာ ဦးဆောင်သူနေရာကို ရယူပြီး ဈေးကွက်ဝေစုရဖို့ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ Mercedes-Benz Japan ရဲ့ ဥက္ကဋ္ဌ Kintaro Ueno က ပြောကြားပါတယ်။ 
Mercedes-Benz Japan က မိခင်လုပ်ငန်းကို ဂျပန်မှာ အီးဗီသီးသန့် အရောင်းပြခန်းဖွင့်လှစ်ဖို့ အကြံပြုတိုက်တွန်းခဲ့ကြောင်း ၎င်းက ပြောကြားပါတယ်။ 
.
Mercedes-Benz က အီးဗီဆီသို့ အကူးအပြောင်းကို ၂၀၂၁ မှ ထဲထဲဝင်ဝင် စတင်ခဲ့ပါတယ်။ ၂၀၂၅ မှာ ထုတ်လုပ်သမျှ ကားမော်ဒယ်အားလုံး အီးဗီများသာ ဖြစ်ရမည်လို့ ကြေညာခဲ့ပါတယ်။ အီးဗီမော်ဒယ်များ ထုတ်လုပ်နိုင်ဖို့ ယူရို ၄၀ ဘီလီယံ (ကန်ဒေါ်လာ ၄၁.၉ ဘီလီယံ)ကျော် ရင်းနှီးမြှုပ်နှံမှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ဘက်ထရီသုံးလျှပ်စစ်ကားများ ထုတ်လုပ်မှု အပြောင်းအရွှေ့အတွက် ၂၀၂၂ မှ ၂၀၃၀ အထိ  ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပါတယ်။ 

အရောင်းပြခန်းအသစ်မှာ Mercedes-Benz  ရဲ့ အီးဗီမော်ဒယ် ၅ မျိုးစလုံး ပြသထားပါတယ်။ ၂၀၂၃ မှာ နောက်ထပ် အီးဗီမော်ဒယ် ၂ မျိုး ထပ်တိုးပါမယ်။ 
.
ဂျပန်ကားစီးသူများ အီးဗီအပေါ် စိတ်ဝင်စားမှု ရေချိန် မြင့်မားလာတာ မှန်ပေမဲ့ တကယ်တမ်း ဝယ်ဖြစ်သွားတာက ဓာတ်ဆီ သို့မဟုတ် ဒီဇယ်ကားတွေ ဖြစ်ပါတယ်။ လျှပ်စစ်ကားမော်ဒယ်တွေကို အကျွမ်းတဝင် မဖြစ်ကြသေးဘဲ စိမ်းနေကြတဲ့အတွက်ကြောင့် ဖြစ်တယ်လို့  Mercedes-Benz Japan က ဆိုပါတယ်။ 
အီးဗီသီးသန့် အရောင်းပြခန်းမှတစ်ဆင် အီးဗီမော်ဒယ်များကို တရင်းတနှီးဖြစ်အောင် အစမ်းမောင်းကြည့်ဖို့ စီစဉ်ပေးထားတဲ့အပြင် အငှားစနစ်ဖြင့် ငှားစီးကြည့်လို့ရမယ့် အစီအစဉ်များလည်း ရှိပါတယ်။ ထို့ပြင် အိမ်မှာ မီးပျက်နေတဲ့အခါ ကားဘက်ထရီဖြင့် အိမ်ကို မီးပေးထားလို့ရတဲ့ စက်ကိရိယာများကိုလည်း လက်တွေ့စမ်းသပ်ကြည့်ဖို့အတွက်လည်း စီစဉ်ပေးထားပါတယ်။ 
.
ဂျပန်မှာ ပြည်ပမှ တင်သွင်းတဲ့ စည်းစိမ်ရှိ အိမ်စီးကားဈေးကွက် ကြီးထွားလာနေပါတယ်။ ကားရောင်း‌ဈေး ယန်း တစ်သန်း ($73,000) အထက် ရှိတဲ့ ကားများ ၂၀၂၁ မှာ စီးရေ ၂၈,၀၀၀ ရောင်းချခဲ့ကြောင် ဂျပန်နိုင်ငံ မော်တော်ယာဉ် တင်သွင်းသူများ အသင်း Japan Automobile Importers Association မှ ထုတ်ပြန်တဲ့ အချက်အလက်များအရ သိကြရပါတယ်။  ၎င်းကားများထဲမှာ Mercedes-Benz က ထိပ်တန်း ပြည်ပbrand ဖြစ်ပါတယ်။ 
Source asia nikkei

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


 


 

Read 338 times