ရုရှား အကြီးဆုံးထရပ်ကား ထုတ်လုပ်ရေးလုပ်ငန်းမှ မာစီးဒီး အပြီးအပြတ် နှုတ်ထွက်


ရုရှား အကြီးဆုံးထရပ်ကား ထုတ်လုပ်ရေးလုပ်ငန်းမှ မာစီးဒီး အပြီးအပြတ် နှုတ်ထွက်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ဂျာမနီ အခြေစိုက် Mercedes-Benz Group သည် ရုရှားနိုင်ငံ၏ အကြီးဆုံး ထရပ်ကားထုတ်လုပ်‌ေရး လုပ်ငန်း Kamaz ၏ ရှယ်ယာများ အားလုံးကို ရောင်းချလိုက်ပြီဖြစ်သည်။

မည်ရွေ့မည်မျှဖြင့် ရောင်းချသည်၊ မည်သူမည်ဝါ မည်သည့်အဖွဲ့အစည်းက ဝယ်ယူသည် စသည့် အချက်အလက်များ ထုတ်ပြန်ကြေညာခြင်း မပြုပါ။ 

သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများထံမှ ရယူရန် လိုအပ်သော အတည်ပြု ခွင့်ပြုချက်များ အားလုံး ရရှိခဲ့ပြီးနောက် Kamaz တွင် ရင်းနှီးမြှုပ်နှံထားသည့် အစုရှယ်ယာများ အားလုံးကို ရောင်းချခြင်း ပြီးပြတ်ပြီဖြစ်ကြောင်း မားစီးဒီးဘင့်ဇ် လုပ်ငန်းစုက ထုတ်ပြန်ကြေညာပါသည်။

 

Mercedes-Benz AG အဖြစ် မရပ်တည်ခင်က Daimler AG အဖြစ် ရပ်တည်ခဲ့စဉ်က Kamaz တွင် ထရပ်ကားလုပ်ငန်းခွဲ Daimler Truck က ပိုင်ဆိုင်သည့် ရှယ်ယာ ၁၅% ကို ၂၀၂၁ စက်တင်ဘာလတွင်  Daimler Truck ထံမှ လွှဲပြောင်းရယူခဲ့ပါသည် 

၂၀၂၁ ဒီဇင်ဘာလတွင် Daimler Truck ကို တသီးတခြား ခွဲထုတ်ကြပြီး တစင်ထောင်စေခဲ့ပါသည်။ Daimler AG ကို Mercedes-Benz AG ဟု အမည်ပြောင်းလဲပြီး ရပ်တည်ပါသည်။

Kamaz မှ အစုရှယ်ယာများသည် Mercedes-Benz AG လက်ထဲ ဆက်ရှိနေခဲ့ပါသည်။ ၂၀၂၂ မေလတွင် ၎င်းရှယ်ယာများ၏ စုစုပေါင်းတန်ဖိုးမှာ ယူရို သန်း ၂၀၀ (ကန်ဒေါ်လာ ၂၁၅ သန်း) ဖြစ်ပါသည်။

 

မားစီးဒီးဘင့်ဇ်သည် ရုရှားမှ နှုတ်ထွက်မည်ဖြစ်ကြောင်း ၂၀၂၂ ခုနှစ် အနှောင်းပိုင်းတွင် ကြေညာခဲ့ပါသည်။ ရုရှားမှ လုပ်ငန်းကဏ္ဍများကို ရုရှားမှ အဖွဲ့အစည်းများထံ ရောင်းချခဲ့ပါသည်။

Source Reuters 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read 384 times