Mercedes Benz, Audi, BMW, Porsche တို့ကို Huawei က နည်းပညာများ လိုင်စင်ပေး


Mercedes Benz, Audi, BMW, Porsche တို့ကို Huawei က နည်းပညာများ လိုင်စင်ပေး
TO GET INSTANT UPDATE  
Join Telegram Channel
 https://t.me/Guid4U

လွန်ခဲ့သည့် သုံးနှစ်အတွင်း Huawei သည် ၎င်း၏ စမတ်ကားလုပ်ငန်း ယူနစ်ကို တိုးတက်ကောင်းမွန်အောင် သိသိသာသာ မြှင့်တင်ပေးခဲ့သည်။ ယခုအခါ Huawei က ကားနည်းပညာများ သုံးစွဲခွင့် လိုင်စင်ကို ဂျာမန်ကားထုတ်လုပ်သူများဖြစ်ကြသည့် Mercedes Benz, Audi, BMW,  Porsche အပါအဝင် ကားထုတ်လုပ်သူများအား ရောင်းချသည်။ ၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်တွင် မူပိုင်ခွင့်လိုင်စင် သဘောတူညီချက်များ ရရှိခဲ့ကြပါသည်။

ထို့ကြောင့် တစ်နှစ်လျှင် ကမ္ဘာတစ်ဝှမ်းတွင် ကားအစီးရေ သန်း ၇၀ ထုတ်လုပ်ရာတွင် စီးရေ ၁၅ သန်းတွင် လိုင်စင်ရထားသည့် Huawei စမတ်ကားနည်းပညာများ သုံးစွဲထားကြမည်ဖြစ်သည်။

ဂျာမန်ကားထုတ်လုပ်သူများအပြင် Huawei သည် ဂျပန်မှ Subaru ၊ ပြင်သစ်မှ Renault ၊ အီတလီမှ Lamborghini ၊ ယူကေမှ Bentley တို့နှင့်လည်း စာချုပ်ချုပ်ဆိုခဲ့သည်။
 
Huawei သည် Samsung, Oppo, Nokia အစရှိငည့် နည်းပညာလုပ်ငန်းများနှင့်လည်း မူပိုင်ခွင့်လိုင်စင် အပြန်အလှန်ပေးအပ်သည့် နှစ်ရှည် သဘောတူစာချုပ်များ ချုပ်ဆိုထားပါသည်။

အမေရိကန်အစိုးရ၏ ပိတ်ပင်မှု အရေးယူခံထားရသော Huawei သည် မူပိုင်ခွင့်များနှင့် သုတေသနနှင့် ဖွံ့ဖြိုးရေး စွမ်းဆောင်ရည်များကို အသုံးချပြီး အမြတ်အစွန်းများ ရှာဖွေပြီး သုတေသနတွင် ပြန်လည်ရင်းနှီးမြှုပ်နှံပါသည်။

Huawei ၏ ဉာဏပစ္စည်းမူပိုင်ခွင့်ဌာန၏ ကမ္ဘာလုံးဆိုင်ရာအကြီးအကဲ Alan Fan က ကုမ္ပဏီသည် ၂၀၂၂ တွင် အသစ်နှင့် သက်တမ်းတိုး မူပိုင်ခွင့်လိုင်စင် သဘောတူစာချုပ် ခုရေ ၂၀ ကျော်ကို လက်မှတ်ရေးထိုးခဲ့သည်ဟု ပြောကြားပါသည်။ ၎င်းသဘောတူစာချုပ်များမှာ စမတ်ဖုန်းများ၊ စမတ်ကားများ၊ ကွန်ရက်များ၊ အင်တာနက်သုံးပစ္စည်းများအတွက် နည်းပညာများအတွက် ဖြစ်ပါသည်။
Huawei သည် မော်တော်ယာဉ်ကဏ္ဍတွင် ထိပ်တန်းကားထုတ်လုပ်ရေးလုပ်ငန်း ၁၅ ခုကျော်နှင့်  မူပိုင်ခွင့်လိုင်စင် သဘောတူစာချုပ်များ ရေးထိုးခဲ့ပါသည်။ 

Huawei သည် တရုတ်ပြည်တွင်း အီးဗီထုတ်လုပ်မှုတွင် ပါဝင်လုပ်ကိုင်လျက်ရှိရာ လောလောဆယ်တွင် အမြတ်အစွန်း မရရှိသေးပါ။ 
Huawei Smart Car Business Unit ၏ စီအီးအို  Yu Chengdong က ကားလုပ်ငန်းဌာနသည် ၂၀၂၅ ခုနှစ်ကျမှ အမြတ်အစွန်း ရနိုင်လိမ့်မည်ဟု ပြောကြားပါသည်။
Source huaweicentral
TO GET INSTANT UPDATE  
Join Telegram Channel 
https://t.me/Guid4U

Read 242 times