မားစီးဒီးဘင့်ဇ် အီးဗီ အစီအစဉ် ပြောင်းလဲကြောင်း ကြေညာချက်ထုတ်ပြန် 


မားစီးဒီးဘင့်ဇ် အီးဗီ အစီအစဉ် ပြောင်းလဲကြောင်း ကြေညာချက်ထုတ်ပြန် 

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

မားစီးဒီးဘင့်ဇ်သည် ၂၀၃၀ ပြည့်နှစ်တွင် ကားမော်ဒယ်အားလုံး အီးဗီများသာ ထုတ်လုပ်မည့် အစီအစဉ်ကို ရုပ်သိမ်းလိုက်ပြီး လက်ရှိ ဆယ်စုနှစ်အကုန် ၂၀၃၀ ပြည့်နှစ်တွင် အီးဗီစစ်စစ်များ၏ ရောင်းအားသည် ကားများအားလုံး ရောင်းအားစုစုပေါင်း၏ ၅၀% အောက်မှာသာ ရှိလိမ့်မည်ဟု ဖေဖော်ဝါရီလ ၂၂ ရက်တွင် အသိပေးကြေညာချက် ထုတ်ပြန်လိုက်ပါသည်။

 

သို့ဖြစ်ရာ အင်ဂျင်ဖြင့်သာ မောင်းနှင်သည့် မားစီးဒီးကားများ ထုတ်လုပ်မည့် နောက်ဆုံးရက် အဖြစ် ၂၀၃၀ ပြည့်နှစ် သတ်မှတ်ထားခြင်းကို ပယ်ဖျက်လိုက်ပြီ ဖြစ်သည်။

 

လက်ရှိအခြေအနေတွင် အီးဗီများ ဝယ်ယူမှု လက်နှေးနေကြသဖြင့် မားစီးဒီးက ဈေးကွက် ရှေ့သို့ ကျွံသွားတော့မည် ဖြစ်သဖြင့် ဘရိတ်အုပ်လိုက်ခြင်း ဖြစ်သည်။ အီးဗီသို့ ကူးပြောင်းသည့် အမြန်နှုန်းကို လျှော့ချလိုက်သည်။

ထို့ပြင် တိုယိုတာ မောင်းနှင်နေသည့် အင်ဂျင်+ ဘက်ထရီ နှစ်မျိုးစပ် ဟိုက်ဘရစ် လမ်းကြောင်းပေါ်မှာ မောင်းနှင်မည် ဖြစ်သည်။ 

အီးဗီမော်ဒယ်များ ရောင်းချသည့် အရေအတွက်သည် ကားများ စုစုပေါင်း ရောင်းအား၏ ၅၀% အောက်မှာသာ ရှိမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ 

သို့ဖြစ်ရာ ၂၀၃၀ ပြည့်နှစ်လွန်ကာလတွင်လည်း အင်ဂျင်ကားများ ဆက်လက်ထုတ်လုပ် ရောင်းချနေဦးမည် ဖြစ်သည်။ 

ပန်းတိုင်အသစ်အရ ၂၀၃၀ ပြည့်နှစ်တွင် လျှပ်စစ်ကားစစ်စစ်နှင့် ဟိုက်ဘရစ် နှစ်မျိုးပေါင်း ရောင်းအားသည် ကားများ စုစုပေါင်း ရောင်းအား၏ အနည်းဆုံး ၅၀% ရှိရန် ရည်မှန်းချက် ချမှတ်သည်။

 Mercedes-Benz သည် အီးဗီသို့ ကူးပြောင်းမှုကို အရှိန်လျှော့ထားလိုက်သည်မှာ မားစီးဒီး၏ အီးဗီများ ရောင်းအား လျော့ကျခြင်းကြောင့် မဟုတ်ချေ။ ၂၀၂၃ ခုနှစ်တွင် ရောင်းအား စံချိန်တင် မြင့်တက်ခဲ့ပါသည်။ အီးဗီ ရောင်းချသည့် စီးရေသည် နည်းနေသဖြင့် ကုမ္ပဏီ ဆက်လက်ရပ်တည်ရန် မဖြစ်နိုင်သောကြောင့်သာ ဖြစ်သည်။

.

မားစီးဒီး ရောင်းအားအတွက် အဓိကျသည့် ဈေးကွက်ဖြစ်သည့် အမေရိကန်ဈေးကွက်တွင် အီးဗီ မော်ဒယ် ၆ မျိုး ရောင်းချသည်။

EQB SUV၊ EQE နှင့် EQS မေည်ဒယ်တို့၏ ဆီဒင်များနှင့် SUV များ၊ ခမ်းနားထည်ဝါသော EQS SUV Maybach တို့ကို ရောင်းချသည်။ 

.

Mercedes-Benz CEO Ola Källenius က အင်ဂျင်ကားမော်ဒယ်များ သူ့သဘောသူဆောင်ပြီး သေဆုံးသွားကြလိမ့်မည်ဖြစ်ပြီး အီးဗီသို့ ကူးပြောင်း ရောက်ရှိအောင် မားစီးဒီးဘင့်ဇ်က ပြုမူမည် မဟုတ်ဟု ပြောကြားသည်။

တနည်းဆိုရသော် Mercedes-Benz အင်ဂျင် ကားများသည် သုံးစွဲသူများ အလိုရှိ‌နေသေးသရွေ့ ဆက်လက်ထုတ်လုပ်နေဦးမည် ဖြစ်သည်။

.

အီးဗီချည်းသာ ထုတ်လုပ်ပြီး ရွေးစရာ မရှိသဖြင့် အီးဗီ ဝယ်ရသည့် အဖြစ်သို့ ရောက်အောင် မလုပ်ဘဲ ဆန္ဒရှိပါက ဓာတ်ဆီ/ဒီဇယ် အင်ဂျင်ကားများ ဝယ်စီးနိုင်ကြစေဖို့ အင်ဂျင်ကားများ ဆက်လက်ထုတ်လုပ်မည်ဟု တိုယိုတာက  ခံယူထားသည်နှင့် အတူတူပင် ဖြစ်ပါသည်။

.

မားစီးဒီးသည် ဟိုက်ဘရစ်လမ်းကြောင်းကို မောင်းနှင်ရန် M252 ဓာတ်ဆီအင်ဂျင်ကို ဂျင်နရေတာအတွက် ဖွံ့ဖြိုး ထုတ်လုပ်ထားသည်။ 

၎င်းအင်ဂျင်သည် မီးစက် ဂျင်နရေတာအဖြစ် အလုပ်လုပ်ပြီး အီးဗီ၏ ဘင်ထရီထုပ်ကို အားဖြည့်ပေးမည် ဖြစ်သည်။ သို့ဖြစ်ရာ ဘက်ထရီ အားပြန်ပြည့်နေမည်ဖြစ်ပြီး ခရီးတာ ပိုဝေးဝေးသွားနိုင်စေမည် ဖြစ်သည်။ အင်ဂျင်သည် ဘက်ထရီအားသွင်းရန် အတွက်သာဖြစ်ပြီး ဘီးများနှင့် မပတ်သက်ချေ။ ဘီးများကို လျှပ်စစ်မော်တာကသာ လှည့်ပေးမည်ဖြစ်သည်။

အကျိုးကျေးဇူးရလဒ်မှာ ဓာတ်ဆီ ရရှိနေသရွေ့ အီးဗီကို ဆက်လက် မောင်းနှင်နေနိုင်မည် ဖြစ်သည်။ 

သွားနိုင်သည့်ခရီးတာ ချဲ့ထွင်ခြင်း range extender အမျိုးအစားတွင် ပါဝင်ပါသည်။

.

Mercedes သည် Modular Mercedes Architecture (MMA) ပလက်ဖောင်းကို ဖန်တီးထားသည်။ MMA သည် အီးဗီနှင့် အင်ဂျင်ကား ၂ မျိုးစလုံးအတွက် အသုံးပြုနိုင်သည်။ 

သို့ဖြစ်ရာ မားစီးဒီးသည် အီးဗီစစ်စစ်၊ ဟိုက်ဘရစ်၊ အင်ဂျင်ကားစစ်စစ် သုံးမျိုးဖြင့် ရှေ့သို့ ခရီးဆက်မည် ဖြစ်သည်။

Source cnevpost 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Read 2809 times