မားစီးဒီး လျှပ်စစ် အကြီးစား ထရပ်ကားများ  အရှေ့တောင်အာရှတွင် စတင် ရောင်းချ


မားစီးဒီး လျှပ်စစ် အကြီးစား ထရပ်ကားများ  အရှေ့တောင်အာရှတွင် စတင် ရောင်းချ

TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U


Mercedes-Benz လျှပ်စစ် အကြီးစား ထရပ်ကား မော်ဒယ် eActros  ကို အရှေ့တောင်အာရှတွင် စတင် ရောင်းချပါသည်။ စင်ကာပူတွင် ပထမဆုံး ဈေးဦးပေါက် ရောင်းချသည့် eActros ကို စင်ကာပူမှ မှာကြားထားသူ Meteorite Logistics Services ထံ ပေးအပ်ခဲ့ပါသည်။ 
Daimler CV SEA က Meteorite Logistics Services ထံ မော်တော်ယာဉ် လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို နိုဝင်ဘာလ ၂၁ ရက်တွင် ကျင်းပခဲ့ပါသည်။

Daimler Commercial Vehicles South-east Asia (Daimler CV SEA) သည် Mercedes-Benz Trucks ၏ မိခင်ကုမ္ပဏီဖြစ်ပါသည်။ တရားဝင် အရောင်းကိုယ်စားလှယ်မှာ Jardine Cycle & Carriage ဖြစ်ပါသည်။

eActros လျှပ်စစ်ထရပ်ကားများကို ၂၀၂၄ ခုနှစ်တွင် အရှေ့တောင်အာရှ နိုင်ငံများ ဖြစ်ကြသည့် ထိုင်း၊ ဖိလစ်ပိုင်နှင့် မလေးရှားတို့တွင် စတင်ရောင်းချမည် ဖြစ်သည်။


အာရှတွင် Daimler CV SEA သည် ဟောင်ကောင်မှာ လျှပ်စစ် အကြီးစား ထရပ်ကား မော်ဒယ် ၃ မျိုး ရောင်းချပါသည်။
• eActros
• Mitsubishi eCanter
• Mercedes-Benz eEconic အမှိုက်သိမ်းထရပ် 
တို့ ဖြစ်ပါသည်။
တောင်ကိုရီးယားတွင် eActros တမျိုးတည်း စတင်ရောင်းချပါသည်။

Mitsubishi ၏ လုပ်ငန်းသုံး မော်တော်ယာဉ် ထုတ်လုပ်ရေး လက်တံကို ၂၀၁၁ ခုနှစ်တွင် Daimler Truck က ဝယ်ယူခဲ့ပြီး ယခုအခါ Mitsubishi eCanter လျှပ်စစ်ထရပ်ကား ထုတ်လုပ်ပါသည်။ 

 eActros သည် Mercedes-Benz ၏ ပထမဆုံး လျှပ်စစ် အကြီးစား ထရပ်ကား ဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် ပွဲထုတ်ပြသခဲ့သည်။ ဒီဇယ်ထရပ်ကား အကြီးစား Actros ကို အင်ဂျင်အစား ဘက်ထရီထုပ်နှင့် မော်တာတို့ဖြင့် မောင်းနှင်သည့် လျှပ်စစ်ထရပ်ကား အကြီးအဖြစ် ထုတ်လုပ်ပြီး မော်ဒယ်အမည်ကို eActros ဟု ခေါ်ဝေါ်ပါသည်။
400 kW လျှပ်စစ်မော်တာ ၂ လုံး သုံးထားပါသည်။ 

eActros 300  မော်ဒယ်တွင် ဘက်ထရီထုပ် ၃ ထုပ်ပါသည်။ ခရီးတာ ကီလိုမီတာ ၃၀၀ ရသည်။ 
eActros 400 မော်ဒယ်တွင် ဘက်ထရီထုပ် ၄ ထုပ် ပါသည်။ ခရီးတာ ကီလိုမီတာ ၄၀၀ ရသည်။

Mercedes-Benz အရောင်းကိုယ်စားလှယ်များသည် ဈေးနှုန်း ဖွင့်ဟ ပြောကြားခြင်း မပြုပါ။ တေ့တေ့ဆိုင်ဆိုင် ဝယ်သည့်အခါကျမှ ဈေးစကား ပြောပါသည်။ 

ပုံမှန်အားဖြင့် လျှပ်စစ်ထရပ်ကားသည် ဒီဇယ်ထရပ်ကားထက် ဈေး ၂ ဆဝန်းကျင် ပေးရပါသည်။

ဥရောပတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စတင်ရောင်းချသည့် eActros 600 သည် တန် ၄၀ တင်ဆောင်ပြီး ခရီးတာ ကီလိုမီတာ ၅၀၀ အထိ သွားနိုင်ပါသည်။ 

Source THE BUSINESS TIMES
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U

Read 1896 times