Mercedes-Benz G-Class ကို F Brand ပထမဆုံးမော်ဒယ်ဖြင့် BYD ယှဉ်ပြိုင်မည်


Mercedes-Benz G-Class ကို F Brand ပထမဆုံးမော်ဒယ်ဖြင့် BYD ယှဉ်ပြိုင်မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

BYD သည် Mercedes-Benz G-Class လမ်းကြမ်း SUV ကို ယှဉ်ပြိုင်မည့် F brand ပထမဆုံးထုတ်ကုန်ကို ယခုနှစ်အတွင်း ဖြန့်ချိမည်ဖြစ်ပြီး လမ်းကြမ်းကဏ္ဍကို အာရုံစိုက် လုပ်ဆောင်နေကြောင်း ပြည်တွင်းမီဒီယာ 36kr မှ သတင်းဖော်ပြပါသည်။  BYD မှ တရားဝင် ကြေညာခြင်း မရှိသေးပါ။
ကုမ္ပဏီတွင်း "F Brand" ဟု ယာယီအမည် ပေးထားသော မော်ဒယ်အသစ်ကို စည်းစိမ်ကား အမြင့်တန်းဈေးနှုန်းဖြင့် ရောင်းချမည် ဖြစ်သည်။ သို့ဖြစ်ရာ BMW, Mercedes-Benz, Audi တို့ ရှိနေကြသည့် ဈေးနှုန်းအတန်းအစားတွင် F Brand ကို ရောင်းချမည် ဖြစ်သည်။

ပထမဆုံးမော်ဒယ်သည် လမ်းကြမ်း SUV အမျိုးအစားဖြစ်သော်လည်း အခြားအမျိုးအစား စည်းစိမ်ကားမော်ဒယ် စွမ်းအင်သစ်ယာဉ် new energy vehicle (NEV) များကိုလည်း ထုတ်လုပ်မည် ဖြစ်သည်။
BYD ၏ ကားမော်ဒယ်များတွင် Denza နှင့်  Yangwang နှစ်ခုကြားတွင် အနေအထား ရယူမည် ဖြစ်သည်။
အထူးပြု၊ ဝယ်ယူသူ တစ်ဦးချင်း၏ ရွေးချယ်မှုများဖြင့် F Brand ကားကို ထုတ်လုပ်ပေးမည် ဖြစ်သည်။ 

BYD သည် Yangwang အမှတ်တံဆိပ်ကို ဇန်နဝါရီ ၅ ရက်တွင် တရားဝင်မိတ်ဆက်ခဲ့ပြီး လမ်းကြမ်း SUV  Yangwang U8 နှင့် စူပါအိမ်စီးပြိုင်ကား Yangwang U9 တို့ကို နမူနာ ပြသခဲ့သည်။

ပြီးခဲ့သည့်နှစ်တွင် BYD သည် Mercedes-Benz နှင့် ၎င်းတို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Denza တွင် ၎င်း၏ရှယ်ယာများကို တိုးမြှင့်ခဲ့သည်။ ၅၀% မှ ၉၀% သို့ တိုးမြှင့်ခဲ့ရာ Denza သည် BYD ၏ brand အဖြစ်သို့ ရောက်ရှိသွားသည်။
Source cnevpost
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 267 times