G-Class ပုံဟောင်း ထုတ်လုပ်မှု နိဂုံးချုပ်တော့မည်


G-Class ပုံဟောင်း ထုတ်လုပ်မှု နိဂုံးချုပ်တော့မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


လက်ရှိ ထုတ်လုပ်နေသော Mercedes-Benz G-Class  မော်ဒယ်ကို ထုတ်လုပ်မှု ရပ်ဆိုင်းမည် ဖြစ်ပြီး လေခွင်းအား ပိုကောင်းအောင် စီမံပေးထားခြင်းဖြင့် ဆီစား လက်ရှိမော်ဒယ်ထက် သက်သာသော မော်ဒယ်အသစ်ကို နောက်နှစ်မှာ စတင်ထုတ်လုပ်မည်။
မော်ဒယ် အသစ် ထုတ်လုပ်ဖို့ ပြင်ဆင်ရန်အတွက် မော်ဒယ် အဟောင်းကို ၂၀၂၄ နှစ်စပိုင်းတွင် ထုတ်လုပ်မှု ရပ်မည် ဖြစ်သည်။
 သို့ဖြစ်ရာ လက်ရှိ လမ်းကြမ်းမောင်း SUV G-Class  မော်ဒယ်ကို၂၀၂၄ ပထမ ၃ လပတ်(ဇန်နဝါရီမှ မတ်လအထိ) အတွင်း ထုတ်လုပ်မှု နိဂုံးချုပ်မည်။

 

လက်ရှိ Mercedes-Benz G-Class  မော်ဒယ်

 

မော်ဒယ်အသစ်ကို ဓာတ်ဆီအင်ဂျင်၊ ဒီဇယ်အင်ဂျင်တို့ဖြင့် ထုတ်လုပ်မည်။ လျှပ်စစ်ကားမော်ဒယ် EQG ကိုလည်း ထုတ်လုပ်မည်။ 
G-Class ကို ဩစတီးယားမှ Magna Steyr ကုမ္ပဏီက ထုတ်လုပ်ပေးသည်။ Magna Steyr ကုမ္ပဏီသည် BMW နှင့် Toyota Supra တို့ကိုလည်း ထုတ်လုပ်ပေးသည်။ 

 

 

Mercedes-Benz G-Class  မော်ဒယ်အသစ်


EQG တွင် လေခွင်းအား ကောင်းမွန်အောင် အဆင့်မြှင့်ပေးထားသည်တို့ကို G-Class မော်ဒယ်အသစ်တွင် ယူသုံးမည်။ 
လေခွင်းအား ကောင်းအောင် ပုံပြောင်းပေးသော်လည်း G-Class ၏ မူလဟန်ပန်ကို ဆက်လက် ထိန်းသိမ်းပေးထားသည်။

 

 

Mercedes-Benz EQG


“ပုံသဏ္ဍာန်မပြောင်းလဲဘဲ လေခွင်းအားကို မြှင့်တင်ပေးခဲ့ထားပါတယ်။ လျှပ်စစ်ဗားရှင်းမှာ ကျွန်တော် သိထားတာတွေကို အင်ဂျင်ကားမှာ သုံးစွဲပါမယ်။ ဒါကြောင့် နောက်နှစ်မှာ သွင်ပြင် မွမ်းမံထားတဲ့ မော်ဒယ်က လေခွင်အား ပိုကောင်းမယ်။ ဆီစားတာ အများကြီး သက်သာသွားမယ်" ဟု G-Class လုပ်ငန်းဌာန အကြီးအကဲ ဒေါက်တာ Emerich Schiller က ပြောကြားပါသည်။

Source drive
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 379 times