Mercedes-Benz မော်ဒယ်အသစ် 350 e ထိုင်းတွင် ထုတ်လုပ်ရောင်းချ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Mercedes-Benz သည် ပလပ်ထိုးဟိုက်ဘရစ် C 350 e မော်ဒယ်ကို ထိုင်းနိုင်ငံတွင် ထုတ်လုပ်ရောင်းချပါသည်။
C-Class မော်ဒယ်များထဲမှာ ပထမဆုံးအဖြစ် C 220 d ကို ထုတ်လုပ်ခဲ့ပြီး ၂၀၂၂ မတ်လမှာ ကျင်းပခဲ့သည့် Bangkok Motor Show မှာ ပြသခဲ့ပါသည်။ အောက်တိုဘာလမှာ C-Class မော်ဒယ်များထဲမှ ဒုတိယမြောက်အဖြစ် C 350 e ကို ထိုင်းနိုင်ငံတွင် စတင်ထုတ်လုပ်ခဲ့ပါသည်။
Mercedes-Benz (Thailand) ရဲ့ အဆိုအရ C 180 ကဲ့သို့သော ပုံမှန်ဓာတ်ဆီအင်ဂျင်မော်ဒယ်များကို ထိုင်းဈေးကွက်မှာ မရောင်းပါ။
ထိုင်းဈေးကွက်မှာ C 220 d Avantgarde ကို ၂,၇၃၀,၀၀၀ ဘတ်ဖြင့် ရောင်းချပြီး AMG Dynamic ကို ၂,၉၉၀,၀၀၀ ဘတ်ဖြင့် ရောင်းချပါသည်။
C 350 e ကို ၃,၃၅၀,၀၀၀ ဘတ်ဖြင့် ရောင်းချပါသည်။ ဈေးပိုကြီးပါသည်။
BMW 330e ၏ ရောင်းဈေးမှာ ၂,၉၄၉,၀၀၀ ဘတ် ဖြစ်သဖြင့် C 350 e က ဈေးပိုကြီးပါသည်။
C 350 e သည် ပလပ်ထိုး အမျိုးအစားဖြစ်သဖြင့် လျှပ်စစ်ပါဝါဖြင့် အပြည့်အဝ မောင်းနှင်နိုင်ပြီး ခရီးတာ ၁၀၀ ကီလိုမီတာအထိ ရပါသည်။
BMW 330e သည် ၃၅ ကီလိုမီတာအထိသာ ရပါသည်။
C 350 e တွင် စတုတ္ထမျိုးဆက် လစ်သီရမ်အိုင်ယွန်ဘက်ထရီ သုံးထားပြီး 25.4kWh အထိ ရနိုင်ပါသည်။ 11kW AC ဖြင့် အားသွင်းလျှင် ၂ နာရီအထိ ကြာပြီး 55kW DC ဖြင့် အားသွင်းလျှင် မိနစ် ၃၀ အထိ ကြာပါသည်။
၁၉၉၀ ပြည့်လွန်နှစ်များတွင် C-Class ကို ထုတ်လုပ်ခဲ့ရာ၌ 190 E "Baby Benz" ကို အစားထိုးခဲ့ပါသည်။ ယခုအခါ "Baby S-Class" အဆင့်အတန်းသို့ မြှင့်တင်ထားပါသည်။
C-Class ဆလွန်းကား အသစ်မော်ဒယ် အရွယ်အစားမှာ အလျား 4,751mm ၊ အကျယ် 1,820mm ၊ အမြင့် 1,442mm ၊ ခါးလျား wheelbase 2,865mm ရှိပါသည်။
ယာဉ်နောက်ဘက် ပစ္စည်းတင်ရန်နေရာမှာ C 220 d ထက် C 350 e က ကျဉ်းပါသည်။ ဘက်ထရီထုပ်များက နေရာဖဲ့ယူထားသောကြောင့် ဖြစ်ပါသည်။ C 350 e တွင် 315 litres မျှသာ ရှိပါသည်။ ဒီဇယ်အင်ဂျင် သုံးထားသည့် C 220 d တွင် 455 litres ရှိပါသည်။
Source Bangkokpost